1 2 3 4 5 အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Thursday, 29 November 2012

လူတစ်ယောက်ကို ချစ်တဲ့အခါ

ချစ်သူ နှစ်ဦး အလုပ်ဆင်းတဲ့အခါ စားသောက်ဆိုင်တစ်ဆိုင်မှာ စားဖို့။
Shopping တူတူထွက်ဖို့ ချိန်းဆိုထားတယ်။ ကောင်မလေးက အလုပ်မှာ
အစည်းအဝေး က ထင်တာထက် ပိုကြာသွားလို့နောက်ကျတယ်။ သူတို့ချိန်း
ထားတဲ့နေရာကို ရောက်ဖို့ မိုးရေထဲမှာ အပြေးအလွား ပြေးခဲ့ပေ

မယ့်
ရောက်တဲ့အခါ မိနစ် ၃၀ တိတိ နောက်ကျလို့နေပြီ။
ကောင်လေး က စိတ်ဆိုးပြီး အသံမာမာနဲ့
`ချိန်းလိုက်တိုင်း ဒီလိုပဲ နောက်ကျနေမယ် ဆိုရင် နောက်ဆို ငါ
နင့်ကို မစောင့်တော့ဘူး´
အဲ့ဒီ့ တဒင်္ဂလေးမှာ ကောင်မလေး ငိုမိတယ်။ မျက်နှာပေါ်က မိုးရေစက်
တွေကြောင့် ကောင်လေး က သတိထားမိပုံမရဘူး။
ကောင်မလေး စိတ်ထဲမှာ... `ငါတို့တွေ ရှေ့ဆက်ပြီးလက်တွဲဖို့ဖြစ်နိုင်ပါ့မလား´


ဒီအချိန်။ ဒီနေရာ။ တခြား ချစ်သူနှစ်ဦး ချိန်းတွေ့ကြတယ်။
ကောင်မလေး က ချိန်းဆိုထားတဲ့နေရာကိုရောက်တော့ မိနစ် ၃၀ တိတိ
နောက်ကျတယ်။ ကောင်လေးက ပြောတယ်။
`နင် ဒီနေ့ အလုပ်မှာ အလုပ်တွေ အရမ်းများနေပြန်ပြီထင်တယ်...
ရော့..ရေအရင်သောက်လိုက်... နင့်ကြည့်ရတာ မောနေတယ်´
ရေဘူး ကိုလှမ်းပေးပြီး ကောင်မလေး မျက်နှာပေါ်က မိုးရေစက်တွေကို
သုတ်ပေးတယ်။ ပြီးတော့ သူ့ကိုယ်ပေါ်က အနွေးထည်ကို ကောင်မလေးကို
ခြုံပေးလိုက်တယ်။ အဲ့ဒီ့ တဒင်္ဂလေး အတွင်းမှာ ကောင်မလေး ငိုမိတယ်။
ခပ်မြန်မြန်သုတ်ပစ်လိုက်တဲ့ အတွက် ကောင်လေး မမြင်လိုက်ဘူး။
သူမ ရဲ့ မျက်ရည်တွေက ၀မ်းသာလို့ကျတဲ့ မျက်ရည်တွေ၊


လူတစ်ယောက်ကို ချစ်တဲ့အခါ

နားလည်ပေးယုံတင် မကဘူး၊ ကိုယ်ချင်းစာကြည့်ဖို့လည်းလိုတယ်။
ပါးစပ်က တောင်းပန်ရုံ နဲ့ မလုံလောက်ဘူး။ ရင်ထဲက ပါရတယ်။
အမှားကို ၀န်ခံရုံနဲ့ မပြီးဘူး။ အမှားကို ပြင် နိုင်ရမယ်။
အားပေး ထောက်ခံနေရုံနဲ့ မလုံလောက်ဘူး၊ ကိုယ်တိုင်ပူးတွဲပါဝင်ရတယ်။
မေးစရာတွေကို မေးနိုင်ပေမယ့်၊ သံသယ တွေပါတဲ့ မေးခွန်းတွေ မဖြစ်ရဘူး။

တစ်ယောက်နဲ့ တစ်ယောက်
ကိုယ်ဖြစ်ချင်တာ ကို အပြိုင်အဆိုင်တောင်းဆိုနေတာထက်၊
တစ်ယောက်နဲ့ တစ်ယောက်
မတူညီ မှု တွေကို တဖြည်းဖြည်း တူညီအောင် ညှိနှိုင်းကြရအောင်။
သိုးငယ် FB အချစ်ဝတ္ထုများ (၁၅၀၀)

အချစ်စမ်းတယ်..........အဟုတ်

ချစ်သူ ဖြစ်တာ ရက်ပိုင်းပဲ ရှိသေးတဲ့ သူနဲ့ ကျွန်မ
shopping ထွက်တုန်း အင်္ကျီတစ်ထည်ကို တော်တော်လေး ကြိုက်မိတယ်။
အင်္ကျီပေါ်က ဈေးနှုန်းကို ကြည့်လိုက်တော့ တော်တော်လေးကို ဈေးကြီးနေတယ်။
ကျွန်မ မသိမသာ ပြန်ချထားလိုက်ပေးမယ့် သူက ကျွန်မကို
` သွား...စမ
်းပြီး ၀တ်ကြည့်လိုက်ပါလား... ´
အင်္ကျီနဲ့ အတူ ကျွန်မ ကိုအ၀တ်လဲတဲ့အခန်းထဲ အတင်းတွန်းပို့တယ်။
အင်္ကျီလဲပြီး ထွက်လာတော့ သူက
` ချစ်နဲ့ အရမ်းလိုက်တာပဲ...´
ပြောပြီးတာနဲ့ သူ့ မျက်လုံးတွေက ဘေးပတ်ဝန်းကျင်
ကို အကဲခတ်လိုက်တယ်။
`ချစ်...ဆိုင်ထဲမှာ ဘယ်သူမှ မရှိတုန်း ကိုယ်တို့ပြေးရအောင်´

ကျွန်မ ငြင်းဖို့ အချိန်တောင် မရလိုက်ပါဘူး။ သူ ကျွန်မ လက်ကို အတင်းဆွဲပြီး
ပြေးတော့တာပါပဲ။ ကျွန်မ သူ့နောက်ကို တကောက်ကောက်ပါသွားတယ်။ အင်္ကျီ ဆိုင်နဲ့
တော်တော်လေး ဝေးတော့ ကျွန်မ သူ့လက်ကို အတင်းဆွဲဖြုတ်ပြီး အော်ငိုမိတယ်။
သူက ကျွန်မ ကိုကြည့်ပြီး အသံမာမာနဲ့
`ဘာလုပ်နေတာလဲ...ပြေးမယ်လေ...တော်ကြာအဖမ်းခံနေရအုံးမယ်´
ကျွန်မ မြေကြီးပေါ်ကို ထိုင်ချပြီး အကျယ်ကြီး အော်ငိုတော့တာပါပဲ။ ဘာလို့များ
ကျွန်မ ချစ်တဲ့သူက ခုလိုမျိုး....။
သူ ကျွန်မ ကိုကြည့်ရင်းနဲ့ အားရပါးရ ရယ်တယ်။ သူ ရယ် လို့ ၀သွားမှ

`ချစ်... ထတော့... ကိုယ်မင်းကို စတာ... ခုနက ချစ် အင်္ကျီသွားလဲတုန်းက အင်္ကျီဖိုး
ပေးပြီးသွားပြီ´
သိုးငယ်FB အချစ်ဝတ္ထုများ(၁၅၀၀)

နင်...ပြောတော့

ကျွန်မ တိတ်တခိုး တစ်ဖက်သက် ချစ်နေတဲ့ သူ မင်္ဂလာဆောင်တော့မယ့် သတင်းကို
ကြားလိုက်ရတော့ ကျွန်မ ရူးမတတ်ခံစားရတယ်။ နှစ်တွေတော်တော်ကြာခဲ့ပြီပဲ။
ကျွန်မ ဟာ သူ့အတွက် အခင်ဆုံး သူငယ်ချင်းတစ်ယောက်သာ ဖြစ်ခဲ့တယ်။ သူ့ ဇနီးလောင်း
အတွက် မင်္ဂလာလက်စွပ်ကို ၀ယ်ဖို

့ ကျွန်မ ရွေးချယ်ခိုင်းပြန်တယ်။ အပြုံး ဆိုတာထက်
မငိုမိအောင်ပဲ ကျွန်မ မနည်းကြိုးစားယူရတယ်။ ကျွန်မ အကြိုက်ဆုံး တစ်ခုကို ရွေးချယ်ပေးမိတယ်။
`ဒါ လေး မဆိုးဘူး´
`နင် ၀တ်ကြည့်ပါလား´
`အင်း...´
`ကွက်တိပဲ... အရမ်းလှတယ်´
ကျွန်မ လက်စွပ်ကို ချွတ်ဖို့လုပ်တဲ့အချိန် သူက ကျွန်မလက်ကို ဖမ်းဆုတ်လိုက်တယ်။
`လက်စွပ်ကို တသက်လုံး ပြန်ချွတ်ခွင့် နင့်မှာ မရှိတော့ဘူး´

ကျွန်မ မှင်သက်သွားတယ်။ ဒီလ ဟာ ကျွန်မ မွေးနေ့လည်း မဟုတ်ပါဘူး။

`နင်...ပြောတော့ နင့် ဇနီးလောင်း အတွက်ဆို...´

`အင်း.....အဲ့ဒါ နင်ပဲလေ´
သိုးငယ် FB အချစ်ဝတ္ထုများ (၁၅၀၀)

`မိခင်ရဲ့မေတ္တာကို ဖုံးကွယ် ဖို့လိုအပ်လို့လား´


တအိမ်သားလုံးမျှော်လင့်နေတဲ့ သားလေး မွေးဖို့ရက်ကိုရောက်လာခဲ့တယ်။
မွေးခန်းထဲကိုရောက်တော့ ဆရာဝန် အသက်ပြင်းပြင်းရှူ လိုက်တယ်။ သားလေး အပြင်ကို
ရောက်လာတော့ ဆရာဝန်နဲ့အတူ သူနာပြုတွေ အကုန်လုံး အသံတိတ်ဆိတ်သွားတယ်။

`မြန်မြန်..မြန်မြန်....ကလေးကို သီးသန့်အခန်းငယ် (incubator ) ထဲပို့ထားလိုက်´

ဆရာဝန်ရဲ့ တုံ့ပြန်မှုမြန်တယ်လို့ပြောရမယ်။ ကလေး မွေးမွေးပြီးချင်း မိခင်တစ်ယောက်က
သွေးနုသားနု။ ခံစားချက်ပြင်းပြင်းတွေ မပေးချင်ခဲ့ပါဘူး။ ခပ်မြန်မြန် ချက်ကြိုးကိုဖျက်ပြီး အနှီးနဲ့
ပတ်ကာ သူနာပြုဆရာမလေးလက်ထဲကို ထည့်ပေးလိုက်တယ်။

နောက် တစ်လ လုံးလုံး ကလေးကို နို့တိုက်ချိန်ရောက်တိုင်း ကလေး က (မေမေ အသစ်) တွေရဲ့ ရင်ခွင်ထဲမှာ။
ဒါပေမယ့် ကလေးကို သူ့အမေရင်း မြင်ခွင့်မရခဲ့ပါဘူး။

`ကလေး က အသည်းရောင်အသားဝါ ဖြစ်နေတယ်... အခု ကြည့်ခွင့်ရမှာမဟုတ်ဘူး´
အကုန်လုံး သူမ ကို ဖုံးကွယ်ထားတယ်။ ဘယ်တော့ သူမ ကလေးကို သူမကြည့်ခွင့်ရမလဲ
ဆိုတာကိုတော့ တချိန်လုံးမေးနေတော့တာပါပဲ။

ဒီလိုနဲ့ တစ်လ ကုန်ဆုံးသွားတယ်။ ထပ်ပြီး လိမ် နေလို့မဖြစ်တော့ဘူး။ ကလေး အမေနဲ့
ကလေး ကိုပေးတွေ့ဖို့ အရေးကို အကုန်လုံးစိတ်လှုပ်ရှားနေတယ်။ ဆရာဝန်ရော သူနာပြု
တွေပါ အဆိုးဆုံးအခြေအနေကိုထည့်တွက်ထားတယ်။
သူမ အသံကျယ်ကြီးနဲ့ အော်ငိုမယ်၊ ပြီးတော့ လဲကျသွားမယ်၊ အဲ့ဒီ့အခါ သူမအတွက် အဆင့်သင့်
အရေးပေါ် ကုတင်တစ်လုံးကို အသင့်ပြင်ထားတယ်။

နောက်ဆုံး သူမ ကလေးကို ပွေ့ချီလိုက်တော့ ကလေးက လက်နှစ်ဖက် ပါမလာဘူး။
ခြေထောက်နှစ်ဖက် လည်းမပါဘူး။ တခြားကလေးတွေနဲ့ ယှဉ်လိုက်ရင် ကလေးက သေးသေးလေး။
သူမ အချိုမြိန်ဆုံး ပြုံးလိုက်တယ်။
`ကြည့်စမ်းပါအုံး.. ကျွန်မ သားလေးက ချစ်ဖို့ကောင်းလိုက်တာ´


(`မိခင်ရဲ့မေတ္တာကို ဖုံးကွယ် ဖို့လိုအပ်လို့လား´ ဆိုပြီး ခေါင်းစဉ် တပ်ထားတာပါ။ ကျွန်တော်က
ခေါင်းစဉ်ကို နောက်ဆုံးမှ ပြန်တပ် ပေးလိုက်တယ်၊ အမေဆိုတာ... ကျွန်တော်တို့အတွက်တော့.....)
အချစ်ဝတ္ထုများ-(၅၂၈)

မင်္ဂလာစု စာအုပ်

မင်္ဂလာစု စာအုပ်
____________

အိမ်ထောင်ကျပြီးသူရော၊ မကျသေးသူတွေအတွက် ငွေစုစာအုပ်လေးတစ်အုပ် လက်ဆောင်ပေးလိုက်ပါတယ်။ အဲဒီ စာအုပ်က ငွေကြေးစုဖို့မဟုတ်ပါဘူး။ ကိုယ်ရဲ့ ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်း၊ အမှတ်တရတွေ စုဖို့အတွက်ဖြစ်တယ်။ ဖတ်မိတဲ့ စာလေးတစ်ပုဒ်ကို ဘာသာပြန်မျှဝေလိုက်ပါတယ်။

ကျွန်မ မင်္ဂလာဆောင်တဲ့နေ့က မင်္ဂလာလက်ဖွဲ့အဖြစ် ငွေစုစာအုပ်တစ်အုပ်ကို မေမေက လက်ဆောင်ပေးခဲ့တယ်။ ကျွန်မအတွက် အမွေများလားပေါ့။ စာအုပ်ကို ဖွင့်ကြည့်တော့ စုထားတဲ့ငွေက ကျပ် ၁ဝဝဝပဲရှိတယ်။ မျှော်လင့်ချက်မဲ့တဲ့ မျက်လုံးနဲ့ မေမေကို ကျွန်မကြည့်မိတော့ မေမေက ပြုံးရင်း “သမီး... ဒါ သမီးအတွက် မေမေအထူးလုပ်ထားတဲ့ “မင်္ဂလာစု”စာအုပ်လေးပါ။ နောင်နောက် အမှတ်တရဖြစ်စေတဲ့နေ့မျိုးမှာ ဒီစာအုပ်ထဲ ငွေနည်းများမဆိုစုနိုင်ပါတယ်။ ဒါမှ နောင်အိုမင်းလာတဲ့အခါ ဒီစာအုပ်ထဲမှာ ငွေတွေအပြင် ပျော်ရွှင်ခြင်းတွေပါရှိနေလိမ့်မယ်” လို့ပြောပါတယ်။

မေမေပြောတဲ့စကားကို ကျွန်မ အမှတ်တမဲ့ပဲ ထားလိုက်မိတယ်။ ကျွန်မ အမျိုးသားက အဲဒီစကားကို ခေါင်းတညိတ်ညိတ်နဲ့ မှတ်သားနေခဲ့ပါတယ်။

မင်္ဂလာဆောင်ပြီးနောက် အမျိုးသားက စာအုပ်ထဲ ကျပ် ၅ဝဝ နှစ်ကြိမ် စုလိုက်တယ်။ တစ်ကြိမ်က သူရာထူးတိုးတဲ့အတွက်ဖြစ်ပြီး နောက်တစ်ကြိမ်က ကျွန်မ ခွဲစိတ်ခန်းက ထွက်တဲ့နေ့ဖြစ်တယ်။ အဲဒီတုန်းက အမျိုးသားရဲ့အပြုအမူကို ကျွန်မရယ်မောခဲ့မိတယ်။ ဒါပေမယ့် စိတ်ထဲမှာတော့ ကြည်နူးမိပါတယ်။ ကျွန်မ ကျန်းမာလာတဲ့နေ့ကို သူ့ရဲ့ပျော်ရွှင်တဲ့နေ့အဖြစ် သတ်မှတ်ခဲ့လို့ပါပဲ။

သိပ်မကြာဘူး... ကျွန်မ ကိုယ်ဝန်ရှိလာတယ်။ အဲဒီအတွက် ကျွန်မ ငွေ၂ဝဝဝကျပ် စုလိုက်တယ်။ အဲဒီနောက် မွေးဖွားလာတဲ့ ရင်သွေးငယ်လေး သယ်ဆောင်လာခဲ့တဲ့ပျော်ရွှင်မှုက ကျွန်မတို့အတွက် တိုတောင်းခဲ့ပါတယ်။ ကျွန်မတို့ကြားထဲ ငြင်းခုန်ရန်ဖြစ်မှုနဲ့ အေးစက်မှုက မြန်မြန်ဆန်ဆန် ရောက်လာခဲ့တယ်။ လျှော်လို့မကုန်နိုင်တဲ့ အနှီးတွေ၊ တိုက်လို့မကုန်နိုင်တဲ့နို့တွေက ကျွန်မတို့ရဲ့ခံစားမှုကို ဆိုးသထက် ဆိုးဝါးလာစေခဲ့တယ်။ မေမေ လက်ဆောင်ပေးခဲ့တဲ့ “မင်္ဂလာစု” စာအုပ်က အံဆွဲတစ်နေရာမှာ ကျွန်မတို့ရဲ့ မေ့လျှော့ခြင်းကိုခံခဲ့ရတယ်။ စာအုပ်ထဲက ပျော်ရွှင်ခြင်းကိန်းဂဏန်းက နဂိုနေရာမှာတင် ရပ်တန့်နေခဲ့ပါတယ်။

ကွာရှင်းဖို့အတွက် ကျွန်မတို့ ပြင်ဆင်ကြတော့ မေမေက “အဲဒီစာအုပ်ထဲက ငွေကို သမီးတို့ အရင်ဖြုန်းပြီးမှ ကွာရှင်းကြပါ။ စာအုပ်ထဲက ငွေကသိပ်မများပေမယ့် အဲဒီငွေက သမီးတို့နှစ်ယောက်လုံး ပိုင်တဲ့ငွေဖြစ်တယ်” လို့ပြောတယ်။

စာအုပ်ထဲက ငွေ ၁ဝဝဝကို ကျွန်မထုတ်ယူလိုက်တယ်။ လိုချင်တာ ကြာနေပြီဖြစ်တဲ့ အဝတ်အစားထုပ်တွေကိုကိုင်ဆွဲရင်း ကုန်တိုက်ထဲကနေ ကျွန်မထွက်လာခဲ့တယ်။ ကုန်တိုက်တံခါးဝအရောက် အရောင်းစာရေးမဆီ ကျွန်မပြန်လှည့်လာပြီး “ဆောရီးပဲ... ဒီပစ္စည်းတွေ ကျွန်မ မယူတော့ဘူး။ ပိုက်ဆံပြန်အမ်းပေးပါ” လို့ တောင်းဆိုလိုက်တယ်။

ခေါင်းထဲမှာလည်း ဒီငွေ ၁ဝဝဝ ဟာ ငါတို့ရဲ့ မင်္ဂလာတွေ၊ အမှတ်တရနေ့တွေ၊ အပျော်တွေစုထားတဲ့ ငွေဖြစ်တယ်လို့ ချက်ချင်းတွေး လိုက်မိတယ်။

ကျွန်မ အမျိုးသားက အရှက်ကြီးသူ တစ်ယောက်ဖြစ်တယ်။ ဒါပေမယ့် တစ်ခါက လမ်းမပေါ်မှာ “ငါနင့်ကိုချစ်တယ်” လို့ အော်ပြောခဲ့ဖူးတယ်။ အဲဒီအတွက် ကျွန်မ ငွေတစ်ရာ စုခဲ့တယ်။

ကျွန်မရဲ့ မွေးနေ့ကို သူမှတ်မိတယ်။ ကျွန်မရဲ့ ဖိနပ်အတိုင်း၊ ကျွန်မရဲ့ လျှို့ဝှက်နံပါတ်နဲ့ ကျွန်မ ကြောက်တတ်တဲ့ အရာအားလုံးကို သူမှတ်မိနေတယ်။ အဲဒီအတွက် မွေးနေ့တုန်းက ကျွန်မ ၃ဝဝကျပ် စုခဲ့တယ်။

မိန်းမတွေနဲ့ သူကင်းရှင်းတယ်။ ရေလာမြောင်းပေးလုပ်တဲ့ သူ့လက်အောက်က ဝန်ထမ်းမလေးတွေနဲ့ သူကင်းကင်းရှင်းရှင်း နေခဲ့တယ်။ အခွင့်အရေး မပေးခဲ့ဘူး။ အဲဒီအတွက် ကျွန်မ ၅ဝဝကျပ် စုခဲ့တယ်။

ဒီငွေ ၁ဝဝဝထဲမှာ အပျော်တွေ ဒီလောက်စုမိနေပါလား? ဒီလိုဆိုရင် စာအုပ်ထဲစုထားတဲ့ ငွေ နှစ်သောင်းကျော်ထဲမှာ .... ကျွန်မမျက်လုံးထဲ မျက်ရည်တွေ ပြည့်လျှံလာခဲ့တယ်။

ညနေအိမ်ပြန်ရောက်တော့ စာအုပ်ကို သူ့လက်ထဲ ထိုးအပ်လိုက်ပြီး “ ဒီထဲကငွေတွေ အမြန်သုံးလိုက်၊ သုံးကုန်မှ ကွာရှင်းမယ်” လို့ ကျွန်မပြောလိုက်တယ်။

နောက်တစ်ရက်ညမှာ ကျွန်မလက်ထဲ ငွေစုစာအုပ်ကို သူပြန်အပ်ပါတယ်။ ကျွန်မ ဖွင့်ကြည့်တော့ ငွေတွေလျှော့မသွားတဲ့အပြင် ၁ဝဝဝကျပ် ထပ်တိုးလာခဲ့တယ်။

“ဒီထဲက ငွေတစ်ကျပ်တစ်ပဲဟာ ငါတို့အတူ ကျော်ဖြတ်ခဲ့တဲ့လမ်းကို မှတ်သားထားတယ်။ ငါနင့်ကို အဲလောက်တောင် ချစ်ခဲ့မှန်း ကိုယ့်ကိုယ်ကိုပြန်သတိထားမိလို့ ငွေ ၁ဝဝဝ ငါထပ်စုလိုက်တယ်” လို့ သူက ပြောပါတယ်။

မေမေပြောတဲ့စကားတွေ မှန်ခဲ့ပါတယ်။ အချစ်ဆိုတာ လက်ထပ်ဖို့အတွက် ဖွင့်ခဲ့တဲ့ အကောင့်နံပါတ်ဖြစ်တယ်။ လက်ထပ်ပြီးနောက် လင်မယားကြားမှာရှိတဲ့ အမှတ်တရ၊ ပျော်ရွှင်ခြင်းတွေ၊ ရိုမန်တစ်ဖြစ်ရပ်... ဒါတွေအားလုံးကို ဒီအကောင့်ထဲ စုထည့်ဖို့ဖြစ်တယ်။ ဒီလို နေ့နေ့၊ လလ အပျော်တွေစုတဲ့ အစုစာအုပ်လေးသာရှိခဲ့ရင် ဘယ်လောက်ပဲ ဆင်းရဲတဲ့လက်ထပ်ခြင်းမျိုး၊ ပင်ပန်းတဲ့လက်ထပ်ခြင်းမျိုး ဖြစ်နေခဲ့ပါစေ အခက်အခဲ အားလုံးကို ကျော်ဖြတ်နိုင်မယ်လို့ ကျွန်မယုံကြည်မိပါတယ်။

နိုင်းနိုင်းစနေ (Sunday, October 05, 2008)
.

Friday, 16 November 2012

(ရင်နင့်စေသော စာစုလေးများ)


(ရင်နင့်စေသော စာစုလေးများ)
တစ်ခါတုန်းက လူတစ်ယောက်ဟာ အိမ်ကို နောက်ကျစွာပြန်ရောက်လာခဲ့တယ် ။ ပြီးတော့ အိမ်ရှေ့မှာ ငါးနှစ်အရွယ်သားလေးကစောင့်နေတာတွေ့လိုက်ရတဲ့အတွက်နည်းနည်းစိတ်အနှောက်အယှက်ဖြစ်သွားတယ် ။ သားဖြစ်သူကမေးတယ် ။

သား - အဖေ ကျွန်တော်အဖေ့ကို မေးခွန်းတစ်ခုလောက်မေးလို့ရမလား
အဖေ - ရတာပေါ့ ဘာများလဲ

သား - အဖေ တစ်နာရီအတွင်းမှာ ပိုက်ဆံဘယ်လောက်ရသလဲ ဟင်
အဖေ - အဲဒါသားအလုပ်မဟုတ်ပါဘူး ဘာလို့ ဒီလို မေးခွန်းမျိုးမေးရတာလဲ ( ဖခင်က စိတ်ဆိုးစွာနဲ့ပြန်ပြောလိုက်တယ် )

သား - ကျွန်တော်သိချင်ယုံလေးပါ အဖေ ကျွန်တော့်ကိုပြောပြပါ အဖေ တစ်နာရီအတွင်းမှာ ပိုက်ဆံဘယ်လောက်ရသလဲဟင်
အဖေ - အေးလေသိမှဖြစ်မယ်ဆိုရင်လည်းပြောမယ် တစ်နာရီကို ပိုက်ဆံ ၁၀၀ ရတယ်

သား - အိုး . . ( သားဖြစ်သူခေါင်းငိုက်စိုက်ကျသွားတယ် ) အဖေ ကျွန်တော့်ကို ပိုက်ဆံငါးဆယ်လောက်ချေးလို့ရမလားဟင်
ဖခင်ဖြစ်သူက ဒေါသအရမ်းထွက်သွားပြီးပြောတယ် “ မင်းငါ့ကိုမေးတဲ့ရည်ရွယ်ချက်က ကစားစရာအရုပ်ဝယ်ဖို့ မုန့်ဝယ်စားဖို့ ပိုက်ဆံလိုချင်လို့ တောင်းတာမဟုတ်လား သွား အခု ကိုယ့်အခန်းကိုယ်ပြန်ပြီးအိပ်တော့ မင်းဟာ သိပ်တစ်ကိုယ်ကောင်းဆန်တဲ့သားတစ်ယောက်ပဲ အဖေဖြစ်သူကအလုပ်က ပင်ပန်းလာတယ် ဘယ်လောက်နေ့တိုင်းခက်ခက်ခဲခဲအလုပ်လုပ်နေရတယ်ဆိုတာမသိဘူး ကလေးဆန်ဖို့ပဲသိတယ် ” လို့ ကြိမ်းမောင်းလိုက်တယ် ။

သားဖြစ်သူက တိတ်ဆိတ်စွာပဲ အခန်းထဲ ၀င်သွားပြီး တံခါးကိုပိတ်လိုက်တယ် ။

အဖေဖြစ်သူက ထိုင်ခုံမှာ ထိုင်ချလိုက်ပြီး ဒေါသတွေဆက်ထွက်နေခဲ့တယ် ဘာလို့ သူ့သားက ဒီလို ဒေါသထွက်စေတဲ့မေးခွန်းမျိုးမေးရသလဲဆိုတာကိုပေါ့ “ ငါ့ဆီက ပိုက်ဆံလိုချင်ယုံသက်သက်နဲ့ ဘာလို့ ဒီလိုမေးခွန်းမျိုးမေးရဲရတာလဲ ”

ဒီလိုနဲ့တစ်နာရီလောက်ကြာပြီးတဲ့အခါ ဖခင်ဖြစ်သူ စိတ်ဟာ တဖြည်းဖြည်းဒေါသတွေပြေလာတယ် ပြီးတော့ စပြီးတွေးတယ် ။ “ အင်း သားဟာ တကယ်ပဲ သူလိုအပ်တဲ့အရာဝယ်ဖို့ ငါ့ဆီက ပိုက်ဆံငါးဆယ်ချေးတာလဲဖြစ်နိုင်တာပဲ သူဒီလိုမေးခွန်းမျိုးအရင်က မမေးဖူးပါဘူး ” ဒီလိုနဲ့ ဖခင်ဖြစ်သူဟာ သားရဲ့အခန်းရှေ့မှာ ရပ်ပြီး တံခါးခေါက်လိုက်တယ် ။

“ သားအိပ်ပြီလား ” “ ဟင့်အင်းအဖေ သားနိုးနေတယ် ” ကောင်လေးကပြန်ဖြေတယ် ။ ဖခင်ဖြစ်သူက အခန်းထဲဝင်လာပြီးသားကိုပြောတယ် ။ “ ဒီလိုသားရဲ့ အဖေ စောနတုန်းက သားအပေါ် မာမာထန်ထန်ဆက်ဆံမိတာပါ အဖေအလုပ်အရမ်းပင်ပန်းနေတာလည်းပါတယ်လေ တကယ်ဆို အဖေသားကိုဒေါသမထွက်သင့်ဘူးမဟုတ်လားကဲရော့သားလိုတဲ့ငွေငါးဆယ် ” ဆိုပြီးဖခင်က ငွေငါးဆယ်ထုတ်ပေးလိုက်တယ် ။

သားဖြစ်သူက မတ်တပ်ရပ်လိုက်တယ် ပြီးတော့ပြုံးလိုက်တယ် “ အိုး...ကျေးဇူးတင်လိုက်တာအဖေ ” ပြီးတော့ သူ့ခေါင်းအုံးအောက်ကနေ ကြေမွနေတဲ့ ပိုက်ဆံအကြွေလေးတွေထုတ်လိုက်တယ် ။ အဖေဖြစ်သူက သားမှာ ပိုက်ဆံရှိနေသေးတာတွေ့သွားတယ် ပြီးတော့ စတင်ပြီး ဒေါသပြန်ထွက်လာခဲ့တယ် ။ ကောင်လေးက ပိုက်ဆံတွေကို ဖြည်းဖြည်းချင်းရေတွက်နေတယ် ပြီးတော့ သူ့အဖေ မျက်နှာကိုကြည့်လိုက်တယ် ။

“ မင်းမှာ ပိုက်ဆံအရင်ကတည်းကရှိနေသေးတာကို ဘာလို့ နောက်ထပ်လိုချင်နေသေးတာလဲ ” ဖခင်ဖြစ်သူက ဒေါသတကြီးမေးလိုက်တယ် ။

“ သားမှာ ငွေမလုံလောက်သေးလို့ပါ ဒါပေမယ့်အခုလောက်ပါပြီ ” ကောင်လေးကပြန်ပြောတယ် ။

“ အဖေ သားမှာ အခုငွေတစ်ရာရှိပြီ အဖေ့ရဲ့တစ်နာရီအချိန်ကိုသားဝယ်လို့ရမလားဟင် ကျေးဇူးပြုပြီး မနက်ဖြန်အိမ်ကိုစောစောပြန်လာပါနော် သားအဖေနဲ့ညစာအတူစားချင်လို့ပါ ”

အဖေဖြစ်သူ ဟာ ထိတ်လန့်ကြေကွဲဝမ်းနည်းသွားတယ် ။ သူ့လက်မောင်းတွေနဲ့သားကို အသာအယာပွေ့ဖက်လိုက်ပြီး သူ့ရဲ့ပျက်ကွက်မှုတွေအတွက်မျက်ရည်တွေစီးကျလာခဲ့တယ် ။

--------------------------------------------

ဘ၀မှာ အလုပ်ဆိုတာ လူတိုင်းခက်ခက်ခဲခဲ ကြမ်းတမ်းစွာလုပ်ကြရတယ် ဒါဟာသင်ခန်းစာလေးတစ်ခုပါပဲ ။ ကျွန်တော်တို့ဟာ အချိန်တွေနောက်ကိုဘယ်တော့မှမလိုက်ရဘူး အတူကုန်ဆုံးသင့်တဲ့လူတွေနဲ့သာအချိန်ကို အကျိုးရှိစွာ အသုံးချကုန်ဆုံးစေရမယ်မဟုတ်လား သင့်ရဲ့အချိန်တွေကို ငွေကြေး နဲ့တန်ဖိုးမဖြတ်မိပါစေနဲ့ တစ်စုံတစ်ယောက်ရဲ့အချစ်နဲ့မေတ္တာတရားအတွက်သာ အချိန်တွေဟာ တန်ဖိုးရှိနေပါစေ

ကျွန်တော်တို့မနက်ဖြန်မှာသေသွားခဲ့ရင် ကျွန်တော်တို့အခုလုပ်နေတဲ့အလုပ်တွေနေရာမှာ အရာရာဟာ လွယ်ကူစွာ အစားထိုးဝင်ရောက်သွားမှာပါပဲ ။ လောကကြီးမှာ ကိုယ်မရှိလို့မဖြစ်ဘူးဆိုတဲ့နေရာ ဘယ်နေရာမှမရှိပါဘူး ။ နောင်မှ ရတဲ့နောင်တတွေဟာသင့်ဘ၀ကို အမှားတွေမဖြစ်ပါစေနဲ့ ။ တန်ဖိုးထားသင့်တဲ့အရာကို တန်ဖိုးထားလိုက်ခြင်းကသာ ဘ၀ရဲ့အနှစ်သာရဖြစ်တယ် ။

သက်တန့်ချို
Life, Love, Money & Time အားခံစားဘာသာပြန်သည် ။

နင့် မျက်လုံးတွေမှိတ်ထားလိုက်



ကောင်လေး နဲ့ ကောင်မလေး နှစ်ယောက်တည်း
ကစားနေတုန်း
ကောင်လေးက ` နင့် မျက်လုံးတွေမှိတ်ထားလိုက်´
ကောင်မလေးက ကောင်လေး ပြောတဲ့အတိုင်း
မျက်လုံးကို အားစိုက်ပြီး မှိတ်ထားလိုက်တယ်။
ကောင်လေး က ကောင်မလေး နားကပ်ပြီး ပါး ကို
ရွတ်ခနဲ နမ်းပြီး အဝေးကို ပြေးထွက်သွားတယ်။

(၁၅) နှစ်ကြာပြီးနောက်
ကောင်လေး က ` ချစ်...မျက်လုံး ခဏမှိတ်ထား´
ကောင်မလေးက နှုတ်ခမ်းလေးစူပြီး မျက်လုံးပိတ်ထားတယ်။
ကောင်လေးက ကောင်မလေး ရှေ့ ဒူးထောက်ပြီး လက်ထပ်
လက်စွပ်ကို ကိုင်ထားလိုက်တယ်။
`ကဲ...မျက်လုံးဖွင့်လို့ရပြီ´

နှစ်(၅၀) ကြာပြီးနောက်.. ယောကျာ်းက ဆေးရုံက ကုတင်
ပေါ်မှာ လှဲနေရင်း သူ့ မိန်းမ ကိုခေါ်လိုက်တယ်။
`နင်...ဒီနားခဏလာပြီး မျက်လုံး ခဏလောက် ပိတ်ထားပါလား´
မိန်းမက မျက်လုံး မှိတ်ထားလိုက်တယ်။ မျက်လုံးပြန်ဖွင့်လိုက်တော့
သူ...လူ့လောကကြီးထဲက ထွက်သွားပြီ။။။။
***** သူငယ်ချင်း Dotaking Yanyan ၏ စာသားလေးအား သဘောကျလွန်းလို့ ပြန်ရှယ်လုပ်ထားတာပါ...

Wednesday, 14 November 2012

ဒါလေးကတော့ပုံပြင်ဆန်ဆန်လေးပါ

အခု ဒါလေးကတော့ပုံပြင်ဆန်ဆန်လေးပါသေချာလေးဖတ်ကြည့်ပါနော်ခံစားမိကြမှာပါ တစ်ခါတုန်းက သိပ်ချစ်ကြတဲ့ လိပ်ပြာလေး နှစ်ကောင်ရှိတယ် ။ တစ်နေ့မှာ သူတို့ဟာ တူတူပုန်းတမ်း ကစားဖို့ ဆုံးဖြတ် လိုက်ကြတယ် ။

လိပ်ပြာထီးလေး --- ငါတို့ ကစားပွဲ လေးကစားရအောင်
လိပ်ပြာမလေး --- ကောင်းပြီလေ ဘယ်လိုကစားမလဲ
လိပ်ပြာထီးလေး --- ဒီပန်းပွင့်လေးထဲမှာ နက်ဖြန်မနက်စောစော လာပြီး ထိုင်နိုင်တဲ့သူက ပိုချစ်တဲ့သူဖြစ်မယ်
လိပ်ပြာမလေး ---- ကောင်းပြီလေ

############################

ဒီလိုနဲ့ နောက်တစ်နေ့မနက်ခင်းမှာ လိပ်ပြာထီးလေးဟာ ပန်းကလေးပွင့်မယ့်အချိန်ကို အစောကြီး လာစောင့်နေ တယ် သူ လိပ်ပြာမလေးကို ဘယ်လောက်ချစ်ကြောင်းသက်သေပြဖို့အတွက်ပေါ့ ။

နောက်ဆုံးမှာ ------ ပန်းကလေးပွင့်သွားပါတယ်----

သူဘာတွေတွေ့သွားလဲ ??

လိပ်ပြာမလေးဟာ ပန်းပွင့်ကလေးထဲမှာ သေဆုံးလို့နေပါတယ် ။

လိပ်ပြာမလေးဟာ တစ်ညလုံး ပန်းပွင့်ကလေးထဲမှာနေခဲ့တယ် သူ လိပ်ပြာထီးလေးကို ဘယ်လောက် ချစ်ကြောင်း သက်သေပြဖို့အတွက်ပေါ့ သူ လိပ်ပြာထီးလေးကို တွေ့တွေ့ခြင်း သူ့ချစ်သူကို ဘယ်လောက် ချစ်ကြောင်းပြောပြဖို့အတွက်ပေါ့

#########################

ပန်းပွင့်ကလေးဟာ ညဖက်မှာ ငုံပြီးမနက်မှ ပွင့်တတ်တဲ့ ပန်းအမျိုးအစားဖြစ်လို့နေခဲ့တယ် ။ လိပ်ပြာမလေး အထဲဝင်နေ စဉ်မှာ မွန်းကြပ် သေဆုံးသွားခဲ့ခြင်းဖြစ်တယ် သူ့ချစ်သူကို သူက ပိုချစ်ကြောင်း ပြသဖို့အတွက် --------

အချစ်ဆိုတာ အလွန်လှပတဲ့ စိတ်ဝိဥာဉ်လေးတစ်ခုဖြစ်တယ် ။ သင်တို့လည်း ကိုယ့်ချစ်သူကို ကိုယ့်အ သက် ထက်ပိုပြီး တန်ဖိုးထားနိုင်ကြပါစေ ။.......

Friday, 9 November 2012

ကိုယ်ချစ်တဲ့သူဆီက ချစ်စကားကြားရဖို့ လှည့်ကွက်ကလေးသုံးလိုက်တာကို မာယာလို့ မဆိုနိုင်ပါဘူးနော် ;)

တစ်ခါက အရမ်းခင်ကြတဲ့ ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်ရှိတယ် ... သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက်တိတ်တခိုးချစ်နေကြတာပါ ... ကောင်လေးချစ်နေတာကို ကောင်မလေးက သိပေမယ့် ကောင်မလေးချစ်နေတာ ကိုတော့ ကောင်လေးက မရိပ်မိဘူး ...ကောင်မလေးက ကောင်လေးသ၀န်တိုစိတ်တွေဖြစ်ပြီး ဖွင့်ပြောလာ မလားဆိုတဲ့

မျှော်လင့်ချက်လေးနဲ့ ရည်းစားတွေတစ်ယောက်ပြီးတစ်ယောက်ထားပြတယ် ... ကောင်လေးကတော့ ကောင်မလေး ရည်းစားများ လာတာကိုကြည့်ပြီ

း သူ့
အချစ်လည်း ပေါ့ပျက်ပျက် အပျော်စာရင်းထဲဝင်သွားမှာစိုးလို့ ဖွင့်မပြောရဲဘူးဖြစ်နေတယ် ...

ဒီလိုနဲ့ တစ်နေ့မှာ ကောင်မလေးနဲ့ ကောင်လေးတွေ့တဲ့အချိန် .............

ကောင်မလေး : “ငါ့ချစ်သူက ငါ့ကိုလက်ထပ်ခွင့်တောင်းထားတယ် ... အဲ့ဒါ ငါလက်ခံသင့်လား??”

မထင်မှတ်ထားတဲ့ စကားတစ်ခွန်းကို ကြားလိုက်ရချိန်မှာ ကောင်လေးရင်ထဲ ဆစ်ခနဲ နာကျင်သွားတယ် ... ဒါပေမယ့် သူ့ခံစားချက်ကို မျက်နှာမှာမပေါ်အောင် ထိန်းရင်းပြောလိုက်တယ် ...

ကောင်လေး : “အမှန်အတိုင်းပြောရရင် ငါနင့်ကို လက်မထပ်စေချင်ဘူး”

ကောင်မလေး : “ဘာဖြစ်လို့လဲ??”

ကောင်လေး : “ဟို .. နင်က ငယ်သေးတယ်လေ”

ကောင်မလေး : “ပြီးတော့ရော .... ??”

ကောင်လေး : “ဒါပဲလေ .. နင်ကငယ်သေးတယ် အဲ့ဒါကြောင့် လက်မထပ်စေချင်တာ .. ငါ့ကိုဘာမှထပ်မမေးနဲ့တော့ ငါဘာမှမပြောချင်တော့ဘူး”

ကောင်မလေး : “ကောင်းပြီလေ ~ ဒီအကြောင်းပြချက်တစ်ခုတည်းဆိုရင်တော့ ငါ့အတွက်အရေးမကြီးပါဘူး ... ငါသူ့ကိုအဖြေပြန်ပေးလိုက်တော့မယ်”

ပြောပြီးတော့ ကောင်မလေးက ချက်ချင်းလှည့်ထွက်လာခဲ့တယ် ...

အဲ့ဒီနောက်ပိုင်းမှာ ကောင်မလေးဟာ ကောင်လေးကို အတွေ့လည်းမခံတော့ဘူး .. ဖုန်းဆက်ရင်လည်း မကိုင်တော့ဘူး ... ကောင်လေးကို လုံးဝအဆက်အသွယ်ဖြတ်ထားခဲ့တယ် ...ဒီလိုနဲ့ နှစ်ပတ်လောက်ကြာသွားပြီးတဲ့နောက် ညနေခင်းတစ်ခုမှာ ကောင်လေးဆီကို ဖိတ်စာတစ်စောင်ရောက်လာခဲ့တယ် ... ကောင်မလေးရဲ့ လက်ထပ်ဖိတ်စာလေးပေါ့ ... ကောင်လေးဟာ မယုံနိုင်လောက်အောင်ကို အံ့အားသင့်သွားပြီး နာကျင်ဝမ်းနည်းစွာနဲ့ ဖိတ်စာကို ဖွင့်ကြည့်လိုက်တဲ့အချိန်မှာ စာလေးတစ်စောင်ထွက်ကျလာခဲ့တယ် ... စာထဲမှာရေးထားတာက ...

“ငါလက်ထပ်တော့မယ် ... ငါသူ့ကိုတကယ်ချစ်လားဆိုတာ သေချာမသိပေမယ့် သူကတော့ ငါ့ကိုတကယ်ချစ်တာ သေချာပါတယ် ... သူက ငါ့ကိုအနိုင်လည်းမယူဘူး ငါ့ကိုလည်းအရမ်းဂရုစိုက်တယ် .. ပြီးတော့ ငါ့ကို "ချစ်တယ်" လို့လည်း ခဏခဏပြောတယ် ... သူနဲ့ယူရင် ငါစိတ်ချမ်းသာရမှာပါနော် ဟုတ်တယ်မလား?? ပြီးတော့ပြောရဦးမယ် .. ငါလက်ထပ်ပြီးရင် နင်ငါ့ကို အရင်လို တွေ့ခွင့်ရတော့မှာမဟုတ်ဘူး ... အရင်လိုလည်း ညဥ့်နက်သန်းခေါင် နင်နဲ့ဖုန်းပြောပေးနိုင်မှာ မဟုတ်တော့ဘူး ... နင်နေမကောင်းရင်လည်း ငါလာပြုစုနိုင်မှာမဟုတ်တော့ဘူး ... နင်ဗိုက်ဆာလို့ မုန့်ဝယ်ကျွေးခိုင်းရင်လည်း ငါအရင်လိုလိုက်ကျွေးဖို့ အားမယ်မထင်ဘူး … နင်ဂစ်တာတီးပြီး သီချင်းဆိုပြချင်ရင်လည်း ငါနားထောင်ဖို့ အချိန်ပေးနိုင်တော့မှာ မဟုတ်ဘူး … နင်ရုပ်ရှင်လည်းတစ်ယောက်တည်းကြည့်တတ်အောင်ကြိုးစားရဦးမယ် ... နင်နဲ့ဂိမ်းအတူဆော့ဖို့ အဖော်အသစ်လည်း ရှာထားဦးနော် ... ငါကတော့ နှစ်ပတ်လောက်ကျင့်သားရအောင်လုပ်ထားလို့ နင်မရှိတဲ့ဘ၀မှာ နည်းနည်းနေသားကျနေပါပြီ .. နင်လည်းအဲ့လိုဖြစ်မယ်လို့ ငါမျှော်လင့်ပါတယ် ...”

စာကိုဖတ်ပြီးပြီးချင်းပဲ ကောင်လေးဟာ ကောင်မလေးအိမ်ကိုပြေးသွားခဲ့တယ် ... အိမ်နားမရောက်ခင်မှာပဲ လမ်းလျှောက်ထွက်လာတဲ့ ကောင်မလေးကို တွေ့လိုက်ရတယ် ...

ကောင်မလေး : “နင်ဘာလာလုပ်တာလဲ??”

ကောင်လေး : “နင်လက်မထပ်ပါနဲ့ ... ငါတောင်းပန်ပါတယ် .. ငါနင့်ကိုအနိုင်ယူခဲ့တာတွေအတွက်လည်းတောင်းပန်တယ် .. ငါနင့်ကိုဖွင့်မပြောခဲ့တဲ့အတွက်လည်းတောင်းပန်တယ် ... ငါနင့်ကိုလက်မထပ်စေချင်တာ ငယ်သေးလို့မဟုတ်ဘူး .. ငါနင့်ကိုမခွဲနိုင်လို့ .. ငါ့ဘ၀မှာ နင်မရှိလို့မဖြစ်ဘူး ... နင်မရှိတော့ရင် ငါဝမ်းနည်းတဲ့အခါ ဘယ်သူ့ကိုရင်ဖွင့်ရမှာလဲ?? ငါအားငယ်တဲ့အခါ ဘယ်သူက အားပေးစကားပြောမှာလဲ?? ညညအိပ်မပျော်တဲ့အခါ ငါဘယ်သူ့ဆီဖုန်းဆက်ရမှာလဲ?? နှစ်ပတ်လောက်မတွေ့တာတောင် ငါရူးမတတ်ခံစားနေရတာ … နင်နေနိုင်ပေမယ့် ငါမနေနိုင်ဘူး … မရက်စက်ပါနဲ့ဟာ .. ငါတောင်းပန်ပါတယ် .. နင်အဲ့လူကို လက်မထပ်ပါနဲ့ ... ငါနင့်ကိုအရမ်းချစ်တယ်”

ကောင်လေးက ငိုယိုပြီး တရစပ်ပြောချလိုက်တယ် ...

ကောင်လေးလည်းပြောပြီးရော ကောင်မလေးက အပြုံးလေးနဲ့ ပြန်ပြောလိုက်တာကတော့ …

“အရူး!! ငါလက်ထပ်မယ်လို့ နင့်ကိုဘယ်သူပြောလဲ?? အဲ့ဖိတ်စာက အတုကြီး” တဲ့!!

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကိုယ်ချစ်တဲ့သူဆီက ချစ်စကားကြားရဖို့ လှည့်ကွက်ကလေးသုံးလိုက်တာကို မာယာလို့ မဆိုနိုင်ပါဘူးနော် ;)

မှတ်ချက်- Facebook မှတွေ့မိတာလေးကို ပြန်မျှဝေခြင်းဖြစ်ပါတယ် :)

Wednesday, 7 November 2012

၂၉ရက်မြောက်နေ့ ည ၁၁နာရီ ၃၇မိနစ်...

ကောင်လေး နဲ့  ကောင်မလေး အချစ်ဇာတ်လမ်း ၂၉ရက်မြောက်နေ့ ည ၁၁နာရီ ၃၇မိနစ်?

> ကောင်လေး - ငါတို့ တွေအတွက်တော့ လောကကြီးက အထီးကျန်စရာကောင်းလိုက်တာနော်..
> ကောင်မလေး -ဟုတ်တယ်နော်.... တစ်ခြားသူ...

ငယ်ချင်းတွေမှာ ချစ်သူတွေကိုယ်စီရနေပြီ...
> တို့ အုပ်စုမှာ တို့ ၂ယောက်ဘဲ အထီးကျန်ပြီးကျန်ခဲ့တာ...
> ဒီပြင်လူတွေမှာလည်းချစ်သူကိုယ်စီနဲ့ ... ငါတို့ ဘ၀ကအထီးကျန်လိုက်တာ...
>
> ကောင်လေး - ငါတော့ဘာလုပ်ရမယ်မှန်းတောင်မသိတော့ပါဘူးကွာ...
>
> ကောင်မလေး - ဒီလိုလုပ်ပါလား... ငါတို့ game တစ်ခုကစားရအောင်...
>
> ကောင်လေး - ဘာ game လဲ???
>
> ကောင်မလေး -ငါနင့်ကောင်မလေးအနေနဲ့ ရက် ၃၀ နေပေးမယ်... နင်လဲငါ့ကောင်လေးအနေနဲ
>့ ပေါ့... ဘယ်လိုလဲ???
>
> ကောင်လေး - ဒီအကြံမဆိုးဘူး..။နောက်ရက်တွေမှာလဲ
> ငါ့မှာဘာမှထူးထူးခြားခြားလုပ်စရာမရှိဘူး... သဘောတူတယ်ကွာ...
>
>
>
> *ပထမနေ့ ...*
>
> သူတို့ ၂ယောက် အချစ်ရုပ်ရှင်တူတူ သွားကြည့်ပြီးပျော်ရွင်ခဲ့ကြတယ်...
>
> *၄ ရက်မြောက်နေ့ ...*
>
> သူတို့ တွေကမ်းခြေကိုပျော်ပွဲစားထွက်ခဲ့ကြတယ်... သာယာတဲ့အချိန်လေးတစ်ခုသူတို
>့ ရခဲ့ကြတယ်လေ...
>
>
> *၁၂ရက်မြောက်နေ့ ...*
>
> ကောင်လေးကကောင်မလေးကို Circus ပွဲခေါ်သွားတယ်...
> မြင်းရိုင်းတစ်ကောင်ဖျော်ဖြေတဲ့အလှည့်ကျတော့ ကောင်မလေးက ရုတ်တရက်လန့် ပြီး
> ကောင်လေးလက်နဲ့ ... ဘေးကလူကြီးလက်မှားကိုင်မိလို့  နှစ်ယောက်လုံး
> ရယ်ကြရသေးတယ်...
>
>
> *၁၄ရက်မြောက်နေ့ ...*
>
> သူတို့ လျှောက်လည်ရင်းလမ်းဘေးက ဗေဒင်ဟောတဲ့အမယ်အိုကြီးကိုတွေ့  တော့ သူတို
>့ ရှေ့ရေး ၀င်မေးခဲ့သေးတယ်... အမယ်အိုကြီးက.."ကလေးတို့ ... ကလေးတို့ ရဲ့ 
> တန်ဖိုးရှိတဲ့အချိန်တွေကို..အလကားဖြုန်းတီးမပစ်မိစေနဲ့ ...
> နှစ်ယောက်အတူတူချစ်ချစ်ခင်ခင် ပျော်ပျော်ရွင်ရွင်နေကြပါ"တဲ့... အမယ်အို ကြီးရဲ
>့ မျက်ဝန်းတွေမှာ မျက်ရည်တွေစို့ နေတာကိုတော့ ကောင်လေးနဲ့ ကောင်မလေး
> သတိမထားမိလိုက်ဘူးတဲ့...
> *ရက် ၂၀မြောက်နေ့ ...*
>
> သာယာတဲ့ညနေခင်းလေးမှာ ကောင်မလေးကကောင်လေးကို
> တောင်ပေါ်အပန်းဖြေစခန်းခေါ်သွားတယ်... ရုတ်တရက် ကြယ်ကြွေသွားတာ
> သူတို့ တွေ့ လိုက်တယ်... ကောင်မလေး နှုတ်ကတစ်စုံတစ်ခုကို
> တိုးတိုးရေရွတ်လိုက်တယ်... ကောင်လေးတော့မကြားလိုက်ဘူးတဲ့...
>
>
> *၂၈ရက်မြောက်နေ့ ...*
>
> သူတို့ နှစ်ယောက် bus အတူတူစီးကြတယ်... တစ်နေရာရာကပြန်လာတာပေါ့ဗျာ...
> သိတဲ့အတိုင်း လမ်းကြမ်းတော့ကားကခုန်နေတာပေါ့... အဲဒီမှာ ကောင်မလေးက ကောင်လေးကို
> မတော်တဆနမ်းမိသွားတယ်... ပထမအနမ်းပေါ့...
>
>
> *၂၉ရက်မြောက်နေ့ ည ၁၁နာရီ ၃၇မိနစ်...*
>
> ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက် သူတို့ ဒီ game ကို ပထမဆုံး
> ဆုံးဖြတ်ခဲ့တဲ့ပန်းခြံလေးမှာထိုင်နေကြတယ်... မနက်ဖြန်ကသူတို့ game
> ရဲ့နောက်ဆုံးနေ့လေ...
>
>
>
> ကောင်လေး - ငါနည်းနည်းပင်ပန်းနေတယ်... နင်တစ်ခုခုသောက်ချင်ရင်မှာလိုက်လေ...
> ငါအအေးသွားဝယ်မလို့ ...
>
> ကောင်မလေး - ဒါဆို Apple juice ၀ယ်ခဲ့ပေးပါလား...
>
> ကောင်လေး - ငါ့ကိုစောင့်နေနော်...။
>
> မိနစ်၂၀လောက်ကြာတော့ကောင်မလေးဆီ သူစိမ်းတယောက် အပြေးရောက်လာတယ်...
>
> သူစိမ်း - ညီမက ကောင်လေး ရဲ့သူငယ်ချင်းလား???
>
> ကောင်မလေး - ဟုတ်ကဲ့... ဘာဖြစ်လို့ လဲဟင်???
>
> သူစိမ်း - အရက်သမားတစ်ယောက်မောင်းလာတဲ့ကားက ကောင်လေးကိုတိုက်မိလို
>့ ကောင်လေးဆေးရုံမှာ... အရေးပေါ်ခန်းထဲမှာခွဲစိတ်ခံ နေရတယ်ဗျာ... အဲဒါ..........
>
> သူစိမ်းဆက်ပြောတဲ့စကားတွေကောင်မလေး
> မကြားနိုင်တော့ပါ..ဆေးရုံကိုပဲအမြန်လိုက်သွားမိတော့တယ်...
>
> ည၁၁နာရီ ၅၇မိနစ်....
>
> ဆရာဝန် အရေးပေါ်ခန်းထဲက မျက်နှာမကောင်းဘဲ ထွက်လာပြီးကောင်မလေး လက်ထဲကို Apple
> juice လေးနဲ့ စာတစောင် ကမ်းပေးလိုက်တယ်... ဆရာဝန်က၀မ်းနည်းတဲ့အသံနဲ့ ...
> ဒါကျနော်တို့ကောင်လေးရဲ့အိတ်ထဲကရတာပါ... ကောင်မလေးကသွေးတွေပေနေတဲ့စာကို
> တုန်တုန်ရင်ရင်နဲ့ ဖွင့်ဖတ်လိုက်တာပေါ့... စာထဲမှာရေးထားတာကတော့......
>
> "ကောင်မလေး..ပြီးခဲ့တဲ့ရက်တွေအတွင်းမှာ မင်းဘယ်လောက်ချစ်စရာကောင်းတယ်ဆိုတာ
> ကိုယ်သိခဲ့ရတယ်... ဒီ game လေးကစားနေချိန်မှာဘဲ မင်းကိုကိုယ်
> အရမ်းအရမ်းချစ်မိသွားပြီကွာ... မကြာခင်ဒီ game လေးပြီးတော့မယ်နော်...
> gameလေးပြီးသွား ပေမယ့် မင်းကိုယ့်ရဲ့ချစ်သူအဖြစ် ဆက်ရှိနေပေးပါလားနော်...
> ဘ၀တစ်လျှောက်လုံးစာအတွက်ချစ်သူပေါ့... အရမ်းချစ်တယ်ကောင်မလေးရယ်..."
>
> ကောင်မလေးက စာရွက်လေးကို တင်းတင်းဆုတ်ကိုင်ရင်း
> ၀မ်းနည်းပက်လက်ငိုပါတော့တယ်....။
>
> "ကောင်လေးရယ်...မသေပါနဲ့ နော်...မသေပါနဲ့ ... တို့ လည်းမင်းကို
> အရမ်းချစ်ပါတယ်..။ တို့ တွေတောင်ပေါ်သွားတဲ့နေ့ ကိုမှတ်မိသေးလားဟင်...။
> ကြယ်ကြွေတာမြင်လိုက်ရတဲ့နေ့ လေ..။အဲဒီတုန်းကကြယ်ကြွေတုန်း..တို့ မင်းနဲ့ ဒီgame
> လေးပြီးလည်း ထာဝရအတူနေနိုင်ပါစေလို့ တို့ ဆုတောင်းခဲ့တယ်သိလား.....၊
> ကျေးဇူးပြုပြီးတို့ ကိုမထားခဲ့ပါနဲ့ နော်...။ကောင်လေး
> မင်းကိုငါချစ်တယ်သိလား...တို့ ကိုခွဲသွားလို့ မဖြစ်ဘူးနော်....။"
>
>
> နာရီလက်တံလေး ၁၂ကိုရောက်သွားတယ်.... ရက် ၃၀ ပြည့်တဲ့အချိန်ပေါ့.........။

> ကောင်လေးရဲ့နှလုံးခုန်နှုန်းလည်း ထာဝရ ရပ်တန့်သွားခဲ့တယ်...;'(

နေလင်းဦး mmsy

ငါ ဆုတောင်းပေးလိုက်ပါမယ် အဆင်ပြေပါစေကွယ် . . .


သဘောကျတဲ့ ပုံပြင်လေးတစ်ပုဒ်လောက်ပြောပြချင်ပါတယ်။

တစ်ခါတုန်းက ချစ်သူ မောင်နှံ ရှဉ်မလေးနဲ့ ရှဉ်ထီး ဟာ ပင်လယ်
ကမ်းစပ်မှာ ပျော်မြူးစွာ ဆော့ကစားနေသတဲ့။ အဲဒီလိုကစားနေရင်း
ရှဉ်မလေးက ရေထဲကို ပြုတ်ကျသွားပြီး ရေနစ်သေသွားတယ်။

...
ရှဉ်ထီးလေးက သူချစ်သူရှဉ်မလေး ကို ပြန်ကယ်နိုင်ဖို့ သူအမြီးကို
ပင်လယ်ထဲဆင်း ဆွတ်လိုက် ကုန်းပေါ်တက်ခါလိုက် လုပ်သတဲ့။
သူရဲ့ကြိုးပမ်းမှုကြောင့် ပင်လယ်ရေတွေ ခမ်းခြောက်သွားရင်
သူချစ်သူရှဉ်မလေးနဲ့ တွေ့ရမယ့် သဘောမျိုးနဲ့ ပင်လယ်ထဲဆင်း
ဆွတ်လိုက် ကုန်းပေါ်တက် ရေတွေခါလိုက် မရပ်မနားပြုလုပ်သတဲ့။

အဲဒီအဖြစ်အပျက်ကို နတ်သားတစ်ပါးက မြင်တော့ ရှဉ်ထီးလေးကို
သနားသွားပြီး ရှဉ်ထီးကို ပြောတယ်။

“ အို ရှဉ်ထီးလေး သင်လုပ်ဆောင်နေတာတွေရပ်ပါတော့ သင့်ချစ်သူက
အသက်ပြန် မရှင်လာနိုင်ဘူး။ ခုဆိုရင် ပင်လယ်စောင့်နတ်မင်းကြီးနားမှာ
နတ်သမီးလေးအဖြစ်နဲ့ ပျော်မြူးနေပါပြီ ဒီမှာ ကြည့်လော့ ” ဆိုပြီး
ဖန်ဆန်းပြလိုက်တယ်။

ရှဉ်ထီးလေးလည်း နတ်သားဖန်ဆင်းပြတာကို ကြည့်ပြီး -

“ သြော် . . . ငါ့မှာတော့ ကြိုးစားလိုက်ရတာ ဒင်းကတော့ ပျော်လို့
မြူးလို့ ငါအကြောင်း ကောင်းကောင်း သိစေရမယ် ” ဆိုပြီး
ပင်လယ်ထဲကို သဲတွေ ပြန်ယက်ချသတဲ့ . . .

ပုံပြင်လေးက ဒါပါပဲ။

တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်နေကြတဲ့အချိန်မှာ အချစ်ဆိုတာ
အေးချမ်းလို့ သာယာလို့။

တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေတဲ့အခါ အချစ်ဆိုတာ
ပူလောင်သွားတယ်။ပြီးတော့ ပုံပြင်ထဲက ရှဉ်ထီးလေးလိုပဲ . . .
နင့်လောက်လား ငါ့လောက်လားတွေ ဖြစ်လာကြတယ်။

ဒေါသတွေ . . .
မောဟတွေနဲ့ . . .
မှောင်မိုက်ရင်း အမှားအမှန်ကို မသိတော့ဘူး။
တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လို့ မ၀တဲ့ ဘ၀ကနေ
တစ်ယောက်မျက်နှာ တစ်ယောက် မကြည့်ချင် မမြင်ချင်တဲ့ဘ၀ကို
ရောက်သွားကြတယ်။

တကယ်တော့ အချစ်ဆိုတာ အရောင်မပြောင်းသင့်ပါဘူး။

“ ချစ်တိုင်းလည်းမညား ” ဆိုတဲ့ စကားလိုပဲ . . .
ချစ်သူဆုံတွဲတွေတိုင်း ကိုယ့်ချစ်သူနဲ့ လက်တွဲခွင့်ရချင်မှ ရနိုင်ပါမယ်။
ကိုယ့်ချစ်တဲ့ချစ်သူ ကိုယ့်ရင်ခွင်မှာ ရှိတုန်းကပျော်ရွှင်ကြည်နူးသလို့
အခြေအနေအရ လက်လွတ်ဆုံးရှုံးရတဲ့အခါမှာလည်း ကိုယ့်ရဲ့ချစ်သူ
အပေါ်ထားတဲ့ ချစ်ခြင်းဟာ မပြောင်းလဲသင့်ပါဘူး။

ဘယ်လောက်ပဲရက်စက်စွာ အသည်းခွဲသွားပါစေ ကိုယ့်ရဲ့ဖြူစင်တဲ့
ချစ်ခြင်းကို မညစ်နွမ်းသွားပါစေနဲ့ . . .

ဘယ်လောက်ပဲ ခံစား ကြေကွဲစွာ မျက်ရည်ကျခဲ့ပါစေ . . .

ပူစူးသီချင်းလေးလို့ပေါ့ . . .

ငါ ဆုတောင်းပေးလိုက်ပါမယ် အဆင်ပြေပါစေကွယ် . . .


- အဆင်ပြေသော ချစ်သူဆုံများ ဒီထက် ဒီထက် နားလည်မှုတွေနဲ့
ချစ်ခြင်းတွေကို ခိုင်မြဲ သထက် ခိုင်မြဲကြပါစေ။

- အဆင်မပြေသော ချစ်သူဆုံတွေများ အမြန်ဆုံးနားလည်မှုရှိစွာ
ပြန်လည် အဆင်ပြေ ချစ်ကြည်နူးနိုင်ကြပါစေ။

- ချစ်သူတိုင်း ညားလို့ ညားသူတိုင်း ချစ်ကြည်နူးနိုင် ကြပါစေ။

Friday, 2 November 2012

စိတ်ကောက်လို့ရေးတဲ့စာ


စိတ်ကောက်လို့ရေးတဲ့စာ

ချစ်ရတဲ့မိန်းမရေ....

မိဘအိမ်မှာ နေရတာကောင်းလား? ငါ့ကိုစိတ်ကောက်ပြီး နင်မိဘအိမ်ပြန်သွားတာ အခုဆိုရင် (၃၈)နာရီရဲ့ (၃၇)မိနစ်ရှိသွားပြီ။ ဒါဟာ အိမ်ကိုခွာတဲ့နင့်သမိုင်းမှာ အမြင့်ဆုံးမှတ်တမ်းဖြစ်ဖို့ အချိန်(၄)နာရီနဲ့(၂၁)မိနစ်ပဲ လိုတော့တယ်။ အိမ်တိုင်ရာရောက် ငါလာတောင်းပန်ဖို့ကို နင်စောင့်နေခဲ့မှာပဲ။ ငါလည်း အဲဒီလိုလုပ်ဖို့ စဉ်းစားခဲ့ပါသေးတယ်။ ဒါပေမယ့် နင်တောင့်ခံပါဦး... ဒါဟာ နင့်သမိုင်းမှာ အိမ်ကနေထွက်သွားတဲ့ အမြင့်ဆုံးမှတ်တမ်းဖြစ်ဖို့ နင်တောင့်ခံလိုက်ပါဦး...

...
ိမ်မှာ ငါအရာရာ အဆင်ပြေပါတယ်။ နင် စိတ်မပူပါနဲ့။ ငွေစုစာအုပ်ကို နင်ယူသွားလည်း ငါ့မှာ ခရစ်တစ်ကတ်တော့ ကျန်ခဲ့ပါတယ်။ ဒါကြောင့် နင်စိတ်မပူပါနဲ့။ ခရစ်တစ်ကတ်က သုံးရတာ အဆင်ပြေတယ်။ ငါ အင်္ကျီငါးထည် ဝယ်ပြီးပြီ၊ အဝတ်ခံဘောင်းဘီ(၇)ထည်နဲ့ ခြေအိတ်တစ်ဒါဇင်လည်း ဝယ်ထားပြီးပြီ။ တစ်နေ့တစ်စုံနှုန်းနဲ့ နင်ပြန်လာတဲ့အထိ ငါလှဲဝတ်လို့ရတယ်။ ဝယ်ထားတဲ့အဝတ်တွေက ဈေးနည်းနည်းကြီးတယ်ဆိုပေမယ့် နာမည်ရှိတဲ့တံဆိပ်တွေပါပဲ။

ငါ့ရဲ့ရိက္ခာအတွက်လည်း နင်စိတ်မပူပါနဲ့။ အသစ်ဖွင့်တဲ့ဆိုင်သစ်(၇)ဆိုင်မှာ ငါသွားစားခဲ့ပြီးပြီ။ ငါတစ်ယောက်တည်း အထီးကျန်မှာစိုးလို့ဆိုတဲ့ ငါ့သူငယ်ချင်းသုံးယောက်နဲ့ပေါ့။ သူတို့က ငါ့ကိုနေ့တိုင်း အဖော်ပြုတယ်။ သူတို့ကလည်း စားကောင်းသောက်ကောင်းတွေပဲ မှာစားနေတော့တာပဲ။ ငါ မတတ်နိုင်ဘူး။ ငါဟာ မျက်နှာသာရချင်သူဆိုတာ နင်လဲသိတယ်လေ။

ခုတလောငါ့ကို စိတ်ရှုပ်စေတာက မျက်နှာချင်းဆိုင်အိမ်က အသစ်ပြောင်းလာတဲ့ ကောင်မလေးပဲ။ သူက နေ့တိုင်းလိုလို အိမ်ရောက်လာပြီး ကြက်သွန်ချေးပါ။ ငံပြာရည်ချေးပါ လုပ်နေတယ်။ ဒါကိုလည်း နင်စိတ်ချပါ... ငါ ဘာအမှားမှ ကျူးလွန်ဖို့ မစဉ်းစားခဲ့ပါဘူး။ ဒါကိုတော့ နင်ငါ့ကို စိတ်ချယုံကြည်ပါ။

အိမ်မှာစိုက်ထားတဲ့ ပန်းတွေကိုလည်း သဲကန္တာရဥတုလေး ခံစားတတ်အောင် ငါရေမလောင်းဘူးလို့ ဆုံးဖြတ်ထားတယ်။ ဒါဟာ အပင်တွေရဲ့ဆင့်ကဲဖြစ်စဉ်ကို အကျိုးဖြစ်စေတာပဲ မဟုတ်လား။ အော်... မေ့လို့ ... အိမ်က ကြောင်မလေးရော! နင်နဲ့အတူ လိုက်သွားတာလား? အိမ်မှာသူ့ကို မတွေ့တာ ၂ ရက်လောက်ရှိနေပြီ။

ဟို ချစ်စရာကောင်းတဲ့ ယောက်ဖနှစ်ယောက် ငါ့ကို လာရန်ရှာမှာကိုလဲ နင်မစိုးရိမ်ပါနဲ့။ မနေ့က သူတို့ကိုဖိတ်ပြီး နင်နဲ့ငါ့ကြားကအကြောင်းတချို့ ပြောပြပြီး ငါပေါက်ကွဲခဲ့ပြီးပြီ။ ငါပြောတာတွေကို နားထောင်ပြီး သူတို့က ငိုငိုယိုယိုနဲ့ "အစ်ကိုရယ်... နင် ပင်ပန်းလွန်းပါတယ်" လို့ ငါ့လက်ကိုဆွဲပြီး ပြောသွားခဲ့တယ်။

နင့်ကို ငါလာခေါ်ပြီး ငါတောင်းပန်မှာပါ.. ဒါပေမယ့် မိဘအိမ်မှာပဲ အေးအေးဆေးဆေး နင်နေလိုက်ပါဦး.. သူတို့လည်း နင့်ကိုလွမ်းနေလောက်ရော့ပေါ့။

စာကြွင်း.... မနက်ဖြန် နင်မပြန်လာဘူးဆိုရင် ဆွေဆွေက ငါ့ကိုပီဇာကျွေးဖို့ ချိန်းထားတာ ငါသွားလိုက်မယ်။ အားနေတော့လည်း အားနေတာပဲလေ.. လူများချိန်းတာကို ခဏခဏငြင်းရတာလည်း မကောင်းပါဘူး။ သူကလည်း ငါ့လုပ်ဖော်ကိုင်ဖက်ပဲလေ....

နင်ချစ်တဲ့ နင့်ရဲ့ယောက်ျား


ချစ်ရတဲ့ ယောက်ျားရေ....

နင့်ရဲ့စာအတွက် ကျေးဇူးတင်ပါတယ်။ မိဘအိမ်မှာ ငါအရာရာ အဆင်ပြေပါတယ်။ နင်စိတ်မပူပါနဲ့။ ငွေစုစာအုပ်ထဲကငွေတွေ ငါ့အကောင့်ထဲ ပြောင်းထည့်လိုက်ပြီဆိုတာ နင့်ကိုပြောဖို့ ငါမေ့သွားတယ်။ အစကတော့ နင့်အသုံးစရိတ်အတွက် ငါစိတ်ပူနေတာပါ.. ဒါပေမဲ့ ငွေတွေကို နင်သုံးနေရတယ်ဆိုတော့လဲ ငါ စိတ်မပူတော့ပါဘူး။

နင့်ကို ကောင်းသတင်းလေးတစ်ခု ပေးချင်သေးတယ်။ အိမ်က ကြောင်အိမ်အောက်ဆုံးထပ်မှာ ခေါက်ဆွဲခြောက်ထုပ်လေး နှစ်ထုပ်ရှိတယ်။ အခုအချိန်မှာ စားကောင်းသောက်ကောင်းတွေ နင်စားနေတယ်ဆိုပေမယ့် ငါစိတ်ပူသေးတယ်။ နင်ခရစ်တစ်ကတ်လေး သုံးမရတော့ဘူးလို့ပြောတဲ့အခါ၊ နင်နဲ့အတူစားခဲ့တဲ့သူငယ်ချင်းတွေ အလုပ်များလို့ဆိုပြီး နင့်ကိုလာမတွေ့နိုင်တော့တဲ့အခါ အဲဒီခေါက်ဆွဲထုပ်တွေကို နင်လိုလိမ့်မယ်။

မျက်နှာချင်းဆိုင်အိမ်က ကောင်မလေးကိုလည်း ငါက နှုတ်ဆက်တယ်ဆိုတဲ့အကြောင်း ပြောလိုက်ဦး။ လကုန်လို့ အိမ်ချေးငွေ မပေးနိုင်တဲ့အခါ နင့်သူငယ်ချင်းအသစ်ကို နှုတ်မဆက်ရက်လည်း နင်နှုတ်ဆက်ရလိမ့်မယ်။

အော်.. အိမ်ကပန်းတွေကို ရေလုံးဝ မလောင်းနဲ့နော်.. ငါစိုက်ထားတာက ရှားစောင်းပင်တွေ။ ကြောင်ကလေးက ငါနဲ့အတူရှိနေတယ်။ အိမ်က ကြွက်သတ်ဆေးတွေလည်း သုံးလို့ကုန်သွားပြီ။ ချစ်စရာကောင်းတဲ့ ငါမောင်နှစ်ယောက်က နင်နဲ့ကွာပြီး အသုံးကျတဲ့ယောက်ျားတစ်ယောက်ကို ရှာယူဖို့ အမြဲပြောနေကြလို့ နင့်ကိုလာရန်ရှာလိမ့်မှာတော့ မဟုတ်ဘူး။ မိဘအိမ်ပြန်နေရတဲ့ ခံစားချက်က အရမ်းကောင်းမှန်း ငါအခုမှသိတယ်။ အရင်လို နေ့တိုင်းထမင်းဟင်းချက်၊ အဝတ်လျှော်တဲ့ ပင်ပန်းဒဏ်ကိုလည်း ငါခံစရာမလိုတော့ဘူး။ လွတ်လွတ်လပ်လပ်နဲ့ ရှော့ပင်းထွက်နေရုံပဲ... ဘယ်လောက်ပျော်စရာ ကောင်းလိမ့်သလဲ!

မနက်ဖြန် ဆွေဆွေနဲ့သွားလည်တာ ပျော်ခဲ့ပါစေလို့ ငါဆုတောင်းလိုက်တယ်။ ဆွေဆွေရည်းစားက အားကစားကျောင်းက လက်ဝှေ့နည်းပြဆိုလား ငါကြားထားတယ်။ ဟုတ်မဟုတ်တော့ မသိဘူးပေါ့လေ.. ငါ မဟုတ်မမှန် မပြောတတ်တာ နင်လဲသိပါတယ်... ဒါပါပဲ...


မူရင်းလင့် -- http://www.duwenzhang.com/

Thursday, 1 November 2012


ဘာကြောင့် အကြာကြီး ကျွန်မစောင့်ခိုင်းရက်ခဲ့သလဲ?
___________________________________

အမေ တကယ်ကို အိုစာသွားခဲ့ပါပြီ.. ကလေးငယ်တစ်ယောက်လို ချွဲနွဲ့တဲ့အထိ အိုစာသွားခဲ့ပါတယ်။ ဖုန်းဆက်တိုင်း မျှော်လင့်ချက်အပြည့်နဲ့ ကျွန်မကို အမေမေးတတ်တယ်။


"သမီး .. ဘယ်တော့ အိမ်ပြန်ခဲ့မလဲ?"


မိုင်ပေါင်းထောင်ကျော်ဝေးတဲ့အမေ့အိမ်ကို ကားသုံးဆင့်စီးမှ ရောက်တာကိုမဆိုထားနဲ့ အလုပ်တစ်ဘက်၊ ကလေးတစ်ဘက်နဲ့ အမေ့အိမ်ပြန်ဖို့ ကျွန်မအချိန်မပေးနိုင်ခဲ့ပါဘူး။ နားသိပ်မကောင်းတော့တဲ့အမေကို ကျွန်မအထပ်ထပ်ရှင်းပြခဲ့ပေမယ့် အ
...
မေက တောင့်တစွာနဲ့မေးတုန်းပါပဲ။

"သမီး ... ဘယ်တော့ အိမ်ပြန်နိုင်မလဲဟင်?"


အထပ်ထပ်မေးတဲ့ အမေကို စိတ်မရှည်စွာနဲ့ ကျွန်မအော်မိခဲ့ရင် အမေက တအင်း..အင်း သဘောပေါက်ဟန်နဲ့ ဖုန်းကို အသာချလိုက်တတ်တယ်။ ဒါပေမယ့် ရက်သိပ်မကြာပဲ အမေကဖုန်းဆက်ပြီး အဲဒီမေးခွန်းကိုပဲ ထပ်မေးတတ်ပြန်တယ်။ အလိုမကျတဲ့ ကလေးငယ်တစ်ယောက်လို မေးရင်လည်း အချည်းနှီးပဲဆိုတာသိပေမယ့် ထပ်တလဲလဲ မေးနေတဲ့ အမေကြောင့် ကျွန်မစိတ်တွေပျော့သွားပြီး သက်ပြင်းကို မသိမသာချမိတယ်။


ကျွန်မ မအော်မငေါက်မှန်းသိတော့ အမေက ဝမ်းသာအားရထပ်ပြောတယ်။


“ခြံနောက်က သလဲသီးတွေ အပွင့်ပွင့်နေပြီ၊ ဖရဲသီးတွေ မှည့်တော့မယ်၊ သမီး.... အမြန်ပြန်ခဲ့ပါ”


“အလုပ်တွေ ဒီလောက်ရှုပ်နေတာ အမေရာ.. ကျွန်မ ခွင့်ရနိုင်မှာမဟုတ်ဘူး”


“အမေ ကင်ဆာဖြစ်နေတယ်။ နှစ်ဝက်လောက်ပဲ အသက်ရှင်တော့မယ်လို့ ပြောလိုက်လေ”


အမေရဲ့အပြောကို ကျွန်မဝင်ဟန့်တော့ အမေက တခစ်..ခစ်နဲ့ သဘောကျရယ်မောနေခဲ့တယ်။ ငယ်ငယ်တုန်းက မိုးရွာ၊ လေကြီးလာတဲ့အချိန် ကျောင်းမတက်ချင်လို့ ဗိုက်နာချင်ဟန်ဆောင်တတ်တဲ့ ကျွန်မကို အမေက ဆူဆဲတတ်တယ်။ အခုတော့ အသက်ကြီး အိုမင်းသွားတဲ့အမေက ကျွန်မကို လိမ်ညာပြောဖို့ သင်ပေးနေခဲ့တယ်။


ကျွန်မနဲ့အမေကြားမှာ ဒီလိုမေးခွန်းတွေက ထပ်တလဲလဲဖြစ်နေခဲ့တယ်။ ဒီလိုမေးခွန်းကို ကျွန်မ မကြားရက်တော့လို့ နောက်လမှာ ပြန်ခဲ့ဖို့ပြောတော့ အမေခမျာ ဝမ်းသာလွန်းလို့ တံတွေးတောင်သီးခဲ့တယ်။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ အမြဲမပြီးပြတ်နိုင်တဲ့ အလုပ်တွေက အိမ်ပြန်ဖို့ထက် အရေးကြီးနေခဲ့လို့ နောက်ဆုံးမှာ ကျွန်မ အိမ်မပြန်နိုင်ဖြစ်ခဲ့တယ်။


ဖုန်းရဲ့ တစ်ခြားတစ်ဘက်မှာ အမေရဲ့ စကားသံတွေ တိတ်ဆိတ်နေခဲ့တယ်။


“အမေ… သမီးကို စိတ်ဆိုးနေတာလား?”


အားနာနာနဲ့ ကျွန်မကဆိုတော့ အမေက ပျာပျာသလဲ ပြန်ပြောတယ်။


“စိတ်မဆိုးပါဘူး သမီး.. အမေ စိတ်မဆိုးဘူး။ သမီးလုပ်စရာရှိတာလုပ်ပါ”


ရက်သိပ်မကြာပဲ အမေ့ဆီက အရေးတကြီးဖုန်းလာပြန်တယ်။ စပျစ်သီးတွေ၊ သစ်တော်သီးတွေမှည့်လို့ ကျွန်မကို အမြန်ပြန်လာစားဖို့ ပြောပါတယ်။ အဲဒီလိုအသီးတွေက ဘာမှမဟုတ်ကြောင်း၊ ဈေးတိုင်းမှာ ၅ကျပ် ၁ဝနဲ့ ဝယ်စားနိုင်ကြောင်း ကျွန်မပြောတော့ အမေက သိပ်ဘဝင်မကျဘူး။ ကျွန်မက အမေကို ချော့မော့ပြီး “မြို့ပေါ်က အသီးတွေမြေသြဇာများတယ်၊ ပိုးသတ်ဆေးများတယ်။ အမေ့အသီးလောက် မချိုဘူး” လို့ ပြောတော့ အမေက သဘောကျစွာ ရယ်မောပြန်တယ်။


စနေနေ့ ရုံးပိတ်ရက်မှာ နေအပူရှိန်က ပြင်းအားကောင်းနေခဲ့တယ်။ အိမ်ပြင်မထွက်ရဲလို့ အိမ်ထဲမှာ လေအေးစက်နဲ့ ကျွန်မနေခဲ့တယ်။ သမီးငယ်က ကိတ်မုန့်စားဖို့ အတင်းပူဆာလို့ အိမ်ပြင်ကို မထွက်မနေ ကျွန်မထွက်ခဲ့ရတယ်။ အပူငွေ့တွေ တရိပ်ရိပ်တက်နေတဲ့ လမ်းမထက်မှာ အမေရဲ့ နောက်ကျောအရိပ်ကို ကျွန်မတွေ့လိုက်မိတယ်။ ကြည့်ရတာ ကားပေါ်က အခုမှ အမေဆင်းလာတာဖြစ်မယ်။ လက်မှာ ဆွဲခြင်းတစ်လုံးအပြင် ကျောမှာ ခပ်လေးလေးအိတ်တစ်လုံးကို အမေလွယ်ပိုးထားတယ်။ လွယ်ပိုးထားတဲ့အရာတွေကို လူတွေတိုက်မိမှာစိုးလို့ထင်တယ်.. ခါးကိုကွေးညွှတ်ပြီး လမ်းပေါ်က လူတွေကို အမေကွေ့ရှောင်နေခဲ့တယ်။ လူတွေကြားထဲမှာ အမေလှမ်းလိုက်တဲ့ ခြေလမ်းတိုင်းက အားပါနေခဲ့တယ်။ ကျွန်မရဲ့ခေါ်သံကြောင့် အမေခေါင်းထောင်ပြီး လူအုပ်ကြားထဲမှာ ကျီးကန်းတောင်းမှောက်လိုက်ရှာတယ်။ ကျွန်မကိုတွေ့တော့ အမေက ရယ်ပြတယ်။ ဝမ်းသာလွန်းလို့ထင်တယ် အမေ့ဆီက ဘာသံမှထွက်မလာခဲ့ပါဘူး။


အိမ်ပြန်ရောက်တော့ အမေကပါသမျှ အရာတွေကို ဝမ်းသာအားရထုတ်ပေးတယ်။ အမေရဲ့ လက်ဖမိုးမှာ သွေးစွန်းနေတဲ့ ပလာစတာနဲ့ ဒဏ်ရာတချို့ကို ကျွန်မတွေ့လိုက်တယ်။ အမေက ကျွန်မကို ပြုံးပြပြီး “စား.. သမီး.. စား.. ဒါတွေအားလုံး အမေကိုယ်တိုင် ခူးခဲ့တာ”


ခရီးဝေးမသွားခဲ့ဖူးတဲ့အမေ ကျွန်မရဲ့စကားတစ်ခွန်းကြောင့် မိုင်ထောင်ပေါင်းများစွာကနေ ကျွန်မဆီအရောက် လာခဲ့တယ်။ အမေစီးခဲ့တာက ဈေးအချိုဆုံးနဲ့ လေအေးစက်မပါတဲ့ကား၊ ကျပ်ညပ်နေတဲ့ ကားပေါ်မှာ စပျစ်သီး၊ သစ်တော်သီးတွေ မပွန်းမပဲ့ဖို့ အမေဘယ်လို ယူခဲ့သလဲ၊ ကားကို အမေဘယ်လိုစီးခဲ့တယ်၊ အသီးတွေကို ဘယ်လိုကာကွယ်ခဲ့တယ်ဆိုတာကို ကျွန်မ မတွေးရက်ခဲ့ဘူး။ ကျွန်မသိတာတစ်ခုက ကမ္ဘာပေါ်မှာ အမေရှိတဲ့နေရာတိုင်း ထူးဆန်းမှုတွေရှိနေတယ်ဆိုတာပါပဲ။


ကျွန်မနဲ့ (၃)ရက်ပဲ အမေနေခဲ့တယ်။ နေဝင်နေထွက် အလုပ်သွားတဲ့အပြင် သားသမီးတွေကို စောင့်ထိန်းရတဲ့ကျွန်မ ပင်ပန်းမှာ စိုးလို့ပါတဲ့… ကျွန်မကို သူဘာမှမကူညီနိုင်ခဲ့သလို မီးဖိုချောင်က ခေတ်မီအသုံးအဆောင်တွေ သူ့ကြောင့်ပျက်ဆီးမှာစိုးလို့ အမေမကိုင်တွယ်ရဲခဲ့ဘူး။ ကျွန်မ မသိအောင် ကားလက်မှတ်ဝယ်ပြီး အမေ တိတ်တိတ်လေး ထွက်သွားခဲ့တယ်။


အိမ်ပြန်ပြီး တစ်ပတ်အကြာမှာ ကျွန်မကို အမေလွမ်းပြန်တယ်။ ကျွန်မကို အိမ်ပြန်ခဲ့ဖို့ အမေတောင်းဆိုပြန်တယ်။


“အမေ.. ခဏလောက်တော့ သည်းခံစောင့်နော်”


အမေ့ကိုနှစ်သိမ့်ပြီး နောက်တစ်ရက်မှာ အမေ့ညီမဆီက ဖုန်းရတယ်။


“သမီးအမေနေမကောင်းဘူး… အမြန်ပြန်ခဲ့ပါ”


အဒေါ်ရဲ့စကားက ကျွန်မကို ပျာယာခတ်သွားစေတယ်။ ငိုငိုယိုယိုနဲ့ ကားဂိတ်ပြေးပြီး နောက်ဆုံးထွက်တဲ့ကားနဲ့ အမေ့အိမ်ကို ကျွန်မပြန်ခဲ့တယ်။ လမ်းတစ်လျှောက်လုံး ကျွန်မဆုတောင်းမေတ္တာပို့သနေမိတယ်။


ဒီတစ်ခေါက်လည်း ကျွန်မကို အမေလိမ်ညာတာဖြစ်ပါစေ၊ အမေနေကောင်းပါစေ…

တဗျစ်တောက်တောက် အမေပြောတဲ့စကားကို ကျွန်မ နားထောင်ချင်သေးတယ်
အမေချက်တဲ့ ဟင်းတွေအားလုံး ကျွန်မကုန်အောင်စားချင်သေးတယ်
အလုပ်က ခွင့်ယူပြီး အမေ့ဆီ ကျွန်မပြန်ခဲ့ချင်သေးတယ်

လူတွေဟာ အသက်(၈ဝ)အထိ အသက်ရှင်နေလည်း မိခင်ဆိုတာ လိုအပ်ကြောင်း အခုမှ ကျွန်မနားလည်ခဲ့တယ်။ ရွာဝမှာ ကားဆိုက်တော့ အမေက အပြေးလာကြိုတယ်။ အမေ့ကိုပြေးဖက်ပြီး ကျွန်မငိုမိ၊ ရယ်မိတယ်။


“အမေ ဘာပြောပြောကောင်းတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို အသည်းအသန်ဖြစ်နေတယ်လို့တော့ မပြောပါနဲ့ အမေ”


ကျွန်မရဲ့ မကျေမနပ်စကားကို ကြားပေမယ့် အမေက ကျွန်မကိုပြုံးရယ်ပြီး ကြည့်နေခဲ့တယ်။


အိမ်ထဲဝင်လိုက် အိမ်ပြင်ထွက်လိုက်နဲ့ အမေကြည့်ရတာ မပင်ပန်းဘဲ ပျော်နေပုံရတယ်။ စားပွဲခုံပေါ် စားစရာတွေ တည်ခင်းပြီး ကျွန်မချီးကျူးတာကိုခံဖို့ အမေစောင့်နေခဲ့တယ်။


“ပဲက တူးသွားပြီ၊ ဖက်ထုပ်အခွံက ထူလွန်းတယ်၊ အသားက ငန်လိုက်တာ”


အားမနာတမ်း ကျွန်မဝေဖန်တော့ ပြုံးနေတဲ့အမေ့မျက်နှာက အားနာတဲ့ဘက်ကို ပြောင်းသွားပြီး မသိမသာနဲ့ ခေါင်းငုံ့နေခဲ့တယ်။ စိတ်ထဲကနေ ကျွန်မတိတ်တိတ်လေး ခိုးရယ်နေခဲ့မိတယ်။ သူချက်ထားတဲ့ အစားအစာတွေ စားကောင်းကြောင်း ချီးကျူးရင် ကျွန်မကို အဆမတန် အမေစားခိုင်းတော့မယ်ဆိုတာကို ကျွန်မသိနေတယ်။ ကျွန်မပြန်ချိန်မှာလည်း အများကြီး ထည့်ပေးလိုက်တော့မယ်ဆိုတာကို ကျွန်မသိနေတယ်။


အမေအတွက် ကျွန်မချက်ပြုတ်ချိန်၊ သူနဲ့စကားစမြည်ပြောချိန်မှာ အမေက ကျွန်မကိုပဲ ငေးကြည့်နေတတ်တယ်။ သူ့အကြည့်တွေထဲမှာ ကရုဏာတွေ၊ ချစ်မေတ္တာတွေပါနေခဲ့တယ်။ ကျွန်မဘာပြောပြော ပါးစပ်လေးဟ၊ နားလေးစွင့်ပြီး အမေ ဂရုတစိုက်နားထောင်တယ်။ ကျွန်မအိပ်တဲ့အချိန်မှာတောင် ကုတင်ဘေးမှာထိုင်ပြီး ကျွန်မကို ပြုံးကြည့်နေခဲ့တယ်။


“သမီးကို အမေဒီလောက်ချစ်တာ.. ဘာဖြစ်လို့ သမီးနဲ့အတူ လိုက်မနေတာလဲ အမေ”


“မြို့ပေါ်မှာ တိုက်ကြီးတွေနဲ့ အမေ မနေတတ်ဘူး သမီးရယ်”


အမေ့အိမ်မှာ ရက်ကြာကြာမနေဘဲ အလျင်စလို ကျွန်မပြန်မယ်လုပ်တော့ အမေက နောက်ထပ်တစ်ရက် ထပ်နေဖို့ လိုလိုလားလား တောင်းဆိုပါတယ်။ ရွာနဲ့မိုင်အတော်ဝေးတဲ့ နေရပ်ဆီကို လူလွတ်ပြီး ဈေးဝယ်ထားခိုင်းကြောင်း၊ ကျွန်မကြိုက်တတ်တဲ့ အစားအစာတွေ ကိုယ်တိုင်ချက်ကျွေးဖို့ အမေပြင်ဆင်ထားကြောင်း ပြောတယ်။ အဒေါ့်အိမ်ကနေ ကျွန်မပြန်လာတော့ အမေက စားစရာတွေ စားပွဲခုံအပြည့်နဲ့ ကျွန်မကိုစောင့်နေခဲ့တယ်။


စားပွဲပေါ်က ဟင်းတွေကိုကြည့်ပြီး ကျွန်မ တုန်လှုပ်မိတယ်။ ငါးဟင်းက ငါးကြေးခွံတွေ မပြောင်ဘူး။ ကြက်သားပေါ်မှာ အမွေးတွေ မစင်ဘူး။ မှိုဟင်းထဲမှာလည်း ဆံပင်မွေးတွေနဲ့ ဟင်းတိုင်းက မထိမတို့ရဲလောက်အောင်ပါပဲ။ နုပျိုစဉ်က အမေဟာ အသန့်အလွန်ကြိုက်သူပါ။ ခုတော့ အိုစာလွန်းလို့ အသန့်၊ မသန့်တောင် အမေ မခွဲခြားနိုင်တော့ပါဘူး။ ဟိုမွှေဒီမွှေနဲ့ ကျွန်မအားရပါးရ စားတာကိုမတွေ့တော့ အမေက မသိမသာသက်ပြင်းချတယ်။ နောက်တော့ ကျွန်မကို ညကားနဲ့ ပြန်ဖို့ စီစဉ်ပေးခဲ့တယ်။


ညမှောင်နက်နက်မှာ အမေက ကျွန်မလက်ကိုတွဲပြီး တောလမ်း၊ ရွံ့လမ်းတွေမှာသွားရတာ ကျွန်မ ကျင့်သားမရမှာစိုးလို့ဆိုပြီး ကားပေါ်အထိလိုက်ပို့ခဲ့တယ်။ ကျွန်မကို ဟိုမှာ၊ ဒီမှာနဲ့ ကားထွက်ခါနီးမှ ကားပေါ်က အမေဆင်းတယ်။ ကားပေါ်က အမေအဆင်းမှာ တံခါးနဲ့အင်္ကျီချိတ်မိပြီး အမေ ဟပ်ထိုးလဲတယ်။ ကားပြတင်းပေါက်ကနေ သတိထားဖို့ လှမ်းအော်တဲ့ကျွန်မ အသံကို အမေမကြားခဲ့ဘူး။ တရွေ့ရွေ့ ထွက်သွားတဲ့ ကားနောက်အမေအပြေးလိုက်ရင်း “သမီး.. သမီးကို အမေစိတ်မဆိုးဘူး.. သမီးအလုပ်များနေတယ်ဆိုတာ အမေသိတယ်” လို့ အော်တယ်။


ဒီတစ်ခေါက် အမေ့အိမ်ကျွန်မပြန်ခဲ့တာကို အမေအားရကျေနပ်သွားပုံရတယ်။ ကျွန်မကို အိမ်ပြန်ခဲ့ဖို့ အမေထပ်မပြောခဲ့တော့ဘူး။ အိမ်ကပျော်စရာသတင်းတွေပဲ ကျွန်မကို အမေပြောပြတတ်တယ်။


“အိမ်မှာ လိမ္မာတဲ့နွားလေးတစ်ကောင် ထပ်တိုးတယ်။ နောက်နှစ်နွေဦးရောက်ရင် ခြံထဲမှာ အမေပန်းအပြည့်စိုက်မယ်”


အမေ့စကားတွေက ကျွန်မရင်ကိုနွေးထွေးစေခဲ့တယ်။ နှစ်ကုန်ခါနီးမှာ အမေ့ညီမရဲ့ ဖုန်းကို ကျွန်မရခဲ့ပြန်တယ်။


“သမီးအမေနေမကောင်းဘူး… အမြန်ပြန်ခဲ့ပါ”


ဒီတစ်ခေါက်တော့ ကျွန်မ မယုံတော့ဘူး။ ရှေ့ရက်ကမှ အမေနဲ့ကျွန်မ ဖုန်းပြောခဲ့သေးတယ်။ သူနေကောင်းကြောင်း၊ သူ့ကိုစိတ်မပူဖို့ ပြောခဲ့သေးတယ်။ ဒါပေမယ့် အိမ်ပြန်ခဲ့ဖို့ အဒေါ်က ကျွန်မကို လောနေခဲ့လို့ အမေကြိုက်တတ်တဲ့ ကိတ်မုန့်ဝယ်ပြီး မယုံတစ်ဝက်၊ ယုံတစ်ဝက်နဲ့ ရွာကိုကျွန်မပြန်ခဲ့တယ်။ ရွာရောက်တော့ အဒေါ်က လည်ပင်းရှည်ကြီးနဲ့ ကျွန်မကိုမျှော်နေတယ်။ အမေလာကြိုတာကို မတွေ့တော့ မကောင်းတဲ့နိမိတ်က ကျွန်မရင်ထဲ ရုတ်တရက်တိုးဝင်လာခဲ့တယ်။


ကျွန်မကို အကြောင်းကြားချိန်တည်းက အမေမရှိတော့ကြောင်း၊ စိတ်ချလက်ချနဲ့ သူထွက်ခွာသွားကြောင်း အဒေါ်က ကျွန်မကို ပြောပြတယ်။ လွန်ခဲ့တဲ့နှစ်ဝက်က အမေမှာ ကင်ဆာရောဂါရှိကြောင်း စစ်ဆေးတွေ့ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကို အမေက ဘယ်သူ့ကိုမှ မပြောဘဲ ခါတိုင်းလို အလုပ်တွေလုပ်ရင်း ဘာမှမဖြစ်သလို နေခဲ့တယ်။ အရာအားလုံးကို အစဉ်တကျ စီစဉ်ဆောင်ရွက်ခဲ့တယ်။ အမေ့မှာ မျက်စိတိမ်စွဲနေကြောင်း၊ အရာဝတ္ထုတွေကို ကောင်းစွာမမြင်နိုင်ကြောင်း အဒေါ်က ကျွန်မကိုပြောပြပြန်တယ်။


အမေ့အတွက် ကိတ်မုန့်ကို ရင်ဝမှာထားပြီး ကျွန်မတင်းတင်းလေး ဖက်ထားမိတယ်။ ကျွန်မရင်တစ်ခုလုံး ဟာနေခဲ့တယ်။ အမေက သူ့အတွက် အသက်ရှင်ဖို့ရက်သိပ်မကျန်ကြောင်းသိလို့ ကျွန်မကို မကြာခဏ ဖုန်းဆက်ပြီး ပြန်ခိုင်းခဲ့ပုံရတယ်။ ကျွန်မကို မြင်ရဖို့၊ ကျွန်မနဲ့ စကားတွေပြောရဖို့အတွက် ကျွန်မကို အိမ်ပြန်ခိုင်းခဲ့တယ်။ ကျွန်မ မစားရဲ၊ ချေးများခဲ့တဲ့ မသန့်မရှင်း အမေရဲ့ ဟင်းတွေကလည်း အမေအမြင်တွေ မှုန်ဝါးခဲ့လို့ဖြစ်တယ်။ ကျွန်မကို ကားဂိတ်လိုက်ပို့ခဲ့တဲ့ညက အိမ်အပြန်လမ်းမှာ အမေချော်လဲခဲ့မလား? နမော်နမဲ့နိုင်လွန်းတဲ့ ကျွန်မ ဘယ်တော့မှ သိနိုင်ခဲ့တော့မှာ မဟုတ်ပါဘူး။


အမေ… လူ့ဘဝထဲကနေ နောက်ဆုံး ခွဲထွက်သွားမယ့်အချိန်မှာတောင် မီးခိုးခေါင်းတိုင်ဟောင်းမှာ ခေါင်းလောင်းနွှယ်ပန်းတွေ ပွင့်နေပြီဆိုတဲ့အကြောင်း ကျွန်မကို အားရဝမ်းသာပြောသွားခဲ့တယ်။ ကျွန်မငယ်ငယ်ကဝတ်ခဲ့တဲ့ ခရမ်းရောင်အင်္ကျီလို ပဲခင်းကပန်းတွေ ပွင့်နေတဲ့အကြောင်း ပြောသွားခဲ့တယ်။ အမေက အချစ်တွေ၊ နွေးထွေးမှုတွေကို ချန်ထားခဲ့ပြီး လူ့ဘဝထဲကနေ ဆိတ်ဆိတ်ငြိမ်ငြိမ် ထွက်သွားခဲ့ပါတယ်။


အမေ . . .

ဒီလောကမှာ ကျွန်မကို စိတ်မဆိုးတတ်တဲ့ တစ်ဦးတည်းသောသူဟာ အမေပါ…
ဒီလောကမှာ ကျွန်မအပြန်ကို အမြဲစောင့်ကြိုနေတတ်တဲ့ တစ်ဦးတည်းသောသူဟာ အမေပါ..
အမေရဲ့မေတ္တာ၊ အမေရဲ့ချစ်ခြင်းကြောင့် အမေ့ကိုဒီလောက်အကြာကြီး ကျွန်မစောင့်ခိုင်းရဲခဲ့တာပါ အမေ….



မူရင်းရေးသားသူ - (Liu Ji Rong)


နိုင်းနိုင်းစနေ (Thursday, September 24, 2009)



ကြည်နူးစရာ တောင်းပန်လွှာ
___________________

လက်ထပ်ပြီးခဲ့လည်း သူမက ရည်းစားဖြစ်တုန်းကလိုပဲ သူ့ကိုအနိုင်ယူ၊ စိတ်ကောက်တတ်တုန်း....

...

တစ်နေ့မှာ မိတ်ဆွေနဲ့ချိန်းထားလို့ နှစ်ယောက်သား အိမ်ကထွက်လာခဲ့ကြတယ်။ အိမ်က ထွက်လာတုန်းကအကောင်းပါ။ လမ်းတစ်ဝက်ရောက်တော့ သူမရဲ့ အကျင့်ဆိုးကဖောက်လာပြီး သူ့ကိုအပြစ်ရှာတော့တယ်။ သူက အေးဆေးပြီး စကားနည်းသူပါ။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ သူသည်းမခံနိုင်ခဲ့ဘူး။ သူမကို လမ်းပေါ်မှာ တစ်ယောက်တည်းထားခဲ့ပြီး အိမ်ကို သူလှည့်ပြန်လာခဲ့တယ်။

တစ်ခါမှ သူစိတ်ဆိုးတာကိုမခံဖူးတဲ့ သူမက လမ်းလယ်ခေါင်မှာ မျက်ရည်တွေနဲ့ တစ်ယောက်တည်းကျန်ခဲ့တယ်။ ဒါပေမယ့် အရှုံးမပေးဘဲ စိတ်ကောက်အရွဲ့တိုက်တတ်တဲ့ မိန်းမတို့သဘာဝကို သူမ ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ထားခဲ့တယ်။

ည(၁၁)နာရီ သူမအိပ်ပြန်ရောက်တော့ အိမ်တစ်အိမ်လုံး အမှောင်ချထားဆဲပါ။ သူ အိပ်ပျော်နေပြီလား? သူ ပြန်မလာသေးဘူးလား?
လူခေါ်ဘဲလ်ကိုမနှိပ်ဘဲ သော့ထုတ်ပြီး တံခါးဖွင့်ဖို့ သူမပြင်တော့ တံခါးရွက်မှာ စာရွက်တစ်ရွက် ကပ်ထားတာကို တွေ့လိုက်တယ်။ “ငါ့ကို နင်တောင်းပန်သင့်တယ်” လို့ စာရွက်ပေါ် ရေးထားတဲ့စာကိုတွေ့တော့ သူမ စိတ်တိုမိတယ်။

အိမ်ထဲဝင်ပြီး မီးဖွင့်တံခါးပိတ်တော့ တံခါးရွက်နောက်မှာ စာရွက်တစ်ရွက်ကို သူမတွေ့ပြန်တယ်။ “မတောင်းပန်ချင်ရင် ငါရှုးဖိနပ်ကိုပြောင်နေအောင် တိုက်ပေးလည်းရတယ်” လို့ ရေးထားတာ တွေ့လိုက်ပြန်တော့ သူမ စိတ်ပိုတိုမိပြီး “တိုက်စရာလား” လို့ အော်မိတယ်။

ဖိနပ်ချွတ်ပြီး ဖိနပ်ကို စင်ပေါ်တင်တော့ စာရွက်တစ်ရွက်တွေ့ပြန်တယ်။ “တောင်းပန်ပါ” လို့ ရေးထားတဲ့ စာတိုလေးကို ကြည့်ပြီး သူမပြုံးမိတယ်။ စိတ်ထဲမှာလည်း “တောင်းပန်ရမယ် ဟုတ်လား? တစ်ပတ်လောက် ဂရုမစိုက်ဘဲ ပစ်ထားလိုက်မယ်။ ဘာမှတ်လဲ...” လို့ တစ်ဆက်တည်း တွေးလိုက်မိတယ်။

ကိုယ်လက်သန့်စင်ဖို့ သန့်စင်ခန်းထဲ သူမဝင်တော့ မှန်ပေါ်မှာ ကပ်ထားတဲ့ စာရွက်တစ်ရွက်ကို တွေ့ပြန်တယ်။ “ဘယ်လိုတောင်းပန်ရမယ်ဆိုတာ မသိရင် စာအုပ်စင်ပေါ်ကစာအုပ်မှာ သဲလွန်စရှိတယ်” လို့ ရေးထားတဲ့ စာကို တွေ့ပြန်တယ်။

သိချင်စိတ်နဲ့ စာအုပ်စင်ရှိရာဖက် သူမ အပြေးသွားလိုက်မိတယ်။ စာအုပ်နဲ့ ဖိထားတဲ့ စာရွက်တစ်ရွက်ကို သူမ ယူကြည့်လိုက်တယ်။ “နောက်ကျောက စာနှစ်ကြောင်းကို အသံထွက်ပြီး ရွတ်ပြပါ” လို့ ရေးထားတာမြင်တော့ စာရွက်နောက်ကျောကို သူမ လှန်ကြည့်လိုက်တယ်။ တီဗွီမှာအမြဲလာနေတဲ့ ကြော်ငြာစာသားတစ်ကြောင်းကို သူမတွေ့လိုက်တယ်။
“လတိုင်း စိတ်ညစ်ရတဲ့ ရက်တွေရှိတာ မိန်းမသားတို့ သဘာဝပါ”

ကြော်ငြာစာသားကို ကြည့်ပြီး သူမရယ်ချင်မိတယ်။ နေ့လယ်က စိတ်ဆိုးဒေါသထွက်ပြီး မခေါ်ဘဲပစ်ထားမယ်လို့ တွေးထားတဲ့ အတွေးတွေလည်း ပျောက်ကုန်တယ်။

ကိုယ်လက်သန့်စင်ပြီး အိပ်ရာဝင်ဖို့ သူမပြင်လိုက်တယ်။ တစ်ဖက်လှည့်ပြီး အိပ်မောကျနေတဲ့သူကို စောင်းငဲ့ပြီးတောင် သူမ မကြည့်လိုက်မိဘူး။ မအိပ်ခင်စာဖတ်တတ်တဲ့ သူမရဲ့အကျင့်ကြောင့် ဖတ်လက်စစာအုပ်ကို သူမကောက်ယူလိုက်တယ်။ စာအုပ်ကြားမှာ စာရွက်တစ်ရွက် ထွက်ကျလာပြန်တယ်။

“နင်လည်း စိတ်မကောင်းဖြစ်နေမယ်ဆိုတာ ငါသိပါတယ်။ ငါလည်း ငါ့ကိုယ်ငါ ချင့်ချိန်သင့်ပါတယ်။ ငါ့ကိုနင်အပြစ်ရှာတုန်းက လမ်းတစ်ဖက်မှာ ငါ့သူငယ်ချင်းတွေကို ငါတွေ့လိုက်တယ်။ ငါ့ကို မယားကြောက်ဆိုပြီး စဖို့ သူတို့က လမ်းစလိုက်ရှာနေကြတာ။ နင့်နဲ့ငါ ပြိုင်ငြင်းတာတော့ မဟုတ်ဘူးနော်။ ယောက်ျားပဲကွာ... အိမ်မှာ မိန်းမကို ဘယ်လိုပဲချစ်ချစ်၊ ဘယ်လောက်ပဲကြောက်ကြောက် အပြင်လူရှေ့သူရှေ့ရောက်ရင် မျက်နှာသာတော့ လိုချင်တာပေါ့။ ဘယ်သူမဆို ကိုယ့်မိန်းမနဲ့ သင့်မြတ်ချင်ကြတာချည်းပဲ”

စာဖတ်ပြီး သူမ မှားသွားမှန်းသိလိုက်တယ်။ သူမ လွန်သွားမှန်းလည်း တွေးမိလိုက်တယ်။ ဝမ်းနည်းတဲ့စိတ်နဲ့ သူ့ကို သူမသိုင်းဖက်ပြီး ကိုယ်ကိုဆွဲလှည့်လိုက်တော့ သူ့မျက်နှာပေါ်မှာ စာရွက်တစ်ရွက် ကပ်ထားတာကို တွေ့လိုက်ပြန်တယ်။

စာရွက်ပေါ်မှာက “ငါ့ကို နမ်းပါ” တဲ့......



နိုင်းနိုင်းစနေ (Sunday, June 29, 2008)