1 2 3 4 5 အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Sunday, 17 March 2013

သိလိုက်တဲ့အချိန်မှ.........ေ၀၀ါးနေပြီ

Photo: `ငါတို့ လမ်းခွဲကြရအောင်´ ကောင်မလေး က ပြောလိုက်တယ်။
`ကောင်းပြီလေ...နောက်ဆုံးအနေနဲ့ ငါတို့တွေ လက်ဆွဲနှုတ်ဆက်ကြရအောင်´

သူမ လက်ကမ်းပေးတယ်။
သူ က သူမ လက်ကို တင်းတင်းဆုတ်လိုက်တယ်။
သူ ရယ်ပြီး..
`နင့် လက်ကို ငါ့ လက်ထဲက ရုန်းထွက်နိုင်ရင် ငါတို့ လမ်းခွဲကြတာပေါ့´

သူမရုန်းတယ်။ အားနဲ့ ရုန်းတယ်။ နောက်ဆုံး သူမ ဒေါသထွက်လာပြီး
`ငါ့လက်တွေအရမ်းနာတယ် ဆိုတာ နင်မသိဘူးလား´

သူ က သူမ လက်ကို ချက်ခြင်း လွတ်ပေးလိုက်တယ်။ သူမ ရဲ့ မျက်လုံးတွေ
ကိုစိုက်ကြည့်ပြီး..

`နင့်ကို ငါ...ချစ်တယ်... နင်နာကျင်အောင် ငါဘယ်လုပ်ရက်ပါ့မလဲ´

ပြောပြီးတာနဲ့ သူ...သူမ ကို ကျောခိုင်းထွက်သွားတယ်။
သူမ နားလည်လိုက်ပါပြီ။ သူမ အသံကျယ်ကျယ်နဲ့အော်မိတယ်။

`ငါ..မှားတယ်... ငါတို့ လမ်းမခွဲတော့ဘူး...´

သူ...နောက်လှည့်ပြီး သူမ ကိုပြောလိုက်တယ်။
`ငါ...နင့်လက်တွေကို ခုလေးတင် လွတ်ပေးလိုက်ပြီလေ၊ ငါကတိတည်တဲ့ သူဆိုတာ
နင် မေ့နေပြီလား´

သူမ မျက်လုံးထဲမှာ...သူ တဖြည်းဖြည်း...၀ိုးတ၀ါး..ပျောက်ဆုံး။     ။
`ငါတို့ လမ်းခွဲကြရအောင်´ ကောင်မလေး က ပြောလိုက်တယ်။

သိုးငယ်

No comments:

Post a Comment