အခု အလုပ်မှာ မနက်စာ မစားဖြစ်တော့တဲ့အခါ
အိမ်မှာ မနက်စောစောချိန် အမေဗိုက်ဆာလှပြီဗျာ ဟု ဂျီတိုက်ခဲ့မိတာကို တွေးရင်း နှောင်တရနေမိပြီ မေမေ
အခု အလုပ်မှာ နေတိုင်းနီးနီးဒီဟင်းဘဲစားနေရတဲ့ခါ
အိမ်မှာ ထမင်းစားတဲ့ချိန် အမေကလည်း ဒီဟင်းကြီးဘဲဗျာဟု
ညည်းညူမိခဲ့တာကို တွေးရင်း မျက်ရည်ကျနေရပြီ မေမေ
ဒါပေမယ့် မေမေ
အခု ညနေ မေမေ့ကို သတိရလို့ ဖုန်းဆက်တဲ့ခါ
မေမေက " သားး ဟင်းကောင်းကောင်းစားရဲ့ လားလို့ မေးခဲ့တာကို "
နူတ်ခမ်းဝက ခေါက်ဆွဲးပြုပ်ဖတ်ကို ဖယ်ရင်း နဲ့ 
" သား ဟင်းကောင်းကောင်းနဲ့ စားနေပါတယ် " လို့ 
လိမ့်ခဲ့မိတာကိုတော့ သားနှောင်တမရချင်ဘူး မေမေ ...
မေမေက သားးး မေမေ့သားလေး နေကောင်းလား လို့ မေးခဲ့တာကို
ညနေ သောက်ဖို့ ဆေးထုပ်ကို ရှာရင်းနဲ့ 
" သား အရမ်းကို ၀လာတယ် မေမေ " လို့ 
လိမ်ခဲ့မိတာကိုတော့ သားမျက်ရည်မကျချင်ဘူး မေမေ ...
Written by ကောင်လေး
မြန်မာ့ယဉ်ကျေးမူ့ ကိုတန်ဖိုးထားသူများ

No comments:
Post a Comment