1 2 3 4 5 အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Sunday, 17 March 2013

" မေတ္တာစောင်ခြုံ လုံပါပေ့ "

Photo: " မေတ္တာစောင်ခြုံ လုံပါပေ့ "
---------------------------
မနက်အိပ်ရာထစဉ်ချိန်လေးပေါ့ ,,
"  အဲး:;;;;  မေမေ .."
" ကျွတ်းးး ကျွတ်းးးးးးး  အိမ် ... အိပ်  သားလေးရေ  မေမေရှိတယ်  "
 
မေမေက ပြောပြောဆိုဆို ကျွန်တော့် နာဖူးလေး အားအသာအယာပွတ်လျက် ကျွန်တော့်အား တိုးတိုးလေး ချော့သိပ်နေသည် 
ခုန ကြာတော့မှ မေမေခြုံထားသောစောင်အား ကျွန်တော်ကို ထပ်ခြုံပေးပြီး ထမင်းချက်ထရန် အသာအယာလေး ထွက်သွားသည် ။ 

ခုနကြာတော့ ဖေဖေ အလုပ်သွားရန် ထတော့မည် ဖြစ်သည် ။ 
" အဲး;;;;; ဖေဖေ.... " 
" ကျွတ်းးး ကျွတ်းးးးးး အိပ်  အိပ်  သားလေးရေ စောသေးတယ် သိလားး "
 
ဖေဖေ က ပြောဆိုလျက် ကျွန်တော် ပါးပြင်နှနှအား အသာအယာနှမ်းလိုက်သည် .။ ခုန ကြာတော့မှ ဖေဖေ ခြုံနေကျစောင်အား ကျွန်တော်ကို ထပ်ပေးကာ အလုပ်သွားရန်ထသွားပြန်သည် ။ 

ဒီလိုနဲ့ ကျွန်တော် တရေးပြန်လည်အိပ်ပျော်သွားခဲ့ပြန်သည် ။ 

ငယ်တုန်းက ဖေဖေ ရော မေမေပါခြုံပေးခဲ့သော မေတ္တာစောင်အောက်တွင် နွေးနွေးထွေးထွေးနဲ့ အိပ်စက်ခဲရသည်ကို အောက်မေ့သတိရလှစွာဖြင့် ရေးသားထားခြင်းဖြစ်သည် ။

Written by ကောင်လေး

မြန်မာ့ယဉ်ကျေးမူ့ကိုတန်ဖိုးထားသူများ 
( http://www.facebook.com/myanmarnationalvalues?ref=stream)

No comments:

Post a Comment