1 2 3 4 5 အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Thursday, 13 December 2012

တစ်ခါတုန်းက Online story လေးတစ်ခုမှာပေါ့ !!

တစ်ခါတုန်းက Online story လေးတစ်ခုမှာပေါ့ !!
ကောင်လေးနဲ့ကောင်မလေးက အရမ်းကိုချစ်ကြသတဲ့
( တစ်ယောက်နဲ့တစ်ယောက် အပြင်မှာလုံးဝမမြင်ဖူးကြပဲနဲ့ပေ
ါ့ )

ဒီလိုနဲ့ပဲ သူတို
့နှစ်ယောက်ရဲ့ သံယောဇဉ်တွေခိုင်မာလာတဲ့အချိန်ကျမှ အကြောင်းအရင်းတစ်ခုခုက သူတို့ကို ဝေးသွားစေဖို့ဖြစ်လာခဲ့တယ်။
သူတို့နှစ်ယောက်က ဘယ်လိုမှ ပေါင်းစပ်ဖို့မဖြစ်နိုင်မှန်း ကောင်လေးရော ကောင်မလေးရော ကြိုသိခဲ့ကြတယ် ။

သူ့ကိုဆက်ချစ်နေရင်အချိန်တွေကြာလာတဲ့အခါ ကောင်မလေးခံစားရမှာစိုးတဲ့စိတ်နဲ့
ကောင်လေးက ကောင်မလေးနာကျင်နိုင်မယ့် စကားလုံးတွေ သုံးပြီးကောင်မလေးကို ထားခဲ့လိုက်တယ် ။ ကောင်မလေးကလည်း ကောင်လေးက သူမကို တကယ်ချစ်မှန်းသိပါတယ် ။ ဒီလို စကားလုံးတွေက သူမကို နာကျင်စေဖို့ထက် သူမ ကောင်လေးကို ပိုပြီး သနားသွားခဲ့တယ် ။ ဒါပေမယ့် ကောင်လေးအလိုကျ သူမကလည်း ကောင်လေးအနားကနေ အလိုက်တသိရှောင်ဖယ်ပေးခဲ့တယ် ။

ဒီလိုနဲ့ .. ..
သူတို့နှစ်ယောက် အချိန်အတော်ကြာ အဆက်အသွယ်တွေပြတ်ခဲ့တယ် ။
( ဒါပေမယ့် တစ်ယောက်ကိုတစ်ယောက် မေ့မရနိုင်သေးတာတော့ အမှန်ပေါ့ )

မမျှော်လင့်ထားတဲ့ တစ်နေ့မှာ ..
ကောင်မလေးဆီကို Message လေးတစ်စောင် ဝင်လာခဲ့တယ်လေ ။
( သူမ အရမ်းချစ်ရသော ကောင်လေးဆီကပေါ့ )

ကောင်လေး ။ ။ " သူငယ်ချင်း နင် အဆင်ပြေရဲ့လား ?? ငါတော့ လုံးဝအဆင်မပြေဘူး ။ ငါကောင်မလေးတစ်ယောက်ကို အခုထိချစ်နေတုန်းပဲ။ ငါဘယ်သူတွေနဲ့ ဘယ်လောက်တွဲတွဲ နောက်ဆုံးတော့ စိတ်က သူ့ဆီပဲပြန်ရောက်တယ် ။ သူနဲ့ငါနဲ့က မဖြစ်နိုင်မှန်းလည်း သိတယ်ဟာ။ အတတ်နိုင်ဆုံးတော့ ငါ သူ့ကို ပျော်ရွှင်စေချင်တာပေါ့ ။ သူ့အတွက် ကောင်းမယ်ထင်ပြီး လုပ်လိုက်တဲ့အရာအားလုံးက သူ့အတွက်အဆိုးတွေပဲဖြစ်စေခဲ့တယ်လေ ။ အခု ငါ ဘာဆက်လုပ်ရတော့မလဲ ?? "

ကောင်မလေး ။ ။ အဲဒီကောင်မလေးက ငါ မဟုတ်လားဟင် ?? နင် မလိမ်ပါနဲ့တော့ ။ ရိုးရိုးသားသားဝန်ခံရရင် ငါလည်း နင့်ကို အခုချိန်ထိ ချစ်နေသေးတာအမှန်ပဲ "

ကောင်လေး ။ ။ အင်း !! ငါ နင့်ကို သိပ်ချစ်တယ်ဟာ ။ ဒါပေမယ့် ငါ့ကို သူငယ်ချင်းတစ်ယောက်လိုပဲ နေပေးပါတော့ ။ နင်နဲ့ငါ မဖြစ်နိုင်မှန်းလည်း သိကြပြီပဲ ။ နင်ဝမ်းနည်းတဲ့အချိန်တိုင်း အနားမှာ မရှိပေးနိုင်ပေမယ့် နင့်ကိုငါ အမြဲတမ်းအားပေးမယ်လေ ။ နင်ပျော်ရွှင်တဲ့အချိန်တိုင်းမှာလည်း ငါတို့မျှဝေခံစားကြတာပေါ့။

ကောင်မလေး ။ ။ အင်းပါ!!ငါလည်း နင်နဲ့လက်ထပ်ရဖို့မမျှော်လင့်တော့ပါဘူး။ အချစ်စစ်ဆိုတာပေါင်းစပ်ခွင့်မရှိရင်တောင် ကိုယ့်ချစ်သူပျော်နေရင်ပဲ စိတ်ချမ်းသာရတယ်မဟုတ်လား!


{ မယ်ပိုး }

Heart Canteen

No comments:

Post a Comment