(ရင်နင့်စေသော စာစုလေးများ)
တစ်ခါတုန်းက လူတစ်ယောက်ဟာ အိမ်ကို နောက်ကျစွာပြန်ရောက်လာခဲ့တယ် ။ ပြီးတော့ အိမ်ရှေ့မှာ ငါးနှစ်အရွယ်သားလေးကစောင့်ေ နတာတွေ့လိုက်ရတဲ့အတွက်နည်းန ည်းစိတ်အနှောက်အယှက်ဖြစ်သွားတယ် ။ သားဖြစ်သူကမေးတယ် ။
သား - အဖေ ကျွန်တော်အဖေ့ကို မေးခွန်းတစ်ခုလောက်မေးလို့ရ မလား
အဖေ - ရတာပေါ့ ဘာများလဲ
သား - အဖေ ကျွန်တော်အဖေ့ကို မေးခွန်းတစ်ခုလောက်မေးလို့ရ
အဖေ - ရတာပေါ့ ဘာများလဲ
သား - အဖေ တစ်နာရီအတွင်းမှာ ပိုက်ဆံဘယ်လောက်ရသလဲ ဟင်
အဖေ - အဲဒါသားအလုပ်မဟုတ်ပါဘူး ဘာလို့ ဒီလို မေးခွန်းမျိုးမေးရတာလဲ ( ဖခင်က စိတ်ဆိုးစွာနဲ့ပြန်ပြောလိုက်တယ် )
သား - ကျွန်တော်သိချင်ယုံလေးပါ အဖေ ကျွန်တော့်ကိုပြောပြပါ အဖေ တစ်နာရီအတွင်းမှာ ပိုက်ဆံဘယ်လောက်ရသလဲဟင်
အဖေ - အေးလေသိမှဖြစ်မယ်ဆိုရင်လည်း ပြောမယ် တစ်နာရီကို ပိုက်ဆံ ၁၀၀ ရတယ်
သား - အိုး . . ( သားဖြစ်သူခေါင်းငိုက်စိုက်ကျသွားတယ် ) အဖေ ကျွန်တော့်ကို ပိုက်ဆံငါးဆယ်လောက်ချေးလို့ ရမလားဟင်
ဖခင်ဖြစ်သူက ဒေါသအရမ်းထွက်သွားပြီးပြောတ ယ် “ မင်းငါ့ကိုမေးတဲ့ရည်ရွယ်ချက်က ကစားစရာအရုပ်ဝယ်ဖို့ မုန့်ဝယ်စားဖို့ ပိုက်ဆံလိုချင်လို့ တောင်းတာမဟုတ်လား သွား အခု ကိုယ့်အခန်းကိုယ်ပြန်ပြီးအိ ပ်တော့ မင်းဟာ သိပ်တစ်ကိုယ်ကောင်းဆန်တဲ့သားတစ်ယောက်ပဲ အဖေဖြစ်သူကအလုပ်က ပင်ပန်းလာတယ် ဘယ်လောက်နေ့တိုင်းခက်ခက်ခဲခဲအလုပ်လုပ်နေရတယ်ဆိုတာမသိဘူး ကလေးဆန်ဖို့ပဲသိတယ် ” လို့ ကြိမ်းမောင်းလိုက်တယ် ။
သားဖြစ်သူက တိတ်ဆိတ်စွာပဲ အခန်းထဲ ၀င်သွားပြီး တံခါးကိုပိတ်လိုက်တယ် ။
အဖေဖြစ်သူက ထိုင်ခုံမှာ ထိုင်ချလိုက်ပြီး ဒေါသတွေဆက်ထွက်နေခဲ့တယ် ဘာလို့ သူ့သားက ဒီလို ဒေါသထွက်စေတဲ့မေးခွန်းမျိုး မေးရသလဲဆိုတာကိုပေါ့ “ ငါ့ဆီက ပိုက်ဆံလိုချင်ယုံသက်သက်နဲ့ ဘာလို့ ဒီလိုမေးခွန်းမျိုးမေးရဲရတာ လဲ ”
ဒီလိုနဲ့တစ်နာရီလောက်ကြာပြီးတဲ့အခါ ဖခင်ဖြစ်သူ စိတ်ဟာ တဖြည်းဖြည်းဒေါသတွေပြေလာတယ် ပြီးတော့ စပြီးတွေးတယ် ။ “ အင်း သားဟာ တကယ်ပဲ သူလိုအပ်တဲ့အရာဝယ်ဖို့ ငါ့ဆီက ပိုက်ဆံငါးဆယ်ချေးတာလဲဖြစ်နိုင်တာပဲ သူဒီလိုမေးခွန်းမျိုးအရင်က မမေးဖူးပါဘူး ” ဒီလိုနဲ့ ဖခင်ဖြစ်သူဟာ သားရဲ့အခန်းရှေ့မှာ ရပ်ပြီး တံခါးခေါက်လိုက်တယ် ။
“ သားအိပ်ပြီလား ” “ ဟင့်အင်းအဖေ သားနိုးနေတယ် ” ကောင်လေးကပြန်ဖြေတယ် ။ ဖခင်ဖြစ်သူက အခန်းထဲဝင်လာပြီးသားကိုပြော တယ် ။ “ ဒီလိုသားရဲ့ အဖေ စောနတုန်းက သားအပေါ် မာမာထန်ထန်ဆက်ဆံမိတာပါ အဖေအလုပ်အရမ်းပင်ပန်းနေတာလည်းပါတယ်လေ တကယ်ဆို အဖေသားကိုဒေါသမထွက်သင့်ဘူးမ ဟုတ်လားကဲရော့သားလိုတဲ့ငွေငါးဆယ် ” ဆိုပြီးဖခင်က ငွေငါးဆယ်ထုတ်ပေးလိုက်တယ် ။
သားဖြစ်သူက မတ်တပ်ရပ်လိုက်တယ် ပြီးတော့ပြုံးလိုက်တယ် “ အိုး...ကျေးဇူးတင်လိုက်တာအေ ဖ ” ပြီးတော့ သူ့ခေါင်းအုံးအောက်ကနေ ကြေမွနေတဲ့ ပိုက်ဆံအကြွေလေးတွေထုတ်လိုက်တယ် ။ အဖေဖြစ်သူက သားမှာ ပိုက်ဆံရှိနေသေးတာတွေ့သွားတ ယ် ပြီးတော့ စတင်ပြီး ဒေါသပြန်ထွက်လာခဲ့တယ် ။ ကောင်လေးက ပိုက်ဆံတွေကို ဖြည်းဖြည်းချင်းရေတွက်နေတယ် ပြီးတော့ သူ့အဖေ မျက်နှာကိုကြည့်လိုက်တယ် ။
“ မင်းမှာ ပိုက်ဆံအရင်ကတည်းကရှိနေသေးတာကို ဘာလို့ နောက်ထပ်လိုချင်နေသေးတာလဲ ” ဖခင်ဖြစ်သူက ဒေါသတကြီးမေးလိုက်တယ် ။
“ သားမှာ ငွေမလုံလောက်သေးလို့ပါ ဒါပေမယ့်အခုလောက်ပါပြီ ” ကောင်လေးကပြန်ပြောတယ် ။
“ အဖေ သားမှာ အခုငွေတစ်ရာရှိပြီ အဖေ့ရဲ့တစ်နာရီအချိန်ကိုသား ၀ယ်လို့ရမလားဟင် ကျေးဇူးပြုပြီး မနက်ဖြန်အိမ်ကိုစောစောပြန်လာပါနော် သားအဖေနဲ့ညစာအတူစားချင်လို့ ပါ ”
အဖေဖြစ်သူ ဟာ ထိတ်လန့်ကြေကွဲဝမ်းနည်းသွား တယ် ။ သူ့လက်မောင်းတွေနဲ့သားကို အသာအယာပွေ့ဖက်လိုက်ပြီး သူ့ရဲ့ပျက်ကွက်မှုတွေအတွက်မျ က်ရည်တွေစီးကျလာခဲ့တယ် ။
-------------------------- ------------------
ဘ၀မှာ အလုပ်ဆိုတာ လူတိုင်းခက်ခက်ခဲခဲ ကြမ်းတမ်းစွာလုပ်ကြရတယ် ဒါဟာသင်ခန်းစာလေးတစ်ခုပါပဲ ။ ကျွန်တော်တို့ဟာ အချိန်တွေနောက်ကိုဘယ်တော့မှ မလိုက်ရဘူး အတူကုန်ဆုံးသင့်တဲ့လူတွေနဲ့ သာအချိန်ကို အကျိုးရှိစွာ အသုံးချကုန်ဆုံးစေရမယ်မဟုတ် လား သင့်ရဲ့အချိန်တွေကို ငွေကြေး နဲ့တန်ဖိုးမဖြတ်မိပါစေနဲ့ တစ်စုံတစ်ယောက်ရဲ့အချစ်နဲ့ေ မတ္တာတရားအတွက်သာ အချိန်တွေဟာ တန်ဖိုးရှိနေပါစေ
ကျွန်တော်တို့မနက်ဖြန်မှာသေ သွားခဲ့ရင် ကျွန်တော်တို့အခုလုပ်နေတဲ့အ လုပ်တွေနေရာမှာ အရာရာဟာ လွယ်ကူစွာ အစားထိုးဝင်ရောက်သွားမှာပါပဲ ။ လောကကြီးမှာ ကိုယ်မရှိလို့မဖြစ်ဘူးဆိုတဲ့ နေရာ
ဘယ်နေရာမှမရှိပါဘူး ။ နောင်မှ ရတဲ့နောင်တတွေဟာသင့်ဘ၀ကို
အမှားတွေမဖြစ်ပါစေနဲ့ ။ တန်ဖိုးထားသင့်တဲ့အရာကို တန်ဖိုးထားလိုက်ခြင်းကသာ
ဘ၀ရဲ့အနှစ်သာရဖြစ်တယ် ။
သက်တန့်ချို
Life, Love, Money & Time အားခံစားဘာသာပြန်သည် ။
အဖေ - အဲဒါသားအလုပ်မဟုတ်ပါဘူး ဘာလို့ ဒီလို မေးခွန်းမျိုးမေးရတာလဲ ( ဖခင်က စိတ်ဆိုးစွာနဲ့ပြန်ပြောလိုက
သား - ကျွန်တော်သိချင်ယုံလေးပါ အဖေ ကျွန်တော့်ကိုပြောပြပါ အဖေ တစ်နာရီအတွင်းမှာ ပိုက်ဆံဘယ်လောက်ရသလဲဟင်
အဖေ - အေးလေသိမှဖြစ်မယ်ဆိုရင်လည်း
သား - အိုး . . ( သားဖြစ်သူခေါင်းငိုက်စိုက်က
ဖခင်ဖြစ်သူက ဒေါသအရမ်းထွက်သွားပြီးပြောတ
သားဖြစ်သူက တိတ်ဆိတ်စွာပဲ အခန်းထဲ ၀င်သွားပြီး တံခါးကိုပိတ်လိုက်တယ် ။
အဖေဖြစ်သူက ထိုင်ခုံမှာ ထိုင်ချလိုက်ပြီး ဒေါသတွေဆက်ထွက်နေခဲ့တယ် ဘာလို့ သူ့သားက ဒီလို ဒေါသထွက်စေတဲ့မေးခွန်းမျိုး
ဒီလိုနဲ့တစ်နာရီလောက်ကြာပြီ
“ သားအိပ်ပြီလား ” “ ဟင့်အင်းအဖေ သားနိုးနေတယ် ” ကောင်လေးကပြန်ဖြေတယ် ။ ဖခင်ဖြစ်သူက အခန်းထဲဝင်လာပြီးသားကိုပြော
သားဖြစ်သူက မတ်တပ်ရပ်လိုက်တယ် ပြီးတော့ပြုံးလိုက်တယ် “ အိုး...ကျေးဇူးတင်လိုက်တာအေ
“ မင်းမှာ ပိုက်ဆံအရင်ကတည်းကရှိနေသေးတ
“ သားမှာ ငွေမလုံလောက်သေးလို့ပါ ဒါပေမယ့်အခုလောက်ပါပြီ ” ကောင်လေးကပြန်ပြောတယ် ။
“ အဖေ သားမှာ အခုငွေတစ်ရာရှိပြီ အဖေ့ရဲ့တစ်နာရီအချိန်ကိုသား
အဖေဖြစ်သူ ဟာ ထိတ်လန့်ကြေကွဲဝမ်းနည်းသွား
--------------------------
ဘ၀မှာ အလုပ်ဆိုတာ လူတိုင်းခက်ခက်ခဲခဲ ကြမ်းတမ်းစွာလုပ်ကြရတယ် ဒါဟာသင်ခန်းစာလေးတစ်ခုပါပဲ ။ ကျွန်တော်တို့ဟာ အချိန်တွေနောက်ကိုဘယ်တော့မှ
ကျွန်တော်တို့မနက်ဖြန်မှာသေ
သက်တန့်ချို
Life, Love, Money & Time အားခံစားဘာသာပြန်သည် ။
No comments:
Post a Comment