1 2 3 4 5 အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Thursday, 27 December 2012

.နှလုံးသားရဲ့စေရာ................


......................နှလုံးသားရဲ့စေရာ................

"ငါတို့....လမ်းခွဲကြရအောင်.."

"ငါ...ဘာအမှားတွေလုပ်မိလို့လဲ..နင့်အတွက်..ယောက်ျားကောင်းတစ်ယောက်
ငါ မဖြစ်နိုင်လို့လား...နင့်အပေါ်ငါ အကြင်နာတွေ နည်းနေလို့လားဟင်"

"ငါ.....နင့်အပေါ်....နားမလည်နိုင်တော့လို့..ပြီးတော့...ငါ...ငါ...မရှင်းပြတတ်ဘူး
ဟာ...အကောင်းဆုံးက...ငါတို့ ညင်သာစွာနဲ့ ပဲ ..လမ်းခွဲကြရအောင်..နင့်ကို
ငါ မုန်းတယ်လို့ မပြောချင်ဘူးဟာ...."

"နင့်..ဆုံးဖြတ်ချက် ကို ဘယ်လိုမှ မပြင်နိုင်တော့ဘူးပေါ့"

"အင်း...ငါ အကြာကြီးစဉ်းစားပြီးမှ ဆုံးဖြတ်တာ...."

"ကောင်းပြီလေ......"

ထိန်းထားသည့်ကြားမှ ပိုးပိုးပေါက်ပေါက်ကျလာသည့် မျက်ရည်စက်တို့သည်
နှလုံးသားမှ နာကျင်သော ဝေဒနာတို့နှင့်အတူ တလှိမ့်လှိမ့်...ကျဆင်းလျက်
အရမ်းချစ်ပါတယ် ကောင်မလေးရယ်၊ အရမ်းလည်း တန်ဖိုးထားခဲ့တာပါ။....
နင့်အတွက် အချိန်မပေးနိုင်တာ နင့်ကို မချစ်လို့၊ သံယောဇဉ်လျော့လာလို့
မဟုတ်ရပါဘူး.....ငါ့ဘ၀၊ ငါ့ရည်မှန်းချက်၊ ငါ့မျှော်လင့်ချက် အားလုံးကို နင့်
အတွက်ရည်စူးထားလို့ ငါ အလုပ်တွေကျိုးစားနေရတာပါ ကောင်မလေး
ရယ်...။"အကြင်နာဆိုတာ နေ့စဉ်တွေ့မြင်နေရမှ မဟုတ်ပါဘူး...ကိုယ့်အပေါ်
နေ့စဉ် အလေးနက်ထား တတ်သူကပဲ ကြင်နာတတ်သူမဟုတ်ဘူးလားဟာ"
..ငါလေ....အရမ်းချစ်ပါတယ်ဆိုတယ့် စကားထက် လေးနက်တယ့်စကားရှိရင်
နင့်ကိုပြောချင်တယ်.....ချစ်တယ်လို့ ပြောရတာ အားမရလွန်းလို့.......ပြီးတော့
လေ...ထပ်ပြောချင်သေး တယ်...နင်ဟာ ငါ့ဘ၀ရဲ့ ..လက်တွဲဖော်ဖြစ်စေချင်
တာ...တစ်သက်လုံးအတွက်လေ....အခုတော့...နင်ရက်စက်လွန်းတယ်....
ခြောက်နွမ်းနေတယ့် ငါ့ဘ၀ သစ်ပင်ငယ်လေးကို နင်ပဲစိုပြေစေခဲ့တာလေ.
နင့်ကြောင့်..ငါ့ဘ၀စိမ်းလန်းခဲ့ရတယ်....ခုတော့ လေ...နင်က သစ်စိမ်းချိုး
သလို ပိုင်းဖြတ်သွားတော့မှာပေါ့နော်....ကောင်မလေးရယ်........

" ဒီမှာ..ဒီမှာ...ဘာတွေစဉ်းစားနေတာလဲ.....မနက်ဖြန်မနက်ဒီနေရာကို(၇)
နာရီအရောက်နင်လာခဲ့ပါ....အဲ့ဒါ ငါတို့နောက်ဆုံးတွေ့ဆုံခြင်းပဲ..."

"အင်း.....ပါ.... "

"ပြီးရင်...နင်နဲ့ ငါ...ပေးထားသမျှ လက်ဆောင်ပစ္စည်းတွေ ပြန်ပေးကြရ
အောင်...ငါနဲ့ပတ်သက်သမျှ အကုန်ယူခဲ့ပါ...ဒါပဲ...ငါသွားပြီ...."

"အင်းပါဟာ....နင့်သဘောအတိုင်းပါ..." (နှလုံးသားတစ်ခု လုံး ပျက်သုဉ်း
သည်သို့...ခံစားရလေ သည်....အော် ....ရက်စက်လွန်းသူရယ်.)

နောက်နေ့ မနက် (၀၇၀၀)နာရီ

သူမ ရောက်လာသည်။ လက်ထဲတွင်လည်း ကြီးမားသော အထုပ်ကြီးဖြင့်.....

"ရော့ဒီမှာ နင့်ပေးထားတယ့် လက်ဆောင်ပစ္စည်းတွေ...အကုန်ပဲ....အင်္ကျီတွေလဲပါတယ်"

"..................."

"အော်...မေ့လို့...နင်ပေးတယ့်...ထမိန်တော့ ၀တ်ပြီးသားမို့..ငါအသစ်ပြန်ဝယ်ထည့်ထားတယ်"

"...................."

"ဟဲ့...ငါ့ပေးထားတယ့် ပစ္စည်းတွေရော"

အော်...အသဲမာလိုက်တယ့်ချစ်သူရယ်....မင်းကလေး တည်ငြိမ်လွန်းတယ်နော်...ငါကို တကယ်ကြီး
မုန်းနေပြီပေါ့......အင်းပါ နင်က ပြန်လိုချင်တယ်ဆို...ငါပြန်ပေးပါ့မယ် ချစ်သူရယ်......

"ရော့...ဒါတွေကနင်ဝယ်ပေးထားတယ့် လုံချည်နဲ့ ဘောင်းဘီ"

"အင်း..."

"ဒီအိတ်ထဲမှာက နင်ပေးထားသမျှ မှတ်စုစာအုပ်တွေ၊ကီးချိန်းတွေ၊ ဗယ်လင်တိုင်းပစ္စည်း တွေ အို
...အကုန်....အကုန်ပါတယ်..ကွာ...ငါဘာမှချန်မထားဘူး...စစ်ကြည့်ဦး"

သူမသည် (၅)မိနစ်ခန့် စစ်ဆေးပြီးနောက်....
"အိုကေ....ကောင်းပြီလေ..အားလုံးစုံတယ်.....ကဲ ...ငါတို့...လမ်း ခွဲ ကြတာပေါ့ နော်....ဘိုင့်.."

အို.....ချစ်၇သူ ကျောခိုင်းလေပြီ......နှလုံးသားက စစ်စစ်စစ်စစ် နဲ့ နာနေရပြီ..ချစ်သူရဲ့...

"...သဲ......"
တရွေ့ရွေ့ ထွက်ခွာသွားသော ချစ်ရသူ လေး...."ကို" ခေါ်တာတောင်...မကြားလေပြီလား...
"သဲ......သဲရေ..."

မထူး.................

"ဒီမှာ......တစ်ခုကျန်ခဲ့သေးတယ်......ယူသွားဦး..."

"ဘာလဲ......."

ဘာမှ...ပြောနိုင်စွမ်းမရှိအောင် နှုတ်ဖျားကဆွံ့အနေပြီမို့....ချစ်သူလက်ထဲ အသာထည့်ပေးလိုက်၏..
............
............ရုပ်ရှင်လက်မှတ်နဲ့...ပန်းခြံလက်မှတ်ကလေးတွေ...(သူနဲ့ အတူသွားတုန်းက ဟာတွေပေါ့...)

ကဲ......ဇာတ်လမ်းက ပြီးသွားပါပြီ......သွားပြီချစ်ရယ်.....ရင်နာစွာနဲ့...လမ်းခွဲခဲ့ပါတယ်.....ဂရိ တွေယုံ
ကြည်သလို...ငါဟာ နင့်ရဲ့ ပျောက်နေတယ့် အခြမ်း...မဖြစ်နိုင်တော့ဘူးပေါ့............
ချစ်သူ့ထံပါးမှ.....တစ်လှမ်းချင်း ခွာလို့...ခွာလို့....လှမ်း...နေ...တုန်း...........

...................

"......ကို.....!!! "

ဘုရား...ဘုရား.....နားကြားများလွဲနေရော့လား.......

"..ကို...."

ကျောပြင်ဆီမှ ပူနွေးသောအထိတွေ့ နှင့်အတူ.....
သိုင်းဖက်လာသော.....ချစ်သူ့..လက်..က..လေး...တစ်စုံ
အို...ချစ်သူငိုနေပါပေါ့..လား...မငိုပါနဲ့ ချစ်ရယ်...

"ကို့.....ကို.. ချစ်တယ်....."
"..သဲကို...အမြဲတန်ဖိုးထားပေးပါနော်....သဲနဲ့ပတ်သက်သမျှ.....အရာအားလုံးကို....ခုလိုမျိုး အမြဲ
တန်ဖိုးထား..ထိမ်းသိမ်းပေးပါ နော်.....နော်...နော်....."

"အော်......စိတ်ချပါ ချစ်သူရယ်......."

Kasino........ '}*{'

ချစ်ခွန်းတုံ့သီ မပြောသာပြီ..........

..........ချစ်ခွန်းတုံ့သီ မပြောသာပြီ..........

စပါတန်မြို့မှာရှိကြတယ့် ယောက်ျားသားတွေ အားလုံး ...စစ်တိုက်ထွက်ဖို့ ..စုဝေးပြင်ဆင်နေကြတယ်..

စစ်တိုက်သွားတော့မယ့်စစ်သည်ကို သူ့ချစ်သူ စပါတန်သူလေးက ...အလွမ်းတွေသယ်ရင်း..အမှာပါးနေရှာတယ်..

“..ရှင် တိုက်ပွဲအောင်လာရင် ဒိုင်းကိုပိုက်ပြီး ပြန်လာပါ....နိုင်ငံအတွက် အသက်ပေးခဲ့ရရင်တောင်..ဒိုင်းပေါ်စီးပြီးပြန်လာပါ..နော်”

သူတို့ခေတ်က ဒိုင်းတွေက လေးထောင့်စပ်စပ် ..အရှည်ကြီးတွေပါ။..သူရဲကောင်းတစ်ယောက်တိုက်ပွဲကျ ရင် ..ဒိုင်းကို..ထမ်းစင်လိုအသုံးပြ
ပြီး...ပြန်သယ်လာလေ့ရှိကြတယ်...

“..ရှင်..ဘယ်လိုပဲ ပြန်လာ..ပြန်လာ..ကျွန်မ ကြိုနေမယ်..နော်..”

ဒီလိုနဲ့ သူ့ချစ်သူကောင်လေးဟာ..ဓားတစ်ဖက်..ဒိုင်းတစ်ဖက်ဆွဲပြီး..ကောင်မလေးကို နှုတ်ဆက်အနမ်းတစ်ပွင့်ခြွေကာ..
တရွှေ့ရွှေ့ထွက်သွားလေရဲ့...
-------------------------------------------------------------------------------------------

ဒီလိုနဲ့...

ဒီလို..နဲ့........

လပေါင်းများစွာ ကြာပြီးနောက်...စပါတန် စစ်သည်တွေပြန်လာကြတယ်...တိုက်ပွဲလည်းအောင်ခဲ့ပါရဲ့..

တစ်မြို့လုံး..သောင်းသောင်းဖြဖြ..ကြိုနေကြတယ်...

စပါတန်သူလေးကလည်း...ပုဝါဖြူလေး ၇မ်းကာ..ရမ်းကာနဲ့....ချစ်သူအလာကို...မြို့ဦးကနေကြိုနေရှာတယ်..

အလှဆုံး...အမွေးဆုံး...ပြင်လို့ဆင်လို့ပေါ့....ချစ်သူအတွက် ပန်းကုံးလေးလည်း သူမကိုယ်တိုင်..သီထားလေရဲ့

...ပြန်လာမည့်..ချစ်သူမောင်တော်ကို..အံ့အားသင့်သွားအောင်ပြမယ်ဆိုပြီး...လက်ကလေးနောက်ပစ်ပြီး..၀ှက်ထားလေရဲ့..

ဟော....တွေ့ပြီ..တွေ့ပြီ..

အချစ်ဆုံး..ချစ်ရသူ....အမျှော်လင့်ကြီး မျှော်လင့်နေရသူ......သူရဲကောင်းလေး.....

သူ.........ဒိုင်းလေးကိုတော့ ကိုင်မထားရှာဘူး....ဒိုင်းပေါ်မှာ ငြိမ်သက်စွာ လဲလျောင်းပြီး..ပါလာလေရဲ့..သူရဲကောင်းတို့ရဲ့ အမှတ်တံဆိပ်
အဖြစ် ..ရင်ဘတ်မှာ ချင်းချင်းနီနေတယ့်သွေးတွေက ..သူဘယ်လောက် ပေးဆပ်ခဲ့ရသလဲ...သက်သေပြနေလေရဲ့.....

တစ်သဲ့သဲ့..ရှိုက်သံတွေနဲ့ အတူ...ဝေ့၀ဲကျဆင်းလာတယ့်.စပါတန်သူလေးရဲ့ မျက်ရည်တွေဟာ.....ညှိုးဟန်မပြပဲ..ရွာချလိုက်တယ့်
မိုးလိုပဲ.....

အသက်မဲ့ ချစ်သူခန္ဒာကို ဖက်ပြီး...တသိမ့်သိမ့်နဲ့ ငိုနေလေရဲ့..........
ဘေးနားက စပါတန်သူတွေအားလုံးကလည်း ၀ိုင်းဖေးမနေကြရ တယ်....

.......

!!!!!!!!!!!!!!!

...............ရုတ်တ၇တ်.......

ငိုနေရင်းကနေ သူမ စကားတစ်ခွန်း အားလုံးကြားအောင် အော်ပြောလိုက်တယ်.....

“ဒါ...ကျွန်မ ချစ်သူ မဟုတ်တော့ဘူး..”

.....!!!...

အလို..!! ဘာဖြစ်သွားပါလိမ့်.....

..အားလုံး...အံ့အားသင့်ပြီး...မှင်သက်ကုန်ကြတယ်..

ကောင်မလေး ချစ်သူကို တ ရင်းရူးများသွားသလား..

...သူ့ချစ်သူကိုပဲ စွန့်ခွာတော့မလို့လား...သို့လော..သို့လော

အတွေးကိုယ်စီနဲ့ပေါ့..

....ပတ်ဝန်းကျင်တစ်ခုလုံးက....ထိတ်လန့် အံ့သြမှုကြောင့်..တိတ်ဆိတ်ကုန်ကြတယ်...

အဲ့ဒီ..အချိန်မှာပဲ..

..သူမ

နောက်ထပ်..တစ်ခွန်းထပ်ပြောလိုက်တယ်.....

..
.

“..သူ..စပါတန်သူတွေ အား လုံး ရဲ့...ချစ်သူ..ဖြစ်သွား ပါပြီ..”


(လက်ခုပ်သံတွေ ဆူညံသွားသလို အမျိုးသမီးတွေအားလုံး သူ့ကိုပြေးဖက်လိုက်ကြတယ်...မျက်ရည်ကိုယ်စီနဲ့)..
-----------------------------------------------------------------------------------------------------------------

Karsino
(With Shield or on it! ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

Thursday, 13 December 2012

တစ်ခါတုန်းက Online story လေးတစ်ခုမှာပေါ့ !!

တစ်ခါတုန်းက Online story လေးတစ်ခုမှာပေါ့ !!
ကောင်လေးနဲ့ကောင်မလေးက အရမ်းကိုချစ်ကြသတဲ့
( တစ်ယောက်နဲ့တစ်ယောက် အပြင်မှာလုံးဝမမြင်ဖူးကြပဲနဲ့ပေ
ါ့ )

ဒီလိုနဲ့ပဲ သူတို
့နှစ်ယောက်ရဲ့ သံယောဇဉ်တွေခိုင်မာလာတဲ့အချိန်ကျမှ အကြောင်းအရင်းတစ်ခုခုက သူတို့ကို ဝေးသွားစေဖို့ဖြစ်လာခဲ့တယ်။
သူတို့နှစ်ယောက်က ဘယ်လိုမှ ပေါင်းစပ်ဖို့မဖြစ်နိုင်မှန်း ကောင်လေးရော ကောင်မလေးရော ကြိုသိခဲ့ကြတယ် ။

သူ့ကိုဆက်ချစ်နေရင်အချိန်တွေကြာလာတဲ့အခါ ကောင်မလေးခံစားရမှာစိုးတဲ့စိတ်နဲ့
ကောင်လေးက ကောင်မလေးနာကျင်နိုင်မယ့် စကားလုံးတွေ သုံးပြီးကောင်မလေးကို ထားခဲ့လိုက်တယ် ။ ကောင်မလေးကလည်း ကောင်လေးက သူမကို တကယ်ချစ်မှန်းသိပါတယ် ။ ဒီလို စကားလုံးတွေက သူမကို နာကျင်စေဖို့ထက် သူမ ကောင်လေးကို ပိုပြီး သနားသွားခဲ့တယ် ။ ဒါပေမယ့် ကောင်လေးအလိုကျ သူမကလည်း ကောင်လေးအနားကနေ အလိုက်တသိရှောင်ဖယ်ပေးခဲ့တယ် ။

ဒီလိုနဲ့ .. ..
သူတို့နှစ်ယောက် အချိန်အတော်ကြာ အဆက်အသွယ်တွေပြတ်ခဲ့တယ် ။
( ဒါပေမယ့် တစ်ယောက်ကိုတစ်ယောက် မေ့မရနိုင်သေးတာတော့ အမှန်ပေါ့ )

မမျှော်လင့်ထားတဲ့ တစ်နေ့မှာ ..
ကောင်မလေးဆီကို Message လေးတစ်စောင် ဝင်လာခဲ့တယ်လေ ။
( သူမ အရမ်းချစ်ရသော ကောင်လေးဆီကပေါ့ )

ကောင်လေး ။ ။ " သူငယ်ချင်း နင် အဆင်ပြေရဲ့လား ?? ငါတော့ လုံးဝအဆင်မပြေဘူး ။ ငါကောင်မလေးတစ်ယောက်ကို အခုထိချစ်နေတုန်းပဲ။ ငါဘယ်သူတွေနဲ့ ဘယ်လောက်တွဲတွဲ နောက်ဆုံးတော့ စိတ်က သူ့ဆီပဲပြန်ရောက်တယ် ။ သူနဲ့ငါနဲ့က မဖြစ်နိုင်မှန်းလည်း သိတယ်ဟာ။ အတတ်နိုင်ဆုံးတော့ ငါ သူ့ကို ပျော်ရွှင်စေချင်တာပေါ့ ။ သူ့အတွက် ကောင်းမယ်ထင်ပြီး လုပ်လိုက်တဲ့အရာအားလုံးက သူ့အတွက်အဆိုးတွေပဲဖြစ်စေခဲ့တယ်လေ ။ အခု ငါ ဘာဆက်လုပ်ရတော့မလဲ ?? "

ကောင်မလေး ။ ။ အဲဒီကောင်မလေးက ငါ မဟုတ်လားဟင် ?? နင် မလိမ်ပါနဲ့တော့ ။ ရိုးရိုးသားသားဝန်ခံရရင် ငါလည်း နင့်ကို အခုချိန်ထိ ချစ်နေသေးတာအမှန်ပဲ "

ကောင်လေး ။ ။ အင်း !! ငါ နင့်ကို သိပ်ချစ်တယ်ဟာ ။ ဒါပေမယ့် ငါ့ကို သူငယ်ချင်းတစ်ယောက်လိုပဲ နေပေးပါတော့ ။ နင်နဲ့ငါ မဖြစ်နိုင်မှန်းလည်း သိကြပြီပဲ ။ နင်ဝမ်းနည်းတဲ့အချိန်တိုင်း အနားမှာ မရှိပေးနိုင်ပေမယ့် နင့်ကိုငါ အမြဲတမ်းအားပေးမယ်လေ ။ နင်ပျော်ရွှင်တဲ့အချိန်တိုင်းမှာလည်း ငါတို့မျှဝေခံစားကြတာပေါ့။

ကောင်မလေး ။ ။ အင်းပါ!!ငါလည်း နင်နဲ့လက်ထပ်ရဖို့မမျှော်လင့်တော့ပါဘူး။ အချစ်စစ်ဆိုတာပေါင်းစပ်ခွင့်မရှိရင်တောင် ကိုယ့်ချစ်သူပျော်နေရင်ပဲ စိတ်ချမ်းသာရတယ်မဟုတ်လား!


{ မယ်ပိုး }

Heart Canteen

Monday, 10 December 2012

တကယ်ချစ်ပါသော်လည်း

တကယ်ချစ်ပါသော်လည်း

ဘယ်တော့မှ မခွဲကြေးလို့ ကတိပေးခဲ့ဖူးတဲ့ ချစ်သူ စုံတွဲ တစ်ခု အမေရိကန် မှာ ရှိခဲ့ပါတယ်။ ကောင်လေးကလည်း ကောင်မလေးကို ချစ်သလို၊ ကောင်မလေးကလည်း ကောင်မလေးကို သိပ်ချစ်ရှာသတဲ့။


သို့ပေမယ့် ကောင်လေးဟာ အလုပ်သိပ်အဆင်မပြေရှာပါဘူး။ ကုမ္မဏီ တစ်ခုမှာ ရိုးရိုးဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။ ဘဝအကြောင်း စဉ်းစားတဲ့အခါ ချစ်သူကို လက်ထက်နိုင်ဖို့ဆိုတာ သူ့အတွက် အခဲယဉ်းဆုံး အလုပ် ဖြစ် ပါတယ်။ ချစ်သူဘက်ကလည်း လမ
်းခွဲ စကား စဆိုပါပြီ။ လမ်းခွဲ စကားရယ်လို့ တိုက်ရိုက် မသက်ရောက်ပေမယ့် ဘယ်တော့မှ ပြန်မတွေ့ ရအောင် ဝေးရမယ့်အနေအထား ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ ကိုသွားပြီး တက္ကသိုလ်တက်ဖို့ အတွက် ကောင်မလေး က ဆိုပါတယ်။ ပညာသင်ဆု ရရှိထားတဲ့အတွက် တက္ကသိုလ်ပြီးရင်တောင် ပဲရစ်မှာပဲ အလုပ်လုပ်ပြီး ဘဝကို အဆုံးသတ်သွားမယ် ဆိုတဲ့ စကားကို ဆိုလာပါတယ်။ ကောင်လေး မငြင်း နိုင်ပါဘူး။ ချစ်သူအတွက် လုံလောက်တဲ့ ဘဝ တစ်ခု မဖန် တီးနိုင်သေးတော့ လက်တလောတော့ လမ်းခွဲဖို့ သူဆုံးဖြတ်လိုက်ပါတယ်။ ဒါနဲ့ ချစ်သူအတွက် ရည်ရွယ်ပြီး ခေါက် ထားတဲ့ စက္ကူကြယ် တစ်ထောင် ပါတဲ့ ဗူးလေး တစ်ခု လက်ဆောင်ပေးခဲ့ပါ တယ်။

လမ်းခွဲပြီး ဘဝကိုနာကျည်းတဲ့ ကောင်လေးက အလုပ်ကြိုးစားပါတယ်။ အလုပ်လုပ်ရင်း၊ ပညာဆည်းပူးရင်းနဲ့ ၃ နှစ်အတွင်း အံ့မခန်းကြီးပွားလာ ပါတယ်။ အများကြီး သိပ်မဟုတ်တောင် ကိုယ်ပိုင်ကား၊ ကိုယ်ပိုင် ကွန်ဒို၊ ကိုယ်ပိုင် ကုမ္မဏီငယ်လေး တစ်ခု စထောင်နိုင်တဲ့ အနေအထားကို ရောက် ရှိသွားပါတယ်။ စိတ်ကော၊ နှလုံးသားထဲမှာပါ သူ့ချစ်သူအတွက် နေရာ ချန်ထားဆဲမို့ အချစ်ရေး လုံးဝမစဉ်းစားခဲ့ပါဘူး။

တစ်နေ့တော့ မိုးရွာထဲမှာ ကားမောင်းရင်း သူ့ချစ်သူဟောင်းရဲ့  မိဘ နှစ်ဦး လမ်းလျှောက်နေတာကို တွေ့သွားပါတယ်။ ဒါနဲ့ သူ့လက်ရှိအနေ အထား ကို ပြောပြီး သမီးနဲ့ သဘောတူစေလိုကြောင်း စကားလက်စုံပြော ဖို့ ခေါ်မယ် လို့ ဆုံးဖြတ်လိုက်ပါတယ်။ သို့ပေမယ့် ချစ်သူ မိဘ နှစ်ဦးက သင်္ချိုင်း တစ်ခု ထဲ ဝင်သွားတာကို တွေ့လိုက်ရပါတယ်။ ဒါနဲ့ သင်္ချိုင်းထဲ ထိလိုက်ဝင်ကြည့် လိုက်ချိန်မှာတော့ အုတ်ဂူ တစ်ခုမှာ သူ့ချစ်သူ အပြုံးမျက်နှာနဲ့ ဓာတ်ပုံတစ်ခု တင်ထားတာကို တွေ့လိုက်ပါတယ်။

သူနားလည်သွားပါပြီ။ ဖြစ်ပုံအကြောင်းစုံ သိဖို့ ချစ်သူ မိဘဆီမေးပါ လိုက်တဲ့ အခါ-

ကင်ဆာရောဂါကြောင့် သူမ ဆုံးသွားတာ ၁ နှစ်ရှိပြီ။ ကောင်လေးအပေါ် သူတကယ်ချစ်ခဲ့ပါတယ်။ ချစ်သူပေးတဲ့ ကြယ်ဗူးလေးဟာ ဆေးရုံမှာ တုန်းကရော အခုရော သူနဲ့အတူ ရှိနေတယ်လို့ သိလိုက် ရပါတယ်။ ပညာသင်ဆု ရတယ်ဆိုတာကလည်း အကြံဖန် ဇာတ်လမ်း သာ ဖြစ်ပြီး ကောင်လေးကနေ အမြန်ဆုံး ထွက်ခါချင်လို့ သုံးလိုက်တဲ့ ပရိယာယ်ဖြစ်ပါတယ်။

အမှန်တော့ ကင်ဆာရောဂါရှိနေတဲ့ ဖြစ်နေတာကို အမှန်အတိုင်းဖွင့်ပြောပြီး ခရီးလက်ကျန် အတူဆက်လို့ ရပေမယ့် ကောင်လေး နာကျင်မှာကို မလိုလား ပါဘူး။ အချစ်ဆိုတာ အချို့ သူတွေအတွက် အေးအတူ ပူအမျှလို့ ယူဆ ပေမယ့် သူမအတွက်တော့ နာကျင်တဲ့ ဝေဒနာကိုတော့ မမျှဝေလိုပါ ဘူး။

သေခွဲခွဲရတာထက် ရှင်ခွဲခွဲခြင်းဟာ အနာသက်သာမယ်လို့ ယူဆတဲ့ သူမ ကတော့ ချစ်သူကို လိမ်လည်ထားရစ်ခဲ့ပါတယ်။ တမလွန်မှာတောင် စုံစည်း နိုင်တယ်ဆိုပြီး အချစ်စွဲစွဲလို့ အတူ သယ်သွားတဲ့ စက္ကူဗူးလေး ကတော့ တစ်ချိန်မှာ မြေမှု့န်ဖြစ်သွားမှာပါ။ သို့ပေမယ့် နောက်ဆုံးမှာ အမှန်ကို သိလိုက်ရတဲ့ ကောင်လေးရဲ့  နှလုံးသား နာကျင်မှု ကတော့ သေသည့်တိုင် အနာဖြစ်ကျန်ခဲ့ရတော့မှာ ဖြစ်ပါတယ်။
--
Via:hearttouching,,,,International news for myanmar

Friday, 7 December 2012

တခါက အရမ်းချစ်ကြပြီး လက်ထပ်ဖို့ ပြင်ဆင်ထားတဲ့ စုံတွဲတစ်တွဲရှိတယ်

တခါက အရမ်းချစ်ကြပြီး လက်ထပ်ဖို့ ပြင်ဆင်ထားတဲ့ စုံတွဲတစ်တွဲရှိတယ် ... ဖြစ်ချင်တော့ ... လက်မထပ်ခင် တစ်လလောက်အလို ... ကောင်မလေးက ကား accident ဖြစ်ပြီး ... မျက်နှာမှာ သေရာပါတဲ့ အမာရွတ်တွေနဲ့ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားပါတယ် ။

အဲ့ဒါနဲ့ ကောင်မလေးက


သူ့ချစ်သူကောင်လေးဆီကို ဖုန်းဆက်လိုက်တယ် ။

"ငါနင့်ကိုလက်မထပ်နိုင်တော့ဘူး .. လှပတဲ့ကောင်မလေးတစ်ယောက်ယောက်ကိုပဲ နင်လက်ထပ်လိုက်ပါ ... တသက်လုံး ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ မိန်းမတစ်ယောက်နဲ့ နင်အတူနေနိုင်မှာ မဟုတ်ဘူးဆိုတာ ငါသိပါတယ် ... ငါကနင့်အတွက် တန်ဖိုးမရှိတော့ပါဘူးဟာ" ...

သူ့ကောင်လေးက အခုလိုပြန်ပြောတယ် ..

" နင်နဲ့မတွေ့တဲ့ ဒီရက်ပိုင်းမှာ ရမ်းကားတဲ့လူတစ်စုက ငါ့ကို ၀ိုင်းပြီးထိုးကြိတ်ကြတယ် ... အပြင်ကဒဏ်ရာတွေက ကျက်သွားခဲ့ပေမယ့် ... ခေါင်းကိုထိခိုက်မိတဲ့ ဒဏ်ကြောင့် ငါတသက်လုံးမျက်စိမမြင်နိုင်တော့ဘူးလို့ ဆရာဝန်တွေက ငါ့ကိုပြောခဲ့တယ် ... ဒါကြောင့် တကယ်တမ်း ကိုယ့်ချစ်သူကို အရှက်ရစေတဲ့လူဟာ ငါပါဟာ ... နင်ရုပ်ပျက်ဆင်းပျက် ဘယ်လောက်ဖြစ်ဖြစ် ... ငါနင့်ကိုမြင်နိုင်မှာ မဟုတ်ပါဘူး ... ဖြစ်နိုင်ရင် ငါ့ရဲ့လက်ထပ်ခွင့်ကို မငြင်းဆန်လိုက်ပါနဲ့နော် "

ဒီလိုနဲ့ကောင်လေးနဲ့ ကောင်မလေးတို့ လက်ထပ်လိုက်ကြတယ် ... ... နှစ်ပေါင်းအတော်ကြာတဲ့အထိ သူတို့နှစ်ယောက်ဟာ နားလည်မှုတွေ ချစ်ခြင်းတရားတွေနဲ့ အရာရာကို အတူတကွ ရင်ဆိုင်ကျော်ဖြတ်ခဲ့ပါတယ် ...

အိမ်ထောင်သက်နှစ် နှစ်ဆယ်အရောက်မှာတော့ ... ဇနီးဖြစ်သူ ကောင်မလေး ကွယ်လွန်သွားခဲ့တယ် ။ အသုဘအခမ်းအနားပြီးတော့ ... ဇနီးဖြစ်သူရဲ့ အုတ်ဂူရှေ့မှာ ယောကျာ်းဖြစ်သူ ကောင်လေးက မျက်ရည်တွေစီးကျလာပြီး ... အခုလို တီးတိုးပြောလိုက်ပါတယ် ။

"နင်ထင်ခဲ့သလို ငါ မျက်မမြင်တစ်ယောက် မဖြစ်ခဲ့ပါဘူး ... ချစ်သူရဲ့အမြင်မှာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ လူတစ်ယောက်အဖြစ် မနေလိုတဲ့ နင့်ကို လက်ထပ်နိုင်ဖို့အတွက် ငါဟန်ဆောင်ခဲ့တာပါ ... နင့်ကိုချစ်လွန်းလို့ ပိုင်ဆိုင်ခွင့်ရဖို့ ဟန်ဆောင်မိခဲ့တဲ့ ငါ့ကို ခွင့်လွှတ်ပါဟာ ... ငါနင့်ကို သေတဲ့အထိ ချစ်နေဦးမှာပါ " တဲ့ .