1 2 3 4 5 အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Saturday, 2 March 2013




( 1999 ခုနှစ် အဖြစ်ပျက်တစ်ခု အား အခြေခံကာရေးသားသည် )
ဖေဖေ ။ ...... ။ " သားး ဒီနေ့ အိမ်မှာနေ ဘယ်ကိုမှ လျောက်မလည်နဲ့ ကြားလား လက်ဖက်တွေ လှမ်းထားတယ် သေချာစောင့်ကြည့်ထား ဖေဖေ တစ်နေ့ လုံးလက်ဖက်ခင်းထဲမှာ ရှိမှာ "

ဖိုးမောင် ။ ..... ။" ဟုတ် ကဲ့ပါ ဖေဖေ "
ပါးစပ်က သာပြောလိုက်ရပေမယ့် စိတ်ကတော့ သူငယ်ချင်းတွေ နဲ့ ရေကူးဖို့ ချိန်းထားတဲ့ ချောင်းစပ်ကို ရောက်နေပြီ ဖြစ်သည် ။

ဘယ်လိုမှ ကြံမရသည့်နောက်ဆုံး ငုတ်တုတ်ထိုင်လျက် လက်ဖက်လှမ်းထားသည်ကို လှမ်းကြည့်နေလိုက်သည် ။
အချိန်ရောက်တော့ မောင်မောင် တို အဖွဲတွေ ရောက်လာကြပြီ ဖြစ်သည် ။

" ဟေ့ ဖိုးမောင်ရေ သွားစို့ ဟေ့ "
" မင်းတို့ ဘဲ သွားကြပါတော့ကွာ ငါဒီမှာ လက်ဖက်လှမ်းထားတာ အစောင့်ကြနေတယ် "
" ဟားးး မင်းက လည်းထားခဲ့လိုက်ပါ ဘာဖြစ်တာမှတ်လို့  "

ဖိုးမောင် ခုန လောက် ငြိမ်နေလိုက်ပြီး
" အေးကွာ လိုက်မယ် " ဟုဆိုကာ
ပုဆိုးတစ်ထည်ဆွဲလျက် ချိန်းထားသည့်နေရာသို့ ထွက်လာ ခဲ့သည် ။
--------------------------
ရုတ်တရက် မီးစနှင့်ထိုးသလို ခံစားလိုက်သောကြောင့်ဖိုးမောင် ကမ်းစပ်သို့ အမြန်ကူးတက်လာခဲ့သည် ။
" ဟာ ငါ ပုလင်းကွဲးစူးပြီဟေ့ ;;;;; "
သူငယ်ချင်း များအားလုံး ဖိုးမောင်နားရောက်လာကာ ဘာလုပ်ရမှန်းမသိ သဖြင့် ၀ိုင်းအုံကြည့်နေကြသည် ။

ထိုအချိန်တွင်
" ဖိုးမောင်းးးးးးးးးးးးးး "
ဟူသော ကြယ်လောင်လှသော အော်သံကြောင့် ကျွန်တော် လိပ်ပြာလွင့်မတတ် ထိတ်လန့် သွားသည် ။
" ဟင် ဖေဖေ "
ဖေဖေက ဘေးမှာရှိသော ခြံတိုင်ကို ဆွဲးကိုင်လျက် ကျွန်တော်တင်ပါးနှင့် ခြေသလုံးတို့ အား စိတ်ရှိလက်ရှိ ရိုက်နေတော့သည် ။
ခြံတိုင်ကျိုးသွားမှ အရိုက်ရပ်လျက် ဘာမှ မပြောဘဲ လှည့်ထွက်သွားသည် ။

ရက်စက်လိုက်တာ ဖေဖေရာ ပုလုံးကွဲးစူးလို့ ခြေထောက်နာနေသည့် အပြင်
လက်ဆကောင်းသော ဖေဖေရိုက်ချက်ကြောင့် ကျွန်တော် တော်တော် နှင့်မထနိုင်ချေ ။ သူငယ်ချင်းများ၏ တွဲးထူမူ့ ကြောင့် အိမ်သို့ ရောက်လာခဲ့ခြင်း ဖြစ်သည် ။
--------------------------
အတော်ကြာအောင် စဉ်းစားပြီးပြီဖြစ်သောကြောင့် မျက်ဝန်းမှ ကျဆင်းလျက်ရှိသော မျက်ရည်စများအား လက်ဖမိုးဖြင့် ဖယ်ထုတ်လျက် အနည်းငယ်သာရှိသော ကျွန်တော် အ၀တ်တို့ အား အိပ်တစ်ခုတည်းသို့ ထိုးထည့်လိုက်သည် ။

ကျွန်တော် မွေးကတည်းက အခု ၇ နှစ်သားရောက်သည်ထိနေခဲ့သော အိမ်ဟောင်းလေး အားနောက်ဆုံးအနေဖြင့် အချိန်တော်ကြာသည်ထိ နူတ်ဆက်နေမိသည် ။

" ခွေး ရူ့းးးးးးးးးး ခွေး ရူး ဗျို့  ;;;;;; "
ကြယ်လောင်လှသော အော်သံကြောင့် ရွာလည်ထိရောက်နေပြီဖြစ်သော ကျွန်တော် ဘာဆက်လုပ်ရမည်မသိဖြစ်သွားသည် ။
" ဟင် ငါရှေ့တည်တည့်မှားးး ;;;; "
ပြေးဖို့ ရာလည်းမစွမ်းသာသောကြောင့် ကျွန်တော်အလွန်အမင်းထိတ်လန့် သွားသည် ။

ထိုအချိန်တွင်
" သားးး " ဟူသော အော်သံနှင့် ဖေဖေသည် ကျွန်တော့်အား ချီလျက်ထွက်ပြေးရန် ကြိုးစားသည် ။
သို့ သော် ၊ သို့ ပါသော်လည်း အလွန်နီးကပ်နေပြီဖြစ်သောကြောင့် လွတ်အောင်ပြေးဖို့ ရာကာ မစွမ်းသာခြေ ။

ဖေဖေ ခြေသလုံးများးးး ဖေဖေ ပုဆိုး တို့ မှာ သွေးခြင်းနီလျက် ၊
ဖေဖေ သည် အသဲခိုက်လုပ်မတတ်နာကျင်နေသော်လည်း ကျွန်တော့်အား အောက်သို့ မကျစေရန် တင်းကျပ်စွာ ဖက်ထားသည် ။
" အားးး အားးးးးးး "
ဖေဖေ နာကျင်စွာခံစားနေရသည်ကို မမြင်ချင်ဘဲ မြင်တွေ့ နေရသည်

" ဖေဖေ ကျွန်တော်ကို အောက်ကို ချပေးပါ ကျေးဇူးပြုလို့ အောက်ချပေးပါ
အီးးးးးးး ဖေဖေ လွတ်အောင်ဘဲ ပြေးပါနော် ;;; နော် ဖေဖေ "
" ဘယ်ဖြစ်မလဲ ဖေဖေက ဖေဖေ့ သားကို အရမ်းချစ်တာလေ "

" ချပေးပါ ဖေဖေ ကျွန်တော် တောင်းပန်ပါတယ် အီးးးး ဖေဖေ ခြေထောက်ပြတ်တော့မယ် "
" ဂရူမစိုက်ဘူး ခြေထောက်ပြတ်သွားရင် ဖေဖေ မှာ လက်နှစ်ဖက်ရှိသေးတယ် ဖေဖေ သားကို ဒီကောင်ကြီးမကိုက်အောင် ဖေဖေ လက်နှစ်ဖက်နဲ့ မြောက်ထားမှာပေါ့ " တဲ့လေ

ခုနကြတော့ ရွာသားများသည် ကျွန်တော်တို့ အဖြစ်အားမြင်သောကြောင့် ဖေဖေအားကိုက်နေသော ခွေးရူးအား ရိုက်သတ်လိုက်ကြသည် ။
-------------------------------------
ဖေဖေ ကို ဆေးရူံပို့ ခါနီး ဖေဖေ ပြောလိုက်သော စကားတစ်ခွန်းကြောင့် ကျွန်တော် ဦးနောက်များ ချာချာ လည်ထွက်သွားရသည် ။

" ဖေဖေ့သားကို စိတ်မချလို့ သားအိမ်က ကတည်းက ဖေဖေ အနောက်ကနေ လိုက်နေတာ ။ အမှန်တော့ ဒီလက်ဖက်ခြောက်တွေ ရောင်းရရင် သားကိုရှင်ပြူပေးမလို့လေ " တဲ့လေ

ဒီတစ်ခါ ခွေးရူးက တော့ ကျွန်တော်ကိုယ်တိုင်ပင်ဖြစ်သွားခဲ့သည် ။
မြေပေါ်မှာ တစစီပြန်ကျဲနေသော လက်ဖက်ခြောက် များအား ဆုပ်ကိုင်လျက်
" အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး "

Written by ကောင်လေး

No comments:

Post a Comment