1 2 3 4 5 အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Saturday, 30 March 2013

ပန်းသီးပင်နှင့် တူသော (မိဘမေတ္တာ)

ပန်းသီးပင်နှင့် တူသော

ကလေးတစ်ယောက် ဟာ ပန်းသီးပင်အောက်ကို သွားသွားဆော့ပါတယ်။ သစ်ပင်ပေါ်တက်လိုက်၊ လေတိုက်တိုင်းကျတဲ့ သစ်ရွက်တွေ လိုက်ကောက် ရင်း ပန်းသီးပင်နဲ့ ဆော့ရတာ ပျော်ပါတယ်။ ပန်းသီးပင်က လည်း ပျော်ပါ တယ်။ 

ဒီလိုနဲ့ အသက် ၁၀ နှစ်တန်းကို ရောက်တော့ သူမပျော်တော့ပါဘူး။ သစ်ပင်က ဘာလို့မပျော်လည်း မမေးတော့ ကလေးက အရုပ် ကလေးတွေနဲ့ ဆော့ချင်တယ်လို့ ပြောပါတယ်။ ဒီတော့ သစ်ပင်က သူ့ ကိုယ်ပေါ်က ပန်းသီးများကို ခူးပြီး ရောင်းပါ။ ရတဲ့ ပိုက်ဆံနဲ့ အရုပ်ဝယ်ပါလို့ လမ်းညွန်ပါတယ်။ ကလေးလေးဟာ အားရဝမ်းသာစွာနဲ့ပဲ အသီးတွေ ခူးပြီး ရောင်းပါတယ်။ ရောင်းလို့ရတဲ့ ပိုက်ဆံနဲ့ အရုပ်ဝယ်ပြီး သစ်ပင်ဆီ ကိုတောင် ပြန်မလာတော့ပါဘူး။

နောက် ၁၀ နှစ်ကျော်ကြာ အသက် ၂၀ ကျော်တန်း ရောက်လာတော့ သစ်ပင်ဆီ တစ်ခေါက်ပြန်ရောက်လာပါတယ်။ ထုံးစံအတိုင်း မိုင်တွေတွေနဲ့ ထိုင်နေပြီး စိတ်ညစ်နေရှာပါတယ်။ သစ်ပင်က သူနဲ့ဆော့ဖို့ခေါ်ပေမယ့် လူငယ်ဟာ ဆော့ရမယ့် အရွယ်မဟုတ်ကြောင်း ပြန်ပြောတော့ ဘာမှ မပြောတော့ပါဘူး။ သို့ပေမယ့် စိတ်ညစ်ရတဲ့ အကြောင်းကို မေးကြည့်တော့

"ကျနော် အလုပ်မရှိဘူး။ အလုပ်လုပ်မှ လူတင့်တည်မှာ" လို့ဖြေပါတယ်။ ဒီတော့ သစ်ပင်က သူ့အကိုင်းအခတ်များကို ပုံမှန်ချိုးခတ်လို့ ထင်းလုပ် ရောင်းဖို့ တိုက်တွန်းပါတယ်။ ဒါနဲ့ပဲ လူငယ်လေးဟာ သစ်ကိုင်း အခက်အလက်များကို ရောင်းလို့ ဝင်ငွေ အသင့်တင့် ရှိတဲ့ အလုပ်လေး တစ်ခုဖြစ်လာပါတယ်။ ပြီးတော့ နှစ်အတော်ကြာ သူပြန်မလာတော့ပါဘူး။ သစ်ရောင်းရင်း အခြားအလုပ်တွေပါ အဆင်ပြေသွားပြီမို့ ဖြစ်တယ်လို့ ပန်းသီးပင်က သိနေပါတယ်။ 

ဒီလိုနဲ့ နောက် အနှစ် ၃၀ ကျော်လည်းကြာတော့ အသက် ၅၀ ကျော်အရွယ် လူအို တစ်ဦး ရောက်လာပါတယ်။ သစ်ပင်ကတော့ သူ့ကို မှတ်မိနေတုန်းပါပဲ။ အတူဆော့ဖို့တော့ မခေါ်တော့ပါဘူး။ ဘာလို့ငိုင်နေလဲလို့သာ မေးလိုက် ပါတယ်။ "ကျနော် အသက်ကြီးပြီး အေးအေးဆေးဆေး ခရီးတစ်ခုသွား ချင်တယ်" လို့ဖြေတော့ သစ်ပင်က သူ့အပင်ကိုခုတ်လို့လှေ တစ်ခုဖန်တီး ကာ မြစ်ခရီးသွားနိုင်ကြောင်း ပြောပါတယ်။ ဒါနဲ့ လူအိုဟာ သစ်ပင်ကို ခုတ်လို့ လှေလုပ်ပြီး  ရေလမ်းခရီး နှင်ပါတယ်။ 

ခရီးက ပြန်ရောက်လာတော့ လူအိုလည်း ပင်ပန်းနေပါပြီ။ သစ်ပင်ရိပ်အောက်မှာ ပြန်လာလှဲနေပါတယ်။ သစ်ပင်က "ပန်းသီးတွေ မရှိတော့ဘူး။ အကိုင်းအခက်လဲမရှိတော့ဘူး။ အမြစ်တစ်ခုပဲ ရှိတော့တယ်။ လိုအပ်ရင် မင်းနှုတ်ပြီး လိုအပ်တဲ့နေရာမှာ အသုံးချနိုင်ပါတယ်" လို့ဆိုတဲ့အခါ လူအိုက "မလိုပါဘူးဗျား။ ကျနော်ဒီအမြစ်ကို မှီပြီး တစ်ရေးလောက် အိပ် ပါရစေ" လို့ပဲ ပြောပြီး အိပ်ပျော်သွားပါတယ်။ 
---
--
လက်တွေ့ ဘဝ

ပုံပြင်ထဲမှ ပန်းသီးပင်ဟာ လက်တွေ့ဘဝမှာ မိဘ ဖြစ်ပြီး အဖိုးအိုကတော့ သားမီး ဖြစ်ပါတယ်။ မိဘအနေနဲ့ အရိပ်အောက်ကို ရောက်ရှိလာတဲ့ သားသမီး တွေကို အကောင်းဆုံး ပြုစုပျိုးထောင်ပေးပါတယ်။ အချို့  သော သားသမီးများကတော့ ကိုယ်ကျိုးအတွက် မိဘဆီမှ ရနိုင်သမျှ အသုံးချပြီး ဘာမှ ကြီးကြီးမားမား ပြန်လည်မပေးဆပ်သွားပါဘူး။ သို့ပေမယ့် သားသမီး အဆင်ပြေသွားတာကို ကြည့်ရင်း ရတဲ့ ပီတဟာ မိဘတွေ အတွက် အကျေနပ် ဆုံး အရာ တစ်ခု ဖြစ်ရပါတယ်။ မိဘများကလည်း ပေးနိုင်သမျှ အဆုံးဆုံးထိ ပေးနိုင်တဲ့အချိန်အထိ ပေးဆပ်ပါတယ်။ မိဘကျေးဇူး ဆပ်ဖို့ မေ့နေတဲ့ သားသမီးများ ဖြစ်နေသည့်တိုင် အိုမင်းတဲ့ မိဘရင်ခွင်မှာ တစ်ရေး အိပ်ဖို့ ပြန်ရောက်လာတဲ့ သားသမီးတိုင်းကို လှိုက်လှိုက်လှဲလှဲ ကြိုဆို ပါတယ်။ 

သင်ခန်းစာ -

မိဘကျေးဇူးဆပ်ပါ။ သေမှ နောင်တ မရနှင့်။ 

--
Ref:quote
International news for myanmar

http://www.innewsmyanmar.com/2013/03/blog-post_30.html

Sunday, 17 March 2013

" မေတ္တာစောင်ခြုံ လုံပါပေ့ "

Photo: " မေတ္တာစောင်ခြုံ လုံပါပေ့ "
---------------------------
မနက်အိပ်ရာထစဉ်ချိန်လေးပေါ့ ,,
"  အဲး:;;;;  မေမေ .."
" ကျွတ်းးး ကျွတ်းးးးးးး  အိမ် ... အိပ်  သားလေးရေ  မေမေရှိတယ်  "
 
မေမေက ပြောပြောဆိုဆို ကျွန်တော့် နာဖူးလေး အားအသာအယာပွတ်လျက် ကျွန်တော့်အား တိုးတိုးလေး ချော့သိပ်နေသည် 
ခုန ကြာတော့မှ မေမေခြုံထားသောစောင်အား ကျွန်တော်ကို ထပ်ခြုံပေးပြီး ထမင်းချက်ထရန် အသာအယာလေး ထွက်သွားသည် ။ 

ခုနကြာတော့ ဖေဖေ အလုပ်သွားရန် ထတော့မည် ဖြစ်သည် ။ 
" အဲး;;;;; ဖေဖေ.... " 
" ကျွတ်းးး ကျွတ်းးးးးး အိပ်  အိပ်  သားလေးရေ စောသေးတယ် သိလားး "
 
ဖေဖေ က ပြောဆိုလျက် ကျွန်တော် ပါးပြင်နှနှအား အသာအယာနှမ်းလိုက်သည် .။ ခုန ကြာတော့မှ ဖေဖေ ခြုံနေကျစောင်အား ကျွန်တော်ကို ထပ်ပေးကာ အလုပ်သွားရန်ထသွားပြန်သည် ။ 

ဒီလိုနဲ့ ကျွန်တော် တရေးပြန်လည်အိပ်ပျော်သွားခဲ့ပြန်သည် ။ 

ငယ်တုန်းက ဖေဖေ ရော မေမေပါခြုံပေးခဲ့သော မေတ္တာစောင်အောက်တွင် နွေးနွေးထွေးထွေးနဲ့ အိပ်စက်ခဲရသည်ကို အောက်မေ့သတိရလှစွာဖြင့် ရေးသားထားခြင်းဖြစ်သည် ။

Written by ကောင်လေး

မြန်မာ့ယဉ်ကျေးမူ့ကိုတန်ဖိုးထားသူများ 
( http://www.facebook.com/myanmarnationalvalues?ref=stream)

တောင်းပန်ပါတယ်မေမေ .......:'(

Photo: အခု အလုပ်မှာ   မနက်စာ မစားဖြစ်တော့တဲ့အခါ 
အိမ်မှာ မနက်စောစောချိန်   အမေဗိုက်ဆာလှပြီဗျာ ဟု ဂျီတိုက်ခဲ့မိတာကို တွေးရင်း နှောင်တရနေမိပြီ မေမေ

အခု အလုပ်မှာ နေတိုင်းနီးနီးဒီဟင်းဘဲစားနေရတဲ့ခါ
အိမ်မှာ ထမင်းစားတဲ့ချိန်  အမေကလည်း ဒီဟင်းကြီးဘဲဗျာဟု
ညည်းညူမိခဲ့တာကို တွေးရင်း မျက်ရည်ကျနေရပြီ မေမေ

ဒါပေမယ့် မေမေ
အခု ညနေ မေမေ့ကို သတိရလို့ ဖုန်းဆက်တဲ့ခါ

မေမေက "  သားး ဟင်းကောင်းကောင်းစားရဲ့ လားလို့ မေးခဲ့တာကို "
နူတ်ခမ်းဝက ခေါက်ဆွဲးပြုပ်ဖတ်ကို ဖယ်ရင်း နဲ့ 
" သား ဟင်းကောင်းကောင်းနဲ့ စားနေပါတယ် " လို့ 
လိမ့်ခဲ့မိတာကိုတော့ သားနှောင်တမရချင်ဘူး  မေမေ ...

မေမေက သားးး  မေမေ့သားလေး နေကောင်းလား လို့ မေးခဲ့တာကို 
ညနေ သောက်ဖို့ ဆေးထုပ်ကို ရှာရင်းနဲ့ 
" သား အရမ်းကို ၀လာတယ် မေမေ " လို့ 
လိမ်ခဲ့မိတာကိုတော့  သားမျက်ရည်မကျချင်ဘူး မေမေ ...

Written by ကောင်လေး

မြန်မာ့ယဉ်ကျေးမူ့ ကိုတန်ဖိုးထားသူများ
(  http://www.facebook.com/myanmarnationalvalues?ref=stream )
အခု အလုပ်မှာ မနက်စာ မစားဖြစ်တော့တဲ့အခါ
အိမ်မှာ မနက်စောစောချိန် အမေဗိုက်ဆာလှပြီဗျာ ဟု ဂျီတိုက်ခဲ့မိတာကို တွေးရင်း နှောင်တရနေမိပြီ မေမေ

အခု အလုပ်မှာ နေတိုင်းနီးနီးဒီဟင်းဘဲစားနေရတဲ့ခါ
အိမ်မှာ ထမင်းစားတဲ့ချိန် အမေကလည်း ဒီဟင်းကြီးဘဲဗျာဟု
ညည်းညူမိခဲ့တာကို တွေးရင်း မျက်ရည်ကျနေရပြီ မေမေ

ဒါပေမယ့် မေမေ
အခု ညနေ မေမေ့ကို သတိရလို့ ဖုန်းဆက်တဲ့ခါ

မေမေက " သားး ဟင်းကောင်းကောင်းစားရဲ့ လားလို့ မေးခဲ့တာကို "
နူတ်ခမ်းဝက ခေါက်ဆွဲးပြုပ်ဖတ်ကို ဖယ်ရင်း နဲ့ 
" သား ဟင်းကောင်းကောင်းနဲ့ စားနေပါတယ် " လို့ 
လိမ့်ခဲ့မိတာကိုတော့ သားနှောင်တမရချင်ဘူး မေမေ ...

မေမေက သားးး မေမေ့သားလေး နေကောင်းလား လို့ မေးခဲ့တာကို
ညနေ သောက်ဖို့ ဆေးထုပ်ကို ရှာရင်းနဲ့ 
" သား အရမ်းကို ၀လာတယ် မေမေ " လို့ 
လိမ်ခဲ့မိတာကိုတော့ သားမျက်ရည်မကျချင်ဘူး မေမေ ...

Written by ကောင်လေး

မြန်မာ့ယဉ်ကျေးမူ့ ကိုတန်ဖိုးထားသူများ

အချစ်စမ်း လွန်သွားရင်..........

Photo: ကောင်လေး ။  ...... ။ " မဟုတ်ပါဘူးဆို ငါ အဲ့ ဒီနေ့ က သူတကယ် အကူညီလိုတယ်ဆိုလို သွားကူ ညီလိုက်တာပါ လို့  ငါဘယ်နှစ်ခါ ပြောရလဲ "

ကောင်မလေး ။   .....။ " ငါ ဆုံးဖြတ်ပြီးပြီ  စိတ်ချ ငါ နင့်ကို အရွဲတိုက်ပြမယ် စောင့်ကြည့်နေ ငါလည်း ဖြစ်ချင်ရာ ဖြစ်ဘဲ ငါ စိန်ခေါ်ခဲ့တယ် .."

နောက်တစ်ရက်မှာ  ကောင်လေး ဆီကို ကောင်မလေး ရဲ့ သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်ပါတယ် ....

သူငယ်ချင်း ။  ...... ။ " ဟလို   ကောင်လေးလား  ဟီးးးး အားလုံးဒုက္ခရောက်ကုန်ပြီ  လား ဟီးးး   "
ကောင်လေး ။ ...... ။ " ဘာဖြစ်တယ်ဆိုတာကို ကျွန်တော့်ကို အရင်ပြောပြပါလား ဟင် "

သူငယ်ချင်း ။ ...... ။ " မနေ့ က သူလေ  နင့်နဲ့ ပြောပြီး ပြန်လာတော့   ဘယ်သူနဲ့ မှ စကားမပြောတော့ဘူး သူအခန်းထဲမှာတစ်ချိန်လုံး ငိုနေခဲ့တယ် အတော်ကြာလို့ ထွက်မလာလို့ သွားကြည့်တော့ သူအိပ်ဆေးသောက်လွန်ပြီး သေနေပြီ  ဘေးနားမှာ စာတစ်စောင်တွေ့ တယ် 
 "   သူပျော်ပါစေတဲ့  "  တဲ့ "

ကောင်လေး ။ ..... ။"   ဗျားးးးးးးးးး  "

ဖုန်းချပြီးတော့ ကောင်မလေး နဲ့ သူမရဲ့ သူငယ်ချင်း  လက်ဖ၀ါးရိုက်ပြီး အောင်ပွဲဆင်လိုက်ကြတယ် ။ သူတို့ ရဲ့ လှည့်ကွက်လေး ဘယ်လို အောင်မြင်မယ်ဆိုတာက တော့ စောင့်ကြည့်နေရူံပါ

အချိန်သိပ် မကြာခင်မှာဘဲ  ကောင်လေး မေမေဆီက ဖုန်းလာပါတယ်

ကောင်လေး မေမေ ။ .... ။" သမီးရေ  အားလုံးဒုက္ခ ရောက်ကုန်ပြီ  သမီး ချစ်သူ လေ အခု အိပ်ဆေးတွေ အလွန် အကျွန်သောက်ပြီး ဆုံးပြီ  ဘေးမှာ စာတစ်စောင်ရေးထားတယ်  
ငါ လည်းလိုက်ခဲ့ပြီ ချစ်သူ   တဲ့ "

ကောင်မလေး ။   ..... ။ "  ရှင်းးးးးးးးး   "

Written by ကောင်လေး
ကောင်လေး ။ ...... ။ " မဟုတ်ပါဘူးဆို ငါ အဲ့ ဒီနေ့ က သူတကယ် အကူညီလိုတယ်ဆိုလို သွားကူ ညီလိုက်တာပါ လို့  ငါဘယ်နှစ်ခါ ပြောရလဲ "

ကောင်မလေး ။ .....။ " ငါ ဆုံးဖြတ်ပြီးပြီ စိတ်ချ ငါ နင့်ကို အရွဲတိုက်ပြမယ် စောင့်ကြည့်နေ ငါလည်း ဖြစ်ချင်ရာ ဖြစ်ဘဲ ငါ စိန်ခေါ်ခဲ့တယ် .."

နောက်တစ်ရက်မှာ ကောင်လေး ဆီကို ကောင်မလေး ရဲ့ သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်ပါတယ် ....

သူငယ်ချင်း ။ ...... ။ " ဟလို ကောင်လေးလား ဟီးးးး အားလုံးဒုက္ခရောက်ကုန်ပြီ လား ဟီးးး "
ကောင်လေး ။ ...... ။ " ဘာဖြစ်တယ်ဆိုတာကို ကျွန်တော့်ကို အရင်ပြောပြပါလား ဟင် "

သူငယ်ချင်း ။ ...... ။ " မနေ့ က သူလေ နင့်နဲ့ ပြောပြီး ပြန်လာတော့ ဘယ်သူနဲ့ မှ စကားမပြောတော့ဘူး သူအခန်းထဲမှာတစ်ချိန်လုံး ငိုနေခဲ့တယ် အတော်ကြာလို့ ထွက်မလာလို့ သွားကြည့်တော့ သူအိပ်ဆေးသောက်လွန်ပြီး သေနေပြီ ဘေးနားမှာ စာတစ်စောင်တွေ့ တယ်
" သူပျော်ပါစေတဲ့ " တဲ့ "

ကောင်လေး ။ ..... ။" ဗျာ!!!!!!!!!!!! "

ဖုန်းချပြီးတော့ ကောင်မလေး နဲ့ သူမရဲ့ သူငယ်ချင်း လက်ဖ၀ါးရိုက်ပြီး အောင်ပွဲဆင်လိုက်ကြတယ် ။ သူတို့ ရဲ့ လှည့်ကွက်လေး ဘယ်လို အောင်မြင်မယ်ဆိုတာက တော့ စောင့်ကြည့်နေရူံပါ

အချိန်သိပ် မကြာခင်မှာဘဲ ကောင်လေး မေမေဆီက ဖုန်းလာပါတယ်

ကောင်လေး မေမေ ။ .... ။" သမီးရေ အားလုံးဒုက္ခ ရောက်ကုန်ပြီ သမီး ချစ်သူ လေ အခု အိပ်ဆေးတွေ အလွန် အကျွန်သောက်ပြီး ဆုံးပြီ ဘေးမှာ စာတစ်စောင်ရေးထားတယ်
ငါ လည်းလိုက်ခဲ့ပြီ ချစ်သူ တဲ့ "

ကောင်မလေး ။ ..... ။ " ရှင်!!!!!!!!!!!!!!!! "

Written by ကောင်လေး

သိလိုက်တဲ့အချိန်မှ.........ေ၀၀ါးနေပြီ

Photo: `ငါတို့ လမ်းခွဲကြရအောင်´ ကောင်မလေး က ပြောလိုက်တယ်။
`ကောင်းပြီလေ...နောက်ဆုံးအနေနဲ့ ငါတို့တွေ လက်ဆွဲနှုတ်ဆက်ကြရအောင်´

သူမ လက်ကမ်းပေးတယ်။
သူ က သူမ လက်ကို တင်းတင်းဆုတ်လိုက်တယ်။
သူ ရယ်ပြီး..
`နင့် လက်ကို ငါ့ လက်ထဲက ရုန်းထွက်နိုင်ရင် ငါတို့ လမ်းခွဲကြတာပေါ့´

သူမရုန်းတယ်။ အားနဲ့ ရုန်းတယ်။ နောက်ဆုံး သူမ ဒေါသထွက်လာပြီး
`ငါ့လက်တွေအရမ်းနာတယ် ဆိုတာ နင်မသိဘူးလား´

သူ က သူမ လက်ကို ချက်ခြင်း လွတ်ပေးလိုက်တယ်။ သူမ ရဲ့ မျက်လုံးတွေ
ကိုစိုက်ကြည့်ပြီး..

`နင့်ကို ငါ...ချစ်တယ်... နင်နာကျင်အောင် ငါဘယ်လုပ်ရက်ပါ့မလဲ´

ပြောပြီးတာနဲ့ သူ...သူမ ကို ကျောခိုင်းထွက်သွားတယ်။
သူမ နားလည်လိုက်ပါပြီ။ သူမ အသံကျယ်ကျယ်နဲ့အော်မိတယ်။

`ငါ..မှားတယ်... ငါတို့ လမ်းမခွဲတော့ဘူး...´

သူ...နောက်လှည့်ပြီး သူမ ကိုပြောလိုက်တယ်။
`ငါ...နင့်လက်တွေကို ခုလေးတင် လွတ်ပေးလိုက်ပြီလေ၊ ငါကတိတည်တဲ့ သူဆိုတာ
နင် မေ့နေပြီလား´

သူမ မျက်လုံးထဲမှာ...သူ တဖြည်းဖြည်း...၀ိုးတ၀ါး..ပျောက်ဆုံး။     ။
`ငါတို့ လမ်းခွဲကြရအောင်´ ကောင်မလေး က ပြောလိုက်တယ်။

သိုးငယ်

ချစ်ခြင်း၌ ကြည်ဖြူပါစေ........

ကျွန်မ TV ကို စိတ်ပါဝင်စားစွာကြည့်နေတုန်း မောင် ရုတ်တရက် ပြောလိုက်တဲ့ စကားတခွန်းက

ကျွန်မ ကို စနောက်နေတာပဲဖြစ်ပါစေလို့ စိတ်ထဲမှာ ချက်ချင်း ဆုတောင်းမိလိုက်တယ်။
`ငါတို့ ကွာရှင်းကြရအောင်´
မောင့် မျက်လုံးတွေကိုကြည့်ရတာ စနောက်နေတဲ့ပုံ လုံးဝ မဟုတ်မှန်းကျွန်မ သိလိုက်ရတယ်။
မောင် ၀ယ်ထားတဲ့ စတော့ရှယ်ရာတွေ အရှုံးပေါ်သွားလို့ ဒါမှမဟုတ် မောင့် မှာ ကုလို့မရတဲ့
ရောဂါတစ်မျိုးမျိုးရှိနေလို့ ကျွန်မ ကို ပင်ပန်းမှာစိုးလို့ ကွာရှင်းပြတ်စဲဖို့ပြောတာလား၊
မောင် ဘယ်လိုပဲဖြစ်နေပါစေ၊ ကျွန်မ မောင် နဲ့ သက်ဆုံးတိုင်နေဖို့ ဆုံးဖြတ်ပြီးသား။ ဒါပေမယ့်
မောင် ပြောလိုက်တဲ့ ဒုတိယ စကားတခွန်းက ကျွန်မကို ငရဲပြည်ထဲ ပို့ခံလိုက်ရသလိုပါပဲ။
`ငါ...တခြားတစ်ယောက်ကို ချစ်မိနေပြီ၊ ´
`ဘယ်တုန်းကလဲ´ အသက်ပြင်းပြင်းရှူပြီး ကျွန်မ မေးမိတယ်။
` နှစ်ဝက်လောက်ရှိပြီ။ ငါတို့ အလုပ်ကိစ္စနဲ့ ခရီးသွားရင်း တွေ့တာ၊ သူက တိုးရစ်စ်ဂိုက်၊
အရမ်းဖော်ရွေတယ်၊ အရမ်းလဲ ရိုးသားတယ်´ မောင့်ရဲ့ အသစ်စက်စက်ချစ်တဲ့သူကို ချီးမွမ်းခန်းဖွင့်
နေတာကို မောင် ချက်ချင်းရပ်ပစ်လိုက်တယ်။ မျက်တောင်မခတ်ဘဲကြည့်နေတဲ့ ကျွန်မကို သူ အားနာသွားပုံရတယ်။
`မောင်...အဲ့ဒီ့တစ်ယောက်ကို ဘယ်လောက်တောင်ချစ်လဲ´ မောင် လို့ သူ့ကို ခေါ်မိတာ ဒါ
နောက်ဆုံးအကြိမ်ပဲလား။
` ရာခိုင်နှုန်းအပြည့်ချစ်တယ်´
ကျွန်မ ဆက်ပြီး မမေးရဲတော့ပါဘူး။ ပိုပြီးအသေးစိတ်မေးလေ၊ ကျွန်မ ရင်ထဲက ဒဏ်ရာက
ပိုပြီး နက်လေပဲ မဟုတ်လား။

မောင်နဲ့ ကျွန်မ တို့ အတိတ်က နေ့တွေကိုပြန်သတိရမိတယ်။ ကျွန်မတို့ အရမ်းပျော်ခဲ့တဲ့
ချစ်သူတွေ၊ မောင် ကျွန်မကို အရမ်းချစ်ခဲ့တာ ကျွန်မ သိတယ်။ ဒါပေမယ့် ချစ်ရမယ့်သူ အသစ်
တွေ့နေပါပြီဆိုတဲ့ သူတစ်ယောက်ကို ကျွန်မ ဘာလို့ လက်မလွတ်နိုင်ရမှာလဲ။ ကျွန်မ သက်ပြင်း
အကြာကြီးချလိုက်ပြီး
`အကုန်လုံး ရှင့် သဘောထားအတိုင်းတာ လုပ်ပါ၊ ကျွန်မ ဘေးကနေ ရှင့်လို လူမျိုးကို
ခေါ်ထုတ်သွားတဲ့သူ့ကို တောင် ကျွန်မက ကျေးဇူးတင်နေပါသေးတယ်´
`မောင်´ အစား `ရှင်´ ဆိုတဲ့ နာမ်စားကို ကျွန်မ ပြောင်းသုံးနိုင်ပြီ။ မောင် အံ့အားတကြီးနဲ့
ကျွန်မကို ကြည့်တယ်။
မောင် က သူ့မှာ အပြစ်ရှိတယ်ဆိုပြီး ဒီအိမ်ကြီးနဲ့ သားလေး ကို ကျွန်မကို ပေးထားခဲ့တယ်။
xxxxxxxxxxxx
ကွာရှ့င်းပြတ်စဲဖို့ လက်မှတ်မထိုးခင် မောင် က ကျွန်မကို ညစာခေါ်ကျွေးတယ်။ အရက် တစ်ခွက်
နှစ်ခွက်လောက် မောင့် ဗိုက်ထဲဝင်သွားတာနဲ့ မောင် ထုံးစံအတိုင်းစကားတွေ များတော့တာပါပဲ။
သူတို့ နှစ်ယောက်ပေါင်းဖက်တာကို ကျွန်မ က သဘောတူဖို့။ သူမ က ဘယ်လောက်ထိ
တက်တက်ကြွကြွရှိကြောင်း၊ သူမ က သူ့ရင်ဘတ်ကြီးတခုလုံး မီးမြှိုက်လိုက်သလို နွေးထွေးကြောင်း၊
သူမ ဘယ်လောက်လှကြောင်း၊ ကျွန်မ လည်း မောင် ပြောသလို တက်ကြွခဲ့ပါတယ်။ မောင် ပြောသလို
ငယ်ရွယ်ခဲ့ပါတယ်၊ သူမ လိုပဲ ကျွန်မ မောင့်နှလုံးသားကို လှုပ်ခါခဲ့စေပါတယ်၊
`သူက အရမ်းရိုးတာ... ကိစ္စအသေးအဖွဲလေးတွေက အစ သူ့ကို ပျော်ရွှင်စေတယ်၊ သူနဲ့ ငါ
ဈေးဝယ်ထွက်တုန်းက ဆပ်ပြာတစ်တုံး ကံစမ်းမဲပေါက်တယ်၊ တစ်ခါက ရေခဲမုန့်ဝယ်ကျွေးတာ
သူ ပျော်နေသလားမမေးနဲ့။ သူက ကလေးလည်းဆန်တယ်၊ သူနဲ့ ဆို ငါ...အရမ်းလွတ်လပ်တာပဲ။
သူက ပျော်ပျော်နေတတ်တယ်၊ သူ့အိမ်ထဲမှာလည်း ငါဆေးလိပ်သောက်လို့ရတယ်၊ သူငယ်ချင်းတွေနဲ့
အရက်သောက်ပြီး ဘောလုံးပွဲ မိုလင်းထိကြည့်လို့ရတယ်...သူက ငါ့ကို ဘာမှ မချုပ်ချယ်ဘူး´
မောင် မူးပြီး စကားတွေတောက်လျောက်ပြောနေတော့တာပါပဲ။ မောင့် မျက်လုံးတွေက အရက်ကြောင့်
လား၊ ဒါမှမဟုတ် ကျွန်မနဲ့ ပေါင်းစရာမလိုတော့ဘူးဆိုပြီး ပျော်နေတာလား၊ ကျွန်မကတော့ ကျွန်မ မေမေ
အတိုင်းဖြစ်လို့နေပြီ။ ဘာဝယ်ဝယ် သေသေချာချာတွက်ချက်၊ ပစ္စည်းတစ်ခုဝယ်မယ်ဆိုရင်
အနည်းဆုံး ဆိုင် သုံးဆိုင်လောက်ကိုမေးပြီးမှ ၀ယ်၊ မောင့်ကိုလည်း အိမ်မှာ အရက်သောက်ခွင့်၊
ဆေးလိပ်သောက်ခွင့်၊ နောက်... လောင်းကစားလုပ်ခွင့် ဘာဆိုဘာမှ မပေးဘူး။
မောင်က ခွက်ထဲက လက်ကျန်ကို မော့ချလိုက်ပြီး
`ငါ...သူနဲ့ တူတူနေရင် ငါ့ရင်ခုန်သံတွေပိုပြီးမြန်လာတယ်၊ ငါ့မှာ အားအင်တွေပြည့်လာတယ်´
ကျွန်မ မောင် ပြောတဲ့ စကားတွေကို ဆက်ပြီး နားထောင်နိုင်စွမ်းမ၇ှိတော့ပါဘူး။
ကျွန်မ စကားဖြတ်လိုက်ပြီး
`အခုချိန်ကစပြီး ကျွန်မ လည်း ကပ်စီးနည်းနေစရာမလိုတော့ဘူး၊ ရှင့်အ၀တ်အစားတွေ
လျော်ပြီး မီးပူတိုက်တဲ့ အချိန်တွေပိုလာတဲ့အတွက် ကျွန်မ စိတ်ကြိုက်အလှပြင်လို့ရပြီ။
ရှင်အစားအသောက်ပျက်မှာစိုးလို့ ဟင်းမျိုးစုံချက်ဖို့ ကျွန်မ ခေါင်းစားစရာလည်းမလိုတော့ဘူး၊
ကျွန်မ ချက်စားချင် ချက်စားရုံပဲ၊ မချက်ချင်ဘူးဆိုရင် အပြင်မှာဝယ်စားလိုက်ရုံပဲ။
ရှင်ဆေးလိပ်သောက်လို့ အဆုတ်ကင်ဆာဖြစ်မှာလည်း ကျွန်မ စိတ်ပူစရာမလိုတော့ဘူး။
အရက်သောက်လို့ အသည်းခြောက်မှာကိုလည်း ကျွန်မ စိုးရိမ်စရာမလိုဘူး၊ ရှင် မူးလာတိုင်း
အန်ချင်တိုင်း အန်ထားတဲ့ အန်ဖတ်တွေလည်း ကျွန်မ ဆေးစရာမလိုတော့ဘူး၊ ရှင့် မိဘ တွေရဲ့
ကျန်းမာရေးလည်း ကျွန်မ ပူစရာမရှိတော့ဘူး၊ ကွာရှင်းပြတ်စဲတာ ဘယ်လောက်များကောင်းလိုက်လဲ´
ပြောပြီးတာနဲ့ ကျွန်မ ငိုမိတယ်။ အနည်းငယ်သော အရက်က ကျွန်မရဲ့ ရင်ထဲက စကားလုံးတွေကို
ထုတ်ဖော်ပေးလိုက်တယ်။ မောင် ကျွန်မ ကို ကြည့်နေတယ်၊ အသက် ၃၀ ကျော်မိန်းမ
တစ်ယောက်အနေနဲ့ ကိုယ့် အိမ်ထောင်ရေးကို တန်ဖိုးမထားဘဲ ဘယ်နေပါ့မလဲ။

ကျွန်မ အသံကျယ်ကျယ်ရီ လိုက်မိတယ်။
`ကျွန်မနဲ့ ကွာရှင်းပြီး ရှင်ဘယ်လောက်ကြာကြာ ပျော်နိုင်မလဲ ဆိုတာ ကျွန်မ စောင့်ကြည့်ရသေးတာပေါ့။
သူ ရှင့်ကို အရမ်းချစ်တယ်၊ ရှင်လည်းသူ့ကို ချစ်တယ်၊ နောင်ဆယ် နှစ်မှာ ရှင် သူ့ကို အခုလိုမျိုး
ရင်ခုန်သံမြန်မြန်နဲ့ ရှင် ရင်ခုန်နိုင်ပါ့မလား၊ သူ အခု ရှင့်ကို ပေးနေတဲ့ အရာတွေအကုန်လုံး ကျွန်မ
ရှင့်ကို လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက ပေးပြီးသားအရာတွေပါ၊ ရှင် က လျောက်ပြီးတဲ့ လမ်းကို နောက်တစ်ခါ
ပြန်လျောက်ချင်တာကိုး´
မောင်က ပုံမှန်လေသံနဲ့ပဲ ကျွန်မကိုပြောတယ်။
`နင် မူးနေပြီ´
မောင့်မျက်ဝန်းတွေမှာ စိုးရိမ်နေပုံပါပဲ။
`ကျွန်မ ရှင် မကြာခင်တော်ရမယ့် ဇနီးလိုပဲ တချိန်က လှခဲ့တာပဲ၊ ငယ်ဂုဏ်ရှိခဲ့တာပဲ၊ ရှင် ကျွန်မကို
ပေးခဲ့ဖူးတဲ့ တစ်ရှူးစာရွက်လေးကအစ၊ ကျွန်မ တန်ဖိုးထားခဲ့တယ်၊ ကျွန်မ လည်းရှင့်ကို အရမ်းချစ်
ခဲ့ပါတယ်၊ ဒါပေမယ့် အိမ်ထောင်ရှင်မတစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေဟာ ဘယ်လောက်ထိ
များလည်းဆိုတာ ရှင်သိမှာမဟုတ်ဘူး၊ အိမ်ရှင်မတစ်ယောက်က သူ့ ခင်ပွန်းကိုပဲ ရာနှုန်းပြည့်
ချစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ယောက္ခထီး၊ ယောက္ခမတွေကိုလည်း ချစ်ရသေးတယ်။ မိဘ အရင်းတွေ
ကိုလည်းချစ်ရသေးတယ်၊ သားသမီးတွေကိုလည်း ချစ်ရသေးတယ်၊ ရှင်...ဒါတွေနားမလည်နိုင်ပါဘူး´

xxxxxxxxxxxx

နောက်ဆုံးမှာ မောင့်က မကွာရှင်းတော့ ဖို့ ကျွန်မကို ပြောလာတယ်။
ကျွန်မက မေးတော့ မောင်က
`အရက်မမူးတဲ့ နင့်ထက် အရက်မူးတဲ့ နင်က ပိုပြီး ဥာဏ်ကောင်းတယ်၊ ပိုပြီး သွက်လက်တယ်၊
ငါ့ မူးနေတဲ့ကြားက နေ နိုးထလာအောင် နင်လုပ်နိုင်တယ်၊ အိမ်ထောင်တစ်ခု ကို ခိုင်မြဲအောင်
တည်ထောင်ဖို့ မလွယ်ကူပါဘူး၊ ဘယ်သူ့မှ နင့်လောက် ငါ့အပေါ် နားလည်ပေးတဲ့ သူရှိမှာ
မဟုတ်တော့ပါဘူး၊ ငါ့နေရာမှာ လည်း ဘယ်သူ့ကိုမှ အစားထိုး မခံဘူး၊ ငါ ပင်ပင်ပန်းပန်း
တည်ဆောက်ထားတဲ့ မိသားစုလေးကို ငါ ကိုယ်တိုင်ပဲ ဖျက်ဆီးပစ်လိုက်တော့မလို့၊ မိန်းမ...
ငါတောင်းပန်ပါတယ်၊ တကယ်တော့ ငါ့ကို တကယ်ချစ်တဲ့သူက တချိန်လုံး ငါ့ဘေးနားမှာရှိနေခဲ့
တာပါ။ ´

သိုးငယ်

Sunday, 3 March 2013

မိဘဟူသည်

မိဘဟူသည်

- သင့်ဆီက ဘာမှမလိုအပ် သင်လိုအပ်သမျှသာပေးချင်သူများဖြစ်သည် ။
- သင့်ဆီက ဘာမှမတောင်း သင်တောင်သမျှသာ ပေးချင်သူများဖြစ်သည် ။
- သင့်ဆီကို ဘယ်လို ဆိုးကျိုးမှ မပေး ကောင်းကျိုးများသာ ပေးချင်သူများဖြစ်သည် ။
- သင့်ကို ဘယ်တော့မစွန့်ပစ် သင်စွန့်ပစ်မှသာ မျက်ရည်စက်လက်ကျန်ခဲ့သူများဖြစ်သည် ။
- သင့်ကို ရင်အုပ်မကွာ အမြဲစောင့်ရှောက်သည် သင်ကသာ သူတို့ရင်အုပ်ထဲက စုန်ကန်ထွက်ပြေးသွားသူဖြစ်သည် ။
- သင့်ကို မျက်ရည်မကျစေတတ် သူတို့သာ သားသမီးအတွက်မျက်ရည်ဖြိုင်ဖြိုင်ကျရသူများဖြစ်သည် ။
- သင့်ကို ကောင်းကင်ကြီးပမာ အုပ်မိုးလို့ စမ်းရေပမာ မေတ္တာတရားဖြင့် အေးမြစေတတ်သူများဖြစ်သည် ။
- သင့်ကို ဘယ်တော့မှ မစော်ကား သင်ကသာ တခါတရံ စော်ကားနေခြင်းဖြစ်သည် ။
- သင်ချမ်းသာ ဆင်းရဲ ပညာတတ်ခြင်းမတတ်ခြင်းကို စိတ်မ၀င်စား သူတို့ရင်သွေးအားလုံးကိုတပြေးညီချစ်ခင်တတ်သူများဖြစ်သည် ။

နောက်ဆုံး

သင်စော်ကားသမျှကို အမုန်းမဖက် အပြုံးမပျက်ပဲ သည်းခံခွင့်လွှတ်တတ်သူများမှာလည်း မိဘများပင်ဖြစ်သည် ။

သက်တန့်ချို
ပုံအားခံစားရေးဖွဲ့သည် ။

Saturday, 2 March 2013

( 1999 ခုနှစ် အဖြစ်ပျက်တစ်ခု အား အခြေခံကာရေးသားသည် )
ဖေဖေ ။ ...... ။ " သားး ဒီနေ့ အိမ်မှာနေ ဘယ်ကိုမှ လျောက်မလည်နဲ့ ကြားလား လက်ဖက်တွေ လှမ်းထားတယ် သေချာစောင့်ကြည့်ထား ဖေဖေ တစ်နေ့ လုံးလက်ဖက်ခင်းထဲမှာ ရှိမှာ "

ဖိုးမောင် ။ ..... ။" ဟုတ် ကဲ့ပါ ဖေဖေ "
ပါးစပ်က သာပြောလိုက်ရပေမယ့် စိတ်ကတော့ သူငယ်ချင်းတွေ နဲ့ ရေကူးဖို့ ချိန်းထားတဲ့ ချောင်းစပ်ကို ရောက်နေပြီ ဖြစ်သည် ။

ဘယ်လိုမှ ကြံမရသည့်နောက်ဆုံး ငုတ်တုတ်ထိုင်လျက် လက်ဖက်လှမ်းထားသည်ကို လှမ်းကြည့်နေလိုက်သည် ။
အချိန်ရောက်တော့ မောင်မောင် တို အဖွဲတွေ ရောက်လာကြပြီ ဖြစ်သည် ။

" ဟေ့ ဖိုးမောင်ရေ သွားစို့ ဟေ့ "
" မင်းတို့ ဘဲ သွားကြပါတော့ကွာ ငါဒီမှာ လက်ဖက်လှမ်းထားတာ အစောင့်ကြနေတယ် "
" ဟားးး မင်းက လည်းထားခဲ့လိုက်ပါ ဘာဖြစ်တာမှတ်လို့  "

ဖိုးမောင် ခုန လောက် ငြိမ်နေလိုက်ပြီး
" အေးကွာ လိုက်မယ် " ဟုဆိုကာ
ပုဆိုးတစ်ထည်ဆွဲလျက် ချိန်းထားသည့်နေရာသို့ ထွက်လာ ခဲ့သည် ။
--------------------------
ရုတ်တရက် မီးစနှင့်ထိုးသလို ခံစားလိုက်သောကြောင့်ဖိုးမောင် ကမ်းစပ်သို့ အမြန်ကူးတက်လာခဲ့သည် ။
" ဟာ ငါ ပုလင်းကွဲးစူးပြီဟေ့ ;;;;; "
သူငယ်ချင်း များအားလုံး ဖိုးမောင်နားရောက်လာကာ ဘာလုပ်ရမှန်းမသိ သဖြင့် ၀ိုင်းအုံကြည့်နေကြသည် ။

ထိုအချိန်တွင်
" ဖိုးမောင်းးးးးးးးးးးးးး "
ဟူသော ကြယ်လောင်လှသော အော်သံကြောင့် ကျွန်တော် လိပ်ပြာလွင့်မတတ် ထိတ်လန့် သွားသည် ။
" ဟင် ဖေဖေ "
ဖေဖေက ဘေးမှာရှိသော ခြံတိုင်ကို ဆွဲးကိုင်လျက် ကျွန်တော်တင်ပါးနှင့် ခြေသလုံးတို့ အား စိတ်ရှိလက်ရှိ ရိုက်နေတော့သည် ။
ခြံတိုင်ကျိုးသွားမှ အရိုက်ရပ်လျက် ဘာမှ မပြောဘဲ လှည့်ထွက်သွားသည် ။

ရက်စက်လိုက်တာ ဖေဖေရာ ပုလုံးကွဲးစူးလို့ ခြေထောက်နာနေသည့် အပြင်
လက်ဆကောင်းသော ဖေဖေရိုက်ချက်ကြောင့် ကျွန်တော် တော်တော် နှင့်မထနိုင်ချေ ။ သူငယ်ချင်းများ၏ တွဲးထူမူ့ ကြောင့် အိမ်သို့ ရောက်လာခဲ့ခြင်း ဖြစ်သည် ။
--------------------------
အတော်ကြာအောင် စဉ်းစားပြီးပြီဖြစ်သောကြောင့် မျက်ဝန်းမှ ကျဆင်းလျက်ရှိသော မျက်ရည်စများအား လက်ဖမိုးဖြင့် ဖယ်ထုတ်လျက် အနည်းငယ်သာရှိသော ကျွန်တော် အ၀တ်တို့ အား အိပ်တစ်ခုတည်းသို့ ထိုးထည့်လိုက်သည် ။

ကျွန်တော် မွေးကတည်းက အခု ၇ နှစ်သားရောက်သည်ထိနေခဲ့သော အိမ်ဟောင်းလေး အားနောက်ဆုံးအနေဖြင့် အချိန်တော်ကြာသည်ထိ နူတ်ဆက်နေမိသည် ။

" ခွေး ရူ့းးးးးးးးးး ခွေး ရူး ဗျို့  ;;;;;; "
ကြယ်လောင်လှသော အော်သံကြောင့် ရွာလည်ထိရောက်နေပြီဖြစ်သော ကျွန်တော် ဘာဆက်လုပ်ရမည်မသိဖြစ်သွားသည် ။
" ဟင် ငါရှေ့တည်တည့်မှားးး ;;;; "
ပြေးဖို့ ရာလည်းမစွမ်းသာသောကြောင့် ကျွန်တော်အလွန်အမင်းထိတ်လန့် သွားသည် ။

ထိုအချိန်တွင်
" သားးး " ဟူသော အော်သံနှင့် ဖေဖေသည် ကျွန်တော့်အား ချီလျက်ထွက်ပြေးရန် ကြိုးစားသည် ။
သို့ သော် ၊ သို့ ပါသော်လည်း အလွန်နီးကပ်နေပြီဖြစ်သောကြောင့် လွတ်အောင်ပြေးဖို့ ရာကာ မစွမ်းသာခြေ ။

ဖေဖေ ခြေသလုံးများးးး ဖေဖေ ပုဆိုး တို့ မှာ သွေးခြင်းနီလျက် ၊
ဖေဖေ သည် အသဲခိုက်လုပ်မတတ်နာကျင်နေသော်လည်း ကျွန်တော့်အား အောက်သို့ မကျစေရန် တင်းကျပ်စွာ ဖက်ထားသည် ။
" အားးး အားးးးးးး "
ဖေဖေ နာကျင်စွာခံစားနေရသည်ကို မမြင်ချင်ဘဲ မြင်တွေ့ နေရသည်

" ဖေဖေ ကျွန်တော်ကို အောက်ကို ချပေးပါ ကျေးဇူးပြုလို့ အောက်ချပေးပါ
အီးးးးးးး ဖေဖေ လွတ်အောင်ဘဲ ပြေးပါနော် ;;; နော် ဖေဖေ "
" ဘယ်ဖြစ်မလဲ ဖေဖေက ဖေဖေ့ သားကို အရမ်းချစ်တာလေ "

" ချပေးပါ ဖေဖေ ကျွန်တော် တောင်းပန်ပါတယ် အီးးးး ဖေဖေ ခြေထောက်ပြတ်တော့မယ် "
" ဂရူမစိုက်ဘူး ခြေထောက်ပြတ်သွားရင် ဖေဖေ မှာ လက်နှစ်ဖက်ရှိသေးတယ် ဖေဖေ သားကို ဒီကောင်ကြီးမကိုက်အောင် ဖေဖေ လက်နှစ်ဖက်နဲ့ မြောက်ထားမှာပေါ့ " တဲ့လေ

ခုနကြတော့ ရွာသားများသည် ကျွန်တော်တို့ အဖြစ်အားမြင်သောကြောင့် ဖေဖေအားကိုက်နေသော ခွေးရူးအား ရိုက်သတ်လိုက်ကြသည် ။
-------------------------------------
ဖေဖေ ကို ဆေးရူံပို့ ခါနီး ဖေဖေ ပြောလိုက်သော စကားတစ်ခွန်းကြောင့် ကျွန်တော် ဦးနောက်များ ချာချာ လည်ထွက်သွားရသည် ။

" ဖေဖေ့သားကို စိတ်မချလို့ သားအိမ်က ကတည်းက ဖေဖေ အနောက်ကနေ လိုက်နေတာ ။ အမှန်တော့ ဒီလက်ဖက်ခြောက်တွေ ရောင်းရရင် သားကိုရှင်ပြူပေးမလို့လေ " တဲ့လေ

ဒီတစ်ခါ ခွေးရူးက တော့ ကျွန်တော်ကိုယ်တိုင်ပင်ဖြစ်သွားခဲ့သည် ။
မြေပေါ်မှာ တစစီပြန်ကျဲနေသော လက်ဖက်ခြောက် များအား ဆုပ်ကိုင်လျက်
" အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး "

Written by ကောင်လေး