1 2 3 4 5 အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Monday, 28 January 2013

ဖြစ်ရပ်မှန်လေးတဲ့


ဖြစ်ရပ်မှန်လေးတဲ့ 
အင်းးးးးးး
ဖတ်ကြည့်ကြပါအုံးနော်
စိတ်မကောင်းစရာပဲ
တစ်ချိန်တုန်းက ဖြစ်ခဲ့တဲ့ စိတ်မကောင်းစရာဖြစ်ရပ်လေး တစ်ခုပါ။ မှတ်မှတ်ရရ (၂၀၁၀) တုန်းကပါ။ အဲဒီကိစ္စကို သိလိုက်တဲ့ သူတွေလည်း ရှိချင်ရှိမယ်။ မသိသေးတဲ့ သူတွေလည်း ရှိချင်ရှိမှာပါ။ သတိပြုစရာလေးမို့ ပြန်တင်ပေးလိုက်ပါတယ်။ မရှိတော့ပြီဖြစ်တဲ့ ကာယကံရှင်တွေကို အားနာတာမို့ သူတို့ရဲ့ Facebook အကောင့်နာမည်တွေကိုတော့ မပြောတော့ပါဘူး။ ကောင်လေးအကောင့်ကတော့ ပျက်သွားပါပြီ။ ကောင်မလေး အကောင့်ကတော့ ခုထိ Active ဖြစ်နေတုန်းပါပဲ။

********************************************

ဒါမျိုးတွေက ကျွန်တော်တို့ နိုင်ငံ့မှာတော့ဖြစ်ခဲတယ် သိတဲ့အတိုင်းဘဲ ကိုရီးယားတို့ ဂျပန်တို့မှာသာ အဖြစ်များတာ မြန်မာပြည်မှာ အခုလိုမျိုး ဖြစ်သွားတယ် အားလုံးအံ့ဩမိကြပါတယ်။ ကောင်လေးနံမည်က ပြည့်စုံ နံမည် အရင်းကတော့ တင်အောင်ဝင်း ပါ အင်းစိန်မှာနေပါတယ်။ သူ မွေးနေ့ ကတော့ 24.1.1989 ပါ။ ကောင်မလေးကတော့ 4-10-1988 မှာ မွေးတယ်။ သူထက် လပိုင်းလောက်ကြီးတာပေါ့။ ပြည့်စုံက Diploma In Network Engineer တက်နေတာ အပတ်စဉ် (17) မှာပါ။ ကျောင်း နံမည် က National Management College ဗိုလ်တထောင် ကပါ ။ နည်းပညာနဲ့ ပတ်သတ်တဲ့ http://pyaesonetasp.blogspot.com/ လေးတစ်ခုလည်း ရေးထားတာရှိပါတယ်။ ကောင်မလေးကတော့ ဆုသဲ လို့ခေါ်ပါတယ်။ သူတို့ ကြိုက်နေတာကြာပါပြီ။

ပြည့်စုံကတော့ အရမ်း အရမ်းကို ချစ်တယ် ဆိုတာသိရတယ်။ ကောင်မလေး ကတော့ ကျောင်းကမဟုတ်ဘူး။ အပြင် ကပေါ့ တစ်ခါ တစ်ခါ ကျောင်းကို လာတယ် ပြီး၇င် သူတို့ taxi နဲ့ထွက်သွားကြတာကို မကြာခဏ တွေ့ဖူးပါတယ်။ နောက် ဘယ်လိုဖြစ်လဲဆိုတော့ ဆုသဲက ၂၀၁၀၊ ဇူလိုင်လ (၁၉) ရက်နေ့မှာ Fros Ak ဆိုတဲ့ နောက် ကောင်လေး တစ်ယောက်နဲ့ ထပ်ကြိုက်သွားပါတယ်။ ပြီးတော့ ကောင်လေးနဲ့ အတူတူ ဖက်ပြီးရိုက်ထားတဲ့ ပုံတွေ ဆုသဲရဲ့ ဖေ့စ်ဘုတ်မှာ တွေ့ရပါတယ်။ ပြည့်စုံ ကသူတော်ခံစားနေရပုံပေါက်တဲ့ ကွန်မန့်တွေ မန့်တာလည်း တွေ့ပါတယ်။ ဒီလိုနဲ့ ဇူလိုင်လ (၂၅) ရက်နေ့ (တနင်္ဂနွေနေ့) မှာ FMI က ဆံပင် ညှပ်ဆိုင်မှာ ဆုသဲကို ကပ်ကြေးနဲ့ (၅) ချက် ပြီးတော့ လည်ပင်းကို ဓားနဲ့ ထိုးပြီး သတ်ပစ်လိုက်ပါတယ်။ အဲဒီနောက်မှတော့ ရန်ကုန် ဒီဘက် ကမ်းကနေ ဟိုဘက်ကမ်းသွားတဲ့ သမ္မာန်စီးပြီး မြစ်အလယ်လောက်မှာ သမ္မာန် ပေါ်ကနေ ခုန်ချပြီး ကိုယ့်ကို ကိုယ် သေကြောင်းကြံသွားတယ်။ သူမှန်း ဘယ်သိတာလဲဆိုတော့ သမ္မာန်ပေါ်မှာ ကျန်ခဲ့တဲ့ သူ့အဝတ် သူ့နာရီတွေကို နောက်ပိုင်းမှာသူအိမ်ကနေတွေ့ ခဲ့ရလို့ အတည်ပြုလိုက် တာပါ။ နောက်သုံးရက်မြောက်နေ့မှာ အလောင်းကို ပြန်ရခဲ့တယ်။ ဆုသဲနဲ့ သူ့နောက်ကောင်လေးတို့ရဲ့ ဓာတ်ပုံတွေမှာ ပြည့်စုံရဲ့နာနာကျည်းကျည်းနဲ့ မန့်ထားတဲ့ ကွန်မန့်တွေကို မြင်ရတုန်းက ဒီလောက်ထိဖြစ်မယ်လို့ တကယ်ကို မထင်ထားမိပါဘူး။

ခုဆိုရင် သူတို့ ရဲ့  Profile တွေ မှာ အသုဘဆုတောင်းတွေ၊ အပြစ်တင် ခြင်းတွေ ရှုံချခြင်းတွေ၊ ၀မ်းနည်းကြေကွဲမှုတွေနဲ့ Comment တွေ ပြည့်ကြပ်နေပေမယ့်၊ သူတို့နှစ်ယောက်ရဲ့ အမှတ်တရတွေကတော့ ဆိုတာ faceBook ကြီး ရှိနေသရွေ့  ရှိနေဦးမှာပါ။ အချစ်ကြီးရှုင် အမျက်ကြီး တယ်ဆိုတာ ... တကယ်ပဲ လက်ခံရပါတော့မယ်။ ဘာပဲဖြစ်ဖြစ် နှစ်ယောက်စလုံး ကောင်းရာမွန်ရာ ရောက်နိုင်အောင် ဆုတောင်း ပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ (၄) ရက်နေ့က ဆုသဲရဲ့ (၂၄) နှစ်မြောက် မွေးနေ့ပါ။

No comments:

Post a Comment